/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီမီးတို့အတွက်-မှန်ကန်သော-ရွေးချယ်မှုဖြစ်စေဖို့-0

သားသားမီမီးတို့အတွက် မှန်ကန်သော ရွေးချယ်မှုဖြစ်စေဖို့

Category
ကလေးများနှင့်ကျန်းမာရေး

မေမေတွေအများစုက ကလေးတွေအတွက် ဈေးဝယ်တဲ့အချိန်မှာ အကောင်းဆုံးဆိုတာတွေကို ရွေးချယ်ပြီး ဝယ်ယူတတ်ကြပါတယ်။ ဒီလိုရွေးချယ်ရာမှာလည်း အဘက်ဘက်က ကောင်းမွန်တဲ့အရာတွေကို တွေးပြီး ရွေးချယ်တတ်ကြပါတယ်။ ဒါပေမဲ့ သူတို့ ဝယ်ယူလိုက်တာတွေက ကလေးတွေအတွက် အကောင်းဆုံးဖြစ်ရဲ့လားဆိုပြီး အမြဲစိုးရိမ်စိတ်ရှိတတ်ကြတယ်။ ဒါကြောင့် မေမေတွေအနေနဲ့ ကလေးတွေအတွက် အစားအသောက်တွေ ဝယ်ယူရာမှာ အာဟာရပြည့်ဝအောင် ဘယ်လိုရွေးချယ်ရမလဲဆိုတာကို အကြံပြုရေးသားလိုက်ပါတယ်။

DHA
DHA ဟာ ကလေးရဲ့ ဦးနှောက်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတွင် အဓိကကျသော အာဟာရတစ်ခုဖြစ်ပါတယ်။ DHA ရဲ့ အကျိုးကျေးဇူးတွေကတော့ -
●  ကလေးများရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတယ်။
●  ကလေးများရဲ့  မျက်လုံးကျန်းမာရေး နှင့် အမြင်အာရုံကို ပိုမိုကောင်းမွန်စေတယ်။
●  ADHD ကဲ့သို့သော Special need ကလေးများတွင် အာရုံစူးစိုက်မှု ပိုမိုအားကောင်းလာစေပါတယ်။
DHA ရရှိနိုင်မယ့် အစားအသောက်တွေကတော့ ဆယ်လ်မွန်ငါး နှင့် ငါးအမျိုးမျိုး၊ ကြက်ဥ၊ သစ်ကြားသီး၊ DHA ပြည့်ဝစွာပါဝင်သော ဒိန်ချဉ်၊ DHA ပြည့်ဝစွာပါဝင်သော ဖော်စပ်စာနဲ့ ဖော်မြူလာနို့တွေ ဖြစ်ပါတယ်။

Dugro IA 1

Fiber (အမျှင်ဓာတ်)
ကလေးတွေဟာ လူကြီးတွေထက် ဝမ်းချုပ်လွယ်ပါတယ်။ အကြောင်းကတော့ မိမိကိုယ်ကို ဝမ်းချုပ်နေမှန်း မသိ၊ မပြောတတ်ကြသောကြောင့် ဖြစ်ပါတယ်။ ဝမ်းချုပ်တာကြာလာတာနဲ့အမျှ စမျဉ်းတုံးများ မာလာပြီး ဝမ်းသွားစဉ်နာကျင်ခြင်းကို ခံစားရတတ်ပါတယ်။ နာလို့ ဝမ်းသွားရမှာကြောက်၊ ကြောက်လို့ အောင့်ထားရင်း စမျဉ်းက ပိုမာလာပြီး ဂျာအေးသူ့အမေရိုက်တော့တာပါပဲ။ ဒါကြောင့် ကလေး ဝမ်းသွားရ လွယ်ကူစေရန် အမျှင်ဓာတ်များသော အစားအသောက်များကို ကျွေးပေးရပါမယ်။
ကွေကာအုပ်၊ ပန်းသီး၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ ဌက်ပျောသီး၊ သစ်တော်သီး၊ ဂျုံကြမ်းပေါင်မုန့်၊ ဘယ်ရီသီးများဟာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာမို့ ဝမ်းသွားရ လွယ်ကူစေပါတယ်။

