/
news/ကလေးများနှင့်ကျန်းမာရေး/ဝက်သက်ပေါက်ခဲ့ရင်

ဝက်သက်ပေါက်ခဲ့ရင် ...

Category
ကလေးများနှင့်ကျန်းမာရေး

         ဝက်သက်ဆိုတာ နှာချေ၊ ချောင်းဆိုးရုံနဲ့ ကူးလွယ်တဲ့ရောဂါတစ်မျိုးဖြစ်ပါ။  ဖြစ်ဖြစ်ချင်းမှာ အဖျားကြီး၊ ချောင်းဆိုး၊ နှာရည်ကျ၊ မျက်လုံးရောင်ပြီး ၃ ရက်ကနေ ၅ ရက်လောက် အတွင်းမှာ တစ်ကိုယ်လုံး အနီရောင်အစက်တွေ ထွက်လာတတ်တယ်။

          ဝက်သက်ကို ကုသဖို့နည်းလမ်း မရှိတာကြောင့် မကူးစက်အောင် ကာကွယ်ဖို့ အရေးကြီးတယ်။ အထူးသဖြင့် ကာကွယ်ဆေး မထိုးရသေးသူတွေမှာ ဖြစ်တတ်တာကြောင့် ဝက်သက်ပေါက်နေသူနဲ့ ထိတွေ့မိတာနဲ့ ကာကွယ်ဆေးပြေးထိုးဖို့ လိုတယ်နော်။

          ဝက်သက်ဟာ အရမ်းနာတတ်ပြီး ဖျားနာ၊ ချောင်းဆိုးတတ်တာကြောင့် ဒီအတောအတွင်း လက္ခဏာတွေ သက်သာအောင် လုပ်ဖို့လိုတယ်။

 

>>    အဖျားကျအောင်

          အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ acetaminophen,  ibuprofen စသဖြင့် သောက်လို့ရတယ်။ ဒါပေမဲ့ ကလေးကို အက်စပရင်တော့ လုံးဝသွားမတိုက်နဲ့နော်။ အသည်းနဲ့ ဦးနှောက်ကို ထိခိုက်နိုင်တယ်။

 

>>    ရေဓာတ်ပြည့်ဝအောင်

          ရေဓာတ်ခမ်းခြောက်တာက လက္ခဏာတွေကို ပိုဆိုးစေနိုင်တာကြောင့် ရေများများသောက်ဖို့ လိုတယ်။

          အအေးမိ တုပ်ကွေးပျောက်ဆေးတွေ သောက်လို့ မထူးပါဘူးနော်။

 

>>    ဝက်သက်ရဲ့ ကြောက်စရာဘေး

          အသက် ၅ နှစ်အောက် ကလေးတွေနဲ့ အသက် ၂၀ အထက် လူကြီးတွေမှာ ဝက်သက်ရဲ့ ကြောက်စရာဘေးတွေ ခံရတတ်ပါတယ်။ ဦးနှောက်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ဝမ်းလျှောခြင်း၊ တက်ခြင်း၊ အကြားအာရုံ ချို့ယွင်းခြင်း၊ နားပိုးဝင်ခြင်း စတဲ့ နောက်ဆက်တွဲတွေကို ခံစားရတတ်တယ်။

          ဒါကြောင့် ဝက်သက်ရောဂါဖြစ်လာရင် -

●        ဝက်သက်ပေါက်ပေါက်ခြင်း ၇၂ နာရီအတွင်းမှာ ဝက်သက်ကာကွယ်ဆေး သွားထိုးနိုင်ရင် ရောဂါဖြစ်ချိန်ကို တိုတောင်းစေနိုင်တယ်။

●        ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအသောက်တွေ များများစားပေးဖို့ လိုတယ်။

●        အဖျားကျဆေးသောက်ဖို့ လိုတယ်။

●        နွေးထွေးတဲ့အခန်းထဲမှာ ကောင်းကောင်းအနားယူပြီး ပရိုတင်းနဲ့ အသီးအရွက်တွေ စားပေးပါ။

●        ဝက်သက်ဟာ အရမ်းကူးလွယ်လို့ ပစ္စည်းတွေ ဝေမျှသုံးတာမျိုး ရှောင်ပေးပါ။ အဆီအဆိမ့် အစပ်တွေ မစားရင် ပိုကောင်းတယ်။

●        ကလေးမှာ ဝက်သက်ပေါက်ရင် ချက်ချင်းဆရာဝန်နဲ့ ပြပါ။ နား လေးသွားတာ၊ တက်တာ၊ မျက်လုံး ကန်းသွားတာ၊ ကြီးထွားမှု နှောင့်နှေးတာတွေ ဖြစ်တတ်တယ်။

●        အဖျားကြီးပြီး လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အဖြူအစက်ကလေးတွေနဲ့ အပြာရောင်အဆံလေးတွေ တွေ့တာဟာ ဝက်သက်ပေါက်ဖို့ အစပျိုးတာမို့ မပေါ့ပါနဲ့။

●        အခန်းထဲမှာနေပြီး ပစ္စည်းတွေ ဝေမျှမသုံးပါနဲ့။ တစ်ပတ်လောက်တော့ အနည်းဆုံး လူထူထူကို ရှောင်ပေးပါ။

●        ကိုယ်ဝန်ဆောင်တုန်း ဝက်သက်ပေါက်ရင်လည်း မပေါ့ဆပါနဲ့။ ဆရာဝန်နဲ့ပြပြီး ကာကွယ်ဆေးထိုးဖို့ လိုတယ်။ ဒါပေမဲ့ ဝက်သက်ကတော့ ဗိုက်ထဲက ကလေးကို ဘာဒုက္ခမှ မပေးတတ်ဘူး။

Dr. Mya Phoo Ngon (www.drmyanmar.com)