ဝမ်းသွားနေတဲ့ကလေးကို ဘာတွေကျွေးမလဲ
>> အသက် ၃ လမှ ၁၂ လ အရွယ်ကလေးငယ်များ
● ကလေးအန်နေရင်တောင်မှ နို့ဘူး (သို့) မိခင်နို့ ဆက်တိုက်ပါ။ ဓာတ်ဆားရည်လည်း တိုက်နိုင်ပါတယ်။
>> အသက် ၆-၁၂ လအရွယ် ကလေးငယ်များအတွက် အစားအစာနမူနာများ
● ကလေး ပုံမှန်စားလေ့ရှိတဲ့ အစားအစာတွေ ကျွေးပါ - ကောက်ပဲသီးနှံ၊ ပေါင်မုန့်၊ ဆန်၊ အာလူး၊ အဆီမပါသောအသား၊ ဥအနှစ်၊ ဒိန်ချဉ်၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ။ ကလေးက အစားလည်းစား၊ နို့လည်းစို့တယ်ဆိုရင် မြန်မြန်ပြန်ကောင်းလာမှာပါ။
● ကလေးက ခွက်နဲ့ သောက်တတ်နေပြီဆိုရင် အစာနဲ့အတူ ရေ 60-90 mL (2-3 အောင်စ) တိုက်ပေးပါ။ ရေတိုက်တာက နို့စို့တဲ့ပမာဏကိုတော့ အစားထိုးမသွားပါစေနဲ့။
>> အသက် ၁၂ လအထက် ကလေးများအတွက် အရည်နမူနာများ
● နို့၊ စွပ်ပြုတ်၊ ရေနှစ်ဆ သစ်သီးတစ်ဆ ပါဝင်သော သစ်သီးဖျော်ရည်များ၊ ကလေးက တခြားအရည်တွေ မသောက်ဘူးဆိုရင် ဓာတ်ဆားရည် တိုက်နိုင်ပါတယ်။
● သကြားပါဝင်မှုများတဲ့အတွက် အထက်ပါအချိုးအစားအတိုင်း ဖျော်ထားတဲ့ သစ်သီးဖျော်ရည်ကို 125 mL (ခွက်တစ်ဝက်) ထက် ပိုမတိုက်ပါနဲ့။
Ceelin Plus 1

>> အသက် ၁၂ လအထက် ကလေးငယ်များအတွက် အစားအစာနမူနာများ
● ကလေး စားနေကျ အစားအစာတွေ ကျွေးပါ။ စွတ်ပြုတ်၊ ပေါင်မုန့်၊ ထမင်း၊ ခရက်ကာ၊ အာလူး၊ အဆီမပါသောအသား၊ နို့၊ ဥ၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ။ ဒီအစားအစာတွေကို ဘယ်လောက်စားရမယ်လို့ ကန့်သတ်စရာ မလိုပါဘူး။
● ကလေးကို ဒီအစားအစာတွေနဲ့အတူ ရေ 60-90 mL ( 2-3 အောင်စ) တိုက်ပါ။
>> ကလေးကို မကျွေးသင့်သော အစားအစာများ
● သကြားပါဝင်မှုများသော အစားအစာများနှင့် အရည်များ (ဥပမာ - သကြားလုံး၊ ဂျယ်လီ၊ စုပ်လုံး၊ ရေမရောထားသော သစ်သီးဖျော်ရည်များ၊ သကြားထည့်ထားသော လက်ဖက်ရည်)
● အဆီများသော အစားအစာများ အထူးသဖြင့် ကလေး အန်နေလျှင် ( အာလူးကြော်)
● Pedialyte, Gastrolyte စတဲ့ကလေးဓာတ်ဆားရည်တွေက အားအပြည့်မှ ကောင်းကောင်း အကျိုးသက်ရောက်မှုရှိတဲ့အတွက် ဒါတွေကို ရေမရောပါနဲ့။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Ceelin Plus 2