Vitamin A
Vitamin A ဟာ ကလေးများ အမြင်အာရုံဖွံ့ဖြိုးဖို့၊ အရေပြားကျန်းမာဖို့၊ ဆဲလ်အသစ်တွေဖြစ်ဖို့၊ ခုခံအားစနစ်ကို ကောင်းမွန်စေဖို့ များစွာအထောက်အပံ့ပေးပါတယ်။ အဆီမှာပျော်ဝင်သော ဗီတာမင်အမျိုးအစားဖြစ်ပြီး နာတာရှည်ရောဂါများ ဖြစ်ပွားမှုကို ဟန့်တားပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။ ဒါကြောင့် ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအသောက်ကို မိမိကလေးကို ကျွေးပေးဖို့ လိုအပ်ပါတယ်။
ငါးအမျိုးမျိုး၊ ကြက်ဥအနှစ်၊ နို့ နဲ့ နို့ထွက်ပစ္စည်းများ၊ အသည်း၊ အဝါရောင်၊ အနီရောင်၊ လိမ္မော်ရောင် ရှိတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်အေ ကြွယ်ဝစွာပါဝင်ပါတယ်။

Dugro IA 2

Vitamin E
မိမိကလေး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ဖြစ်နေဖို့ ရောဂါကင်းပြီး ကိုယ်ခံစွမ်းအားကောင်းမွန်နေဖို့ လိုပါတယ်။ ဗီတာမင်အီးဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးမယ့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့အပြင် သွေးကြောများကို ကောင်းစွာပွင့်စေတဲ့အတွက် ခန္ဓာကိုယ်တစ်လျှောက် သွေးလည်ပတ်မှုကောင်းစေပြီး ကိုယ်တွင်းကလီစာများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးမြှင့်ပေးပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ မိမိကလေးကို ပန်းဂေါ်ဖီစိမ်း၊ မက်မွန်သီး၊ နေကြာစေ့၊ သစ်ကြားစေ့ စတဲ့ အစေ့အဆံများ၊ ကွေကာ စသည့် ဗီတာမင်အီး ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို မကြာခဏ ကျွေးပေးသင့်ပါတယ်။

Iron
သံဓာတ်ဟာ သွေးနီဥရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်တဲ့ ဟေမိုဂလိုဘင်မှာ ပါဝင်ပါတယ်။ သွေးနီဥများဟာ အဆုတ်မှ အောက်စီဂျင်ကို တစ်ကိုယ်လုံးကို ပို့ဆောင်ပေးတာမို့ သံဓာတ်ချို့တဲ့နေပါက သွေးအားနည်းခြင်းကို ခံစားရမယ့်အပြင် အချိန်မီမဖြည့်နိုင်ပါက ကြီးထွားမှုနှောင့်နှေးခြင်း၊ သင်ယူလေ့လာရန်ခက်ခဲခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးကျန်းမာရေးအတွက် မေ့ထားလို့မရတဲ့ သံဓာတ် ပြည့်ဝနေစေဖို့ အမဲသား၊ ဝက်သားကဲ့သို့ အနီရောင်ရှိသောအသားများ၊ ပဲအမျိုးမျိုး၊ ငါး၊ ပုဇွန် စတဲ့ ရေထွက်အစားအစာများ၊ အစိမ်းရင့်ရောင်ရှိသောအရွက်များ၊ သံဓာတ်အားဖြည့်ထားတဲ့ ပေါင်မုန့်ကြမ်း၊ ကွေကာများကို မကြာခဏ ကျွေးပေးသင့်ကြောင့် တိုက်တွန်းလိုက်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)