သားသားမီးမီးကို ဆေးတိုက်တဲ့အခါ ဆင်ခြင်သတိပြုစရာလေးတွေ ...
ရင်သွေးလေးတွေကို ဆေးတိုက်တဲ့အခါ မသိလိုက် မသိဘာသာ ပြုမူမိတဲ့အမှားလေးတွေ ရှိပါတယ်။
ပဋိဇီဝဆေး တိုက်တော့မယ်ဆိုရင် ဘယ်ဆေးမဆို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ တိုက်ကျွေးရတာ ဘေးအကင်းဆုံး ကုသနည်း ဖြစ်ပါတယ်။
● " နေမကောင်းနေလို့ အမောက်ဆလင် ဝယ်တိုက်လိုက်တယ်"
● " အိမ်က ပါရာစီတမော တစ်ခြမ်း တိုက်ထားတယ် "
● " ဝမ်းလျှောနေလို့ ဝမ်းပိတ်ဆေး လေးစိတ်တစ်စိတ် တိုက်ထားတယ် "
အင်မတန် မလုပ်သင့် မလုပ်ထိုက်တဲ့ အမှားတွေပါလို့ ပြောပါရစေ။
ပထမဆုံးအနေနဲ့ ဆေးတွေဆိုတာ ကလေးငယ်ရဲ့ ကိုယ်ခန္ဓာ အလေးချိန်အတိုင်း ချိန်တွယ်တိုက်ရတာ ဖြစ်ပါတယ်။ မိမိဘာသာ လူကြီးတိုက်ဆေးကို တစ်ခြမ်းတစ်စိတ်လုပ် တိုက်လိုက်တာဟာ အလွန့်အလွန် အန္တရာယ် များလွန်းပါတယ်။
ဆေး များသွားတာ၊ နည်းတာ၊ အဆိပ်သင့်တာတွေ ရှိလာရင် မိမိရင်သွေးပဲ ခံစားရမှာပါ။ သတိ ... သတိလို့ပဲ ပြောပါရစေ။ ဒီအတိုင်း ကျင့်သုံးနေတဲ့ မိဘတွေအနေနဲ့ ဆက်မလုပ်ဖို့ အသိပေး သတိမျှေ၀ပါရစေ။
Ceelin Plus 1

လျက်ဆားလေး ကျွေးလိုက်မျိုး၊ သွေးဆေး ကောက်ခွံလိုက်တာမျိုး၊ လူကြီးစား အားဆေးတွေ နည်းနည်း ကြိတ်တိုက်လိုက်တာမျိုးတွေ ဘယ်တော့မှ မလုပ်သင့်တဲ့အရာတွေပါ။ ကလေးတွေကို အန္တရာယ်ကင်းကင်းနဲ့ ကြီးပြင်းလာစေချင်ရင် ဘယ်ဟာတွေကို မလုပ်သင့်တာမေမေတို့ သိရမှာပါ။
● ကလေး နေမကောင်းရင် ဆေးခန်းပြသ စစ်ဆေးပါ။
● တတ်ကျွမ်းသူ ဆရာဝန်၊ ဆရာမနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။
● ဆေးကို ညွှန်ကြားတဲ့အတိုင်း တိုက်ပါ။
● ဆေးအချိန်အဆတွေကို ကိုယ့်သဘောနဲ့ကိုယ် မပြောင်းပစ်ပါနဲ့။
● ဓာတုဆေးဝါးတွေဟာ အချိန်အဆ မှားယွင်းသွားတာနဲ့ ပြဿနာ အကြီးကြီး တက်နိုင်ပါတယ်။
ဒါကြောင့် အသက်ကို ဉာဏ်စောင့်ဆိုသလို သားသားမီးမီးတွေကို ဆေးတိုက်တဲ့ လွယ်လင့်တကူ အမှားမလုပ်မိကြဖို့ သတိပေးလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Ceelin Plus 2

(Unicode)






