(Zawgyi)
>> အသက္ ၃ လမွ ၁၂ လ အရြယ္ကေလးငယ္မ်ား
● ကေလးအန္ေနရင္ေတာင္မွ ႏို႔ဘူး (သို႔) မိခင္ႏို႔ ဆက္တိုက္ပါ။ ဓာတ္ဆားရည္လည္း တိုက္ႏိုင္ပါတယ္။
>> အသက္ ၆-၁၂ လအရြယ္ ကေလးငယ္မ်ားအတြက္ အစားအစာနမူနာမ်ား
● ကေလး ပုံမွန္စားေလ့ရွိတဲ့ အစားအစာေတြ ေကြၽးပါ - ေကာက္ပဲသီးႏွံ၊ ေပါင္မုန႔္၊ ဆန္၊ အာလူး၊ အဆီမပါေသာအသား၊ ဥအႏွစ္၊ ဒိန္ခ်ဥ္၊ သစ္သီးမ်ားႏွင့္ ဟင္းသီးဟင္း႐ြက္မ်ား။ ကေလးက အစားလည္းစား၊ ႏို႔လည္းစို႔တယ္ဆိုရင္ ျမန္ျမန္ျပန္ေကာင္းလာမွာပါ။
● ကေလးက ခြက္နဲ႔ ေသာက္တတ္ေနၿပီဆိုရင္ အစာနဲ႔အတူ ေရ 60-90 mL (2-3 ေအာင္စ) တိုက္ေပးပါ။ ေရတိုက္တာက ႏို႔စို႔တဲ့ပမာဏကိုေတာ့ အစားထိုးမသြားပါေစနဲ႔။
>> အသက္ ၁၂ လအထက္ ကေလးမ်ားအတြက္ အရည္နမူနာမ်ား
● ႏို႔၊ စြပ္ျပဳတ္၊ ေရႏွစ္ဆ သစ္သီးတစ္ဆ ပါဝင္ေသာ သစ္သီးေဖ်ာ္ရည္မ်ား၊ ကေလးက တျခားအရည္ေတြ မေသာက္ဘူးဆိုရင္ ဓာတ္ဆားရည္ တိုက္ႏိုင္ပါတယ္။
● သၾကားပါဝင္မႈမ်ားတဲ့အတြက္ အထက္ပါအခ်ိဳးအစားအတိုင္း ေဖ်ာ္ထားတဲ့ သစ္သီးေဖ်ာ္ရည္ကို 125 mL (ခြက္တစ္ဝက္) ထက္ ပိုမတိုက္ပါနဲ႔။
>> အသက္ ၁၂ လအထက္ ကေလးငယ္မ်ားအတြက္ အစားအစာနမူနာမ်ား
● ကေလး စားေနက် အစားအစာေတြ ေကြၽးပါ။ စြတ္ျပဳတ္၊ ေပါင္မုန႔္၊ ထမင္း၊ ခရက္ကာ၊ အာလူး၊ အဆီမပါေသာအသား၊ ႏို႔၊ ဥ၊ ဒိန္ခဲ၊ ဒိန္ခ်ဥ္၊ သစ္သီးႏွင့္ ဟင္းသီးဟင္းရြက္မ်ား။ ဒီအစားအစာေတြကို ဘယ္ေလာက္စားရမယ္လို႔ ကန႔္သတ္စရာ မလိုပါဘူး။
● ကေလးကို ဒီအစားအစာေတြနဲ႔အတူ ေရ 60-90 mL ( 2-3 ေအာင္စ) တိုက္ပါ။
>> ကေလးကို မေကြၽးသင့္ေသာ အစားအစာမ်ား
● သၾကားပါဝင္မႈမ်ားေသာ အစားအစာမ်ားႏွင့္ အရည္မ်ား (ဥပမာ - သၾကားလုံး၊ ဂ်ယ္လီ၊ စုပ္လုံး၊ ေရမေရာထားေသာ သစ္သီးေဖ်ာ္ရည္မ်ား၊ သၾကားထည့္ထားေသာ လက္ဖက္ရည္)
● အဆီမ်ားေသာ အစားအစာမ်ား အထူးသျဖင့္ ကေလး အန္ေနလွ်င္ ( အာလူးေၾကာ္)
● Pedialyte, Gastrolyte စတဲ့ကေလးဓာတ္ဆားရည္ေတြက အားအျပည့္မွ ေကာင္းေကာင္း အက်ိဳးသက္ေရာက္မႈရွိတဲ့အတြက္ ဒါေတြကို ေရမေရာပါနဲ႔။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























