သတိထားရမယ့် ကြက်ညှာချောင်းဆိုး
ကလေးကတစ်ပတ်ကျော်ကြာအောင်ချောင်းဆိုးနေပြီးတစ်ခါတစ်လေမှာဆိုရင် ချောင်းအခါ ၂၀ လောက်ဆိုးပြီးမှ အသက်တစ်ကြိမ်လောက်ပဲရှူတာမျိုး၊ ချောင်းဆိုးတဲ့တစ်ကြိမ်နဲ့တစ်ကြိမ်ကြားထဲမှာ အသက်ရှူရခက်လာတယ်ပြီးတော့ ကလေးအသက်ရှူသွင်းတဲ့အချိန်မှာ ထူးဆန်းတဲ့အသံအစ်အစ်ကြားရတယ်ဆိုရင် ဒါကကြက်ညှာချောင်းဆိုးပဲဖြစ်ပါတယ်။
Ceelin 1
>> ကြက်ညှာချောင်းဆိုးဘာကြောင့်ဖြစ်ရသလဲ
Pertussis လို့ခေါ်တဲ့ဘက်တီးရီးယားပိုးတစ်မျိုးက အသက်ရှူလမ်းကြောင်းနံရံကိုတိုက်ခိုက်တယ် ပြီးတော့အသက်ရှူလမ်းကြောင်းရောင်လာကာ လမ်းကြောင်းကျဉ်းသွားပြီး တစ်ခါတစ်လေမှာ လေဝင်ပေါက်ကိုတောင်ပိတ်ဆို့သွားစေပါတယ်။ ကြက်ညှာချောင်းဆိုးအတွက် ကာကွယ်ဆေးအပြည့်မထိုးထားတဲ့ကလေးတွေမှာ ဖြစ်နိုင်ချေများပါတယ်။ ကလေးငယ်ငယ်တွေမှာ အန္တရာယ်အကြီးဆုံးပါ။ အသက် ၆ လအောက်ကလေးတွေရဲ့အဆုတ်က ကြက်ညှာချောင်းဆိုးမှာဖြစ်လေ့ရှိတဲ့အသံမျိုးထွက်နိုင်တဲ့အထိ မသန်မာသေးတဲ့အတွက် မိဘတွေအနေနဲ့ရောဂါကို ခန့်မှန်းရခက်ပါတယ်။ အဲဒီအစားကလေးငယ်တွေက အဆက်မပြတ်ချောင်းဆိုးပြီး အသံမထွက်တော့တာ (သို့) အန်ထွက်တာမျိုးတွေဖြစ်ပြီး အသက်ရှူခဏရပ်သွားကာ အောက်ဆီဂျင်မရှိတော့တဲ့အတွက် နှုတ်ခမ်းတွေပြာလာတတ်ပါတယ်။
Ceelin 2
>> ကိုယ့်ကလေးဒီလိုမျိုးကြုံရပြီဆိုရင် ဘယ်လိုလုပ်ရမလဲ
မိမိကလေးမှာ ကြက်ညှာချောင်းဆိုးဖြစ်တယ်လို့ သံသယရှိပါက နီးစပ်ရာဆေးရုံဆေးခန်း၊ ကျန်းမာရေးဌာနကို ချက်ချင်းသွားပါ။ အသက် ၆ လအောက်ကလေးတွေဆိုရင် ဆေးရုံတင်ဖို့လိုအပ်ပါတယ်။ သတိထားရမယ့်အချက်က ကြက်ညှာချောင်းဆိုးက ကူစက်မှုမြင့်မားတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ကာကွယ်ဆေးထိုးပြီး ၅ နှစ်လောက်ကြာရင် ဒီရောဂါကိုခုခံအားစပြီးကျလာပါတယ်။ ပိုးသတ်ဆေးစောစောပေးနိုင်တယ်ဆိုရင် ပိုးသတ်ဆေးစပြီး ၅ ရက်လောက်အကြာမှာ ရောဂါပိုးလုံးဝကင်းစင်သွားပါတယ်။ ဒါပေမယ့် ကလေးမှာချောင်းဆိုးကတော့ လအတော်ကြာအောင်ဆက်ရှိနေပြီး တခြားအသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ရင်လည်း ချောင်းပြန်ဆိုးနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























