/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတို့ကို-covid-19-မကူးစက်အောင်-ဘယ်လိုကာကွယ်ကြမလဲ

သားသားမီးမီးတို့ကို Covid-19 မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

လူကြီးတွေအပြင် ကလေးငယ်လေးများဟာလည်း ပိုးကူးစက်နိုင်တဲ့ အနေအထားမှာရှိနေတဲ့အတွက် လုံးဝမပေါ့ဆဘဲ အောက်ပါလမ်းညွှန်ချက်တွေကို လိုက်နာဖို့ မေမေတို့က အလေ့အကျင့် ပြုလုပ်ပေးသင့်ပါတယ်။
●  လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးကြောပါ။
အိမ်သာအဆင်း၊ အစာစားပြီးချိန်တိုင်း၊ ချောင်းဆိုးနှာချေပြီးတိုင်းနဲ့ အရာဝတ္ထုများကို ကိုင်တွယ်ပြီးချိန်တိုင်း၊ အပြင်က ပြန်လာတိုင်းမှာ လက်ဆေးပေးပါ။
●  လက်ဆေးဖို့မလွယ်ကူပါက Hand Gel ကို အသုံးပြုပါ။
●  မျက်စိ၊ နှာခေါင်း၊ ပါးစပ်များကို လက်ဖြင့်ထိတွေ့ခြင်း မပြုလုပ်ရပါ။
●  နေမကောင်းသူများနဲ့ လုံး၀ ပေးမတွေ့ပါနဲ့။
●  မလိုအပ်ဘဲ အိမ်ပြင်ထွက်ခြင်း၊ လူစုလူဝေးကြားထဲသွားလာခြင်းကို ရှောင်ကြဉ်ပါ။
●  ကစားကွင်းများ၊ ဈေးဝယ်စင်တာများကိုလည်း သွားရောက်ခြင်း ရှောင်ကြဉ်ပါ။
●  Mask တပ်ပါ။ Mask တပ်တဲ့အခါမှာ နှာခေါင်းကော ပါးစပ်ပါအုပ်ထားဖို့လိုပြီး သတ္တုပြားကို နှာရိုးတွင် အံ့ကျအောင် လက်ဖြင့်ဖိပေးပါ။
တစ်နှစ်အောက် ကလေးငယ်များကိုတော့ surgical mask များ အသုံးမပြုဖို့ အသိပေးထားပါတယ်။
ကလေးက အရမ်းငယ်သေးတယ်ဆိုပါက မေမေတို့က လက်ဆေးပေးရမှာဖြစ်ပြီး နားလည်တဲ့အရွယ် ကလေးငယ်တွေကိုတော့ ရောဂါပိုးတွေ ကိုယ်ခန္ဓာပေါ် မကပ်နိုင်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို နားလည်အောင် ပြောပြရမှာ ဖြစ်ပါတယ်။

EC Kidz IA 1

>>  မေမေတို့အနေနဲ့ ရင်သွေးလေးတွေကို Covid-19 ဘေးက ကာကွယ်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။
●  အိမ်မှာနေခြင်း၊ လူစုလူဝေးရှောင်ခြင်း။
●  ဖျားနာနေသူများနဲ့ အဝေးဆုံးတွင်နေခြင်း။
●  ကလေးအတွက် အသုံးပြုသော ပန်းကန်ခွက်ယောက်များနဲ့ အရုပ်များကို သန့်ရှင်းအောင် ဆေးကြောခြင်း၊ သီးသန့်ထားခြင်း။
●  အိမ်တွင်းပစ္စည်းများကို ပိုးသတ်သန့်စင်ခြင်း။
●  အိမ်ရှိလူများကိုလည်း ချောင်းဆိုးနှာချေတိုင်း တစ်ရှူးအသုံးပြုပြီး တစ်ခါတည်းလွတ်ပစ်ဖို့ သင်ကြားပါ။ တစ်ရှူးမရှိပါက တံတောင်ဆစ်နဲ့ ဖုံးအုပ်ပြီးမှ နှာချေ၊ ချောင်းဆိုးပါ။
ဒီလိုကာလမျိုးမှာ သားသားမီးမီးလေးတွေကို ကစီဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်နဲ့ အသီးအရွက်များ မျှတစွာပါဝင်အောင် နေ့စဉ်ကျွေးမွေးရမယ့်အပြင် အိပ်ရေးဝအောင် အိပ်စက်ခိုင်းရမှာ ဖြစ်ပါတယ်။ ကိုယ်ခံအားကောင်းစေမယ့် အားဆေးများကိုလည်း ဆရာဝန်နဲ့တိုင်ပင်ပြီး တိုက်ကျွေးခြင်းဖြင့် Covid-19 မဝင်ရောက်စေရန် ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

EC Kidz IA 2

(Zawgyi)

