သတိပြုသင့်သောကလေးငယ်ရဲ့ ၀မ်းအရောင်
ကလေးငယ်များရဲ့ ၀မ်းအရောင်၊ အနံ့၊ အပျော့ အမာ၊ပမာဏပြောင်းလဲမှုတွေဟာများသောအားဖြင့် အစားအစာပြောင်းလဲမှုပေါ်မှာမူတည်ပါတယ်။ တခါတရံမှာတော့ သောက်သုံးနေတဲ့ ဆေးဝါးကြောင့်လည်း ၀မ်းအရောင်ပြောင်းလဲနိုင်ပါတယ်။
အဝါရောင်တောက်တောက်ရှိတဲ့၀မ်း
မိခင်နို့သောက်တဲ့ ကလေးတွေရဲ့ ၀မ်းအရောင်ဟာ များသောအားဖြင့် အဝါရောင်တောက်တောက် ဖြစ်နေ တတ်ပါတယ်။ တခါတရံမှာ ၀မ်းကအရည်ကျဲကျဲနဲ့ အစိမ်းရောင်ဖြစ်နေပေမဲ့ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ ကလေးကြီးတွေရဲ့ ၀မ်းအရောင်က အစိမ်းရောင်ဖြစ်နေပြီး အရည်ကျဲကျဲတွေသွားနေရင်တော့ ဆရာ၀န်နှင့် ပြသ သင့်ပါတယ်။ အစာအိမ်နှင့် အူလမ်းကြောင်းရောင်ရမ်းတာကြောင့် ဖြစ်နိုင်ပါတယ်။ နို့ဘူးသောက်နေတဲ့ ကလေးတွေ ၀မ်းအစိမ်းရောင်သွားပါက ဆရာ၀န်နှင့်ပြသသင့်ပါတယ်။
အဖြူရောင်ရှိတဲ့၀မ်း
အဖြူရောင်ရှိတဲ့၀မ်းဟာ သည်းခြေပြွန် ပိတ်ဆို့ခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ၀မ်းဟာ အပုပ်န့ံ ရှိတယ်ဆိုရင်တော့ ကလေးငယ်မှာအာဟာရတွေကိုကောင်းစွာစုပ်ယူခြင်းရှိ၊ မရှိဆရာ၀န်နဲ့ ပြသပြီး စစ်ဆေးသင့်ပါတယ်။ ဆီးအရောင်ရင့်ခြင်း၊ ၀မ်းအရောင်ဖျော့ခြင်း၊ အသားဝါခြင်းစတဲ့ လက္ခဏာတွေ့ရှိပါက အသည်းရောင်ခြင်း ဖြစ်နိုင်တာမို့လို့ သတိပြုသင့်ပါတယ်။
အနီရောင်ရှိတဲ့၀မ်း
၀မ်းချုပ်နေချိန်တွင် ညစ်အားကြောင့် ကလေးငယ်ရဲ့ ၀မ်းထဲမှာသွေးစအနည်းငယ်ပါတာကိုတွေ့နိုင်ပါတယ်။ ဒါပေမဲ့ ၀မ်းထဲမှာသွေးရော၊ အကျိအချွဲပါ တွေ့နေရတယ်ဆိုရင်တော့ သတိပြုစရာအချက်ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံရခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။
၀မ်းကအနီရောင်ဂျယ်လီတုံး ပုံသဏ္႑ာန်ရှိနေယုံသာမက ဗိုက်အောင့်ခြင်း၊ အသားရောင်ဖျော့တော့ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရှိပါက ကလေးငယ်အားဘာမျှမကျေွးပါနှင့်။ ထို့နောက် ဆရာ၀န်နှင့် အမြန်ဆုံးပြသပါ။
Dr. Htet Htet Aung