လူႀကီးေတြအျပင္ ကေလးငယ္ေလးမ်ားဟာလည္း ပိုးကူးစက္ႏိုင္တဲ့ အေနအထားမွာရွိေနတဲ့အတြက္ လုံးဝမေပါ့ဆဘဲ ေအာက္ပါလမ္းၫႊန္ခ်က္ေတြကို လိုက္နာဖို႔ ေမေမတို႔က အေလ့အက်င့္ ျပဳလုပ္ေပးသင့္ပါတယ္။
●  လက္ကို ဆပ္ျပာနဲ႔ စနစ္တက် ေဆးေၾကာပါ။
အိမ္သာအဆင္း၊ အစာစားၿပီးခ်ိန္တိုင္း၊ ေခ်ာင္းဆိုးႏွာေခ်ၿပီးတိုင္းနဲ႔ အရာဝတၳဳမ်ားကို ကိုင္တြယ္ၿပီးခ်ိန္တိုင္း၊ အျပင္က ျပန္လာတိုင္းမွာ လက္ေဆးေပးပါ။
●  လက္ေဆးဖို႔မလြယ္ကူပါက Hand Gel ကို အသုံးျပဳပါ။
●  မ်က္စိ၊ ႏွာေခါင္း၊ ပါးစပ္မ်ားကို လက္ျဖင့္ထိေတြ႕ျခင္း မျပဳလုပ္ရပါ။
●  ေနမေကာင္းသူမ်ားနဲ႔ လုံး၀ ေပးမေတြ႕ပါနဲ႔။
●  မလိုအပ္ဘဲ အိမ္ျပင္ထြက္ျခင္း၊ လူစုလူေဝးၾကားထဲသြားလာျခင္းကို ေရွာင္ၾကဥ္ပါ။
●  ကစားကြင္းမ်ား၊ ေဈးဝယ္စင္တာမ်ားကိုလည္း သြားေရာက္ျခင္း ေရွာင္ၾကဥ္ပါ။
●  Mask တပ္ပါ။ Mask တပ္တဲ့အခါမွာ ႏွာေခါင္းေကာ ပါးစပ္ပါအုပ္ထားဖို႔လိုၿပီး သတၱဳျပားကို ႏွာ႐ိုးတြင္ အံ့က်ေအာင္ လက္ျဖင့္ဖိေပးပါ။
တစ္ႏွစ္ေအာက္ ကေလးငယ္မ်ားကိုေတာ့ surgical mask မ်ား အသုံးမျပဳဖို႔ အသိေပးထားပါတယ္။
ကေလးက အရမ္းငယ္ေသးတယ္ဆိုပါက ေမေမတို႔က လက္ေဆးေပးရမွာျဖစ္ၿပီး နားလည္တဲ့အရြယ္ ကေလးငယ္ေတြကိုေတာ့ ေရာဂါပိုးေတြ ကိုယ္ခႏၶာေပၚ မကပ္ႏိုင္ေအာင္ ဘယ္လိုကာကြယ္ရမလဲဆိုတာကို နားလည္ေအာင္ ေျပာျပရမွာ ျဖစ္ပါတယ္။

>>  ေမေမတို႔အေနနဲ႔ ရင္ေသြးေလးေတြကို Covid-19 ေဘးက ကာကြယ္ဖို႔အတြက္ ေအာက္ပါအခ်က္ေတြကို လိုက္နာသင့္ပါတယ္။
●  အိမ္မွာေနျခင္း၊ လူစုလူေဝးေရွာင္ျခင္း။
●  ဖ်ားနာေနသူမ်ားနဲ႔ အေဝးဆုံးတြင္ေနျခင္း။
●  ကေလးအတြက္ အသုံးျပဳေသာ ပန္းကန္ခြက္ေယာက္မ်ားနဲ႔ အ႐ုပ္မ်ားကို သန႔္ရွင္းေအာင္ ေဆးေၾကာျခင္း၊ သီးသန႔္ထားျခင္း။
●  အိမ္တြင္းပစၥည္းမ်ားကို ပိုးသတ္သန႔္စင္ျခင္း။
●  အိမ္ရွိလူမ်ားကိုလည္း ေခ်ာင္းဆိုးႏွာေခ်တိုင္း တစ္႐ွဴးအသုံးျပဳၿပီး တစ္ခါတည္းလြတ္ပစ္ဖို႔ သင္ၾကားပါ။ တစ္႐ွဴးမရွိပါက တံေတာင္ဆစ္နဲ႔ ဖုံးအုပ္ၿပီးမွ ႏွာေခ်၊ ေခ်ာင္းဆိုးပါ။
ဒီလိုကာလမ်ိဳးမွာ သားသားမီးမီးေလးေတြကို ကစီဓာတ္၊ ပ႐ိုတင္းဓာတ္၊ အဆီဓာတ္နဲ႔ အသီးအရြက္မ်ား မွ်တစြာပါဝင္ေအာင္ ေန႔စဥ္ေကြၽးေမြးရမယ့္အျပင္ အိပ္ေရးဝေအာင္ အိပ္စက္ခိုင္းရမွာ ျဖစ္ပါတယ္။ ကိုယ္ခံအားေကာင္းေစမယ့္ အားေဆးမ်ားကိုလည္း ဆရာဝန္နဲ႔တိုင္ပင္ၿပီး တိုက္ေကြၽးျခင္းျဖင့္ Covid-19 မဝင္ေရာက္ေစရန္ ကာကြယ္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)