/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတို့ငယ်စဉ်ကတည်းက-အလေ့အထကောင်းများကို-ပျိူးထောင်ပေးပါ

သားသားမီးမီးတို့ငယ်စဉ်ကတည်းက အလေ့အထကောင်းများကို ပျိူးထောင်ပေးပါ

Category
ကလေးများနှင့်ကျန်းမာရေး

မိဘတိုင်းအနေနဲ့ သားသမီးများကို ကျန်းမာပျော်ရွင်သောဘဝကို ပေးစွမ်းချင်ကြပါတယ်။ ဒီလိုကျန်းမာဖို့အ တွက်လည်း ငယ်စဉ်ကတည်းကပင် အလေ့အကျင့်ကောင်းများနဲ့ ကြီးပြင်းစေဖို့ ပျိုးထောင်ပေးရမှာဖြစ်ပါတယ်။ ဒါမှသာ ကျန်းမာပျော်ရွင်ဉာဏ်ထက်မြက်တဲ့ ကလေးတွေဖြစ်လာဖို့ အခွင့်အလမ်းများပြီး အိမ်မှာကော ကျောင်း မှာပါ တန်ဖိုးရှိတဲ့ ရင်သွေးလေးတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ကဲဒါဆိုရင်တော့ ဘယ်လိုအလေ့အထတွေကို ပျိုးထောင်ကြမလဲဆိုတာသိဖို့ ဆက်လက်ဖတ်ကြည့်ရအောင်။

 

(၁) ကိုယ်လက်လှုပ်ရှားမှု များများရှိပါစေ

ကလေးငယ်တိုင်းဟာ တစ်ဦးနဲ့တစ်ဦး မတူညီတတ်ကြပါဘူး။ မိမိကလေးအနေနဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးကို နှစ် သက်သလဲဆိုတာကို လေ့လာကြည့်ပါ။ သူတို့နှစ်သက်ရာ ကိုယ်ကာယလှုပ်ရှားမှုများကို မကြာခဏ ပြုလုပ် ခိုင်းပါ။

(၂) သားသမီးတွေအတွက် စံပြဖြစ်အောင်နေထိုင်ပါ

ဒီလိုပြောလို့ ကလေးတွေရှေ့မှာ အချိန်အခါမရွေးစံပြဖြစ်နေရမယ်လို့ မဆိုလိုပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ် သော အစာများကိုစားသုံးခြင်း၊ ဖျတ်လတ်တက်ကြွခြင်းတို့ဖြင့် ကလေးတွေအတွက် စံပြမိဘများဖြစ်အောင် နေ ထိုင်သင့်ပါတယ်။

(၃) ကလေးများနဲ့ ညစာတူတူစားပါ

မိသားစုညစာတူတူစားခြင်းဖြင့် နွေးထွေးမှုရစေမယ့်အပြင် ကလေးများအား ကျန်းမာသောအစားအစာများကို စားတတ်စေဖို့ ပိုပြီးလေ့ကျင့်ပေးနိုင်ပါတယ်။

Nutroplex 1

(၄) screen time ကိုလျှော့ပါ

ဒီခေတ်မှာတော့ ကလေးတိုင်းလိုလိုဟာ ဖုန်း၊ တက်ဘလက်များနဲ့ အကျွမ်းတဝင်ရှိနေကြပါပြီ။ ထိုသို့သော အီ လက်ထရောနစ်ပစ္စည်းများကနေ ထွက်လာတဲ့ရောင်ခြည်တွေဟာ မျက်စိကိုထိခိုက်စေတာမို့ အချိန်အတိုင်းအ တာ သတ်မှတ်ပေးပါ။

(၅)ကလေးများနဲ့ ကိုယ်ကာယလေ့ကျင့်ခန်းများ တူတူလုပ်ဆောင်ပါ

တကယ်ကတော့ ကလေးတွေဟာ လူကြီးတွေထက်တောင် ပိုပြီးအားပြည့်တက်ကြွကြပါသေးတယ်။ ဒါကြောင့် လမ်းလျှောက်ထွက်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ရေကူးခြင်းစတဲ့ လေ့ကျင့်ခန်းများကို လူကြီးများနဲ့ အတူတကွ လုပ်ဆောင်ခိုင်းခြင်းဖြင့် ပျော်ရွင်တက်ကြွတဲ့ ကလေးငယ်လေးတွေ ဖြစ်လာမှာပါနော်။

လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)

Nutroplex 2

မိဘတိုင္းအေနနဲ႔ သားသမီးမ်ားကို က်န္းမာေပ်ာ္ရြင္ေသာဘ၀ကို ေပးစြမ္းခ်င္ၾကပါတယ္။ ဒီလိုက်န္းမာဖို႔အ တြက္လည္း ငယ္စဥ္ကတည္းကပင္ အေလ့အက်င့္ေကာင္းမ်ားနဲ႔ ႀကီးျပင္းေစဖို႔ ပ်ဳိးေထာင္ေပးရမွာျဖစ္ပါတယ္။ ဒါမွသာ က်န္းမာေပ်ာ္ရြင္ဥာဏ္ထက္ျမက္တဲ့ ကေလးေတြျဖစ္လာဖို႔ အခြင့္အလမ္းမ်ားၿပီး အိမ္မွာေကာ ေက်ာင္း မွာပါ တန္ဖိုးရွိတဲ့ ရင္ေသြးေလးေတြ ျဖစ္လာမွာျဖစ္ပါတယ္။ ကဲဒါဆုိရင္ေတာ့ ဘယ္လိုအေလ့အထေတြကို ပ်ဳိးေထာင္ၾကမလဲဆိုတာသိဖို႔ ဆက္လက္ဖတ္ျကည့္ရေအာင္။

 

(၁) ကိုယ္လက္လႈပ္ရွားမႈ မ်ားမ်ားရွိပါေစ

ကေလးငယ္တိုင္းဟာ တစ္ဦးနဲ႔တစ္ဦး မတူညီတတ္ၾကပါဘူး။ မိမိကေလးအေနနဲ႔ ဘယ္လိုလႈပ္ရွားမႈမ်ဳိးကို ႏွစ္ သက္သလဲဆိုတာကို ေလ့လာျကည့္ပါ။ သူတို႔ႏွစ္သက္ရာ ကိုယ္ကာယလႈပ္ရွားမႈမ်ားကို မၾကာခဏ ျပဳလုပ္ ခိုင္းပါ။

(၂) သားသမီးေတြအတြက္ စံျပျဖစ္ေအာင္ေနထိုင္ပါ

ဒီလိုေျပာလို႔ ကေလးေတြေရွ႕မွာ အခ်ိန္အခါမေရြးစံျပျဖစ္ေနရမယ္လို႔ မဆိုလိုပါဘူး။ က်န္းမာေရးနဲ႔ ညီညြတ္ ေသာ အစာမ်ားကိုစားသံုးျခင္း၊ ဖ်တ္လတ္တက္ၾကြျခင္းတို႔ျဖင့္ ကေလးေတြအတြက္ စံျပမိဘမ်ားျဖစ္ေအာင္ ေန ထိုင္သင့္ပါတယ္။

(၃) ကေလးမ်ားနဲ႔ ညစာတူတူစားပါ

မိသားစုညစာတူတူစားျခင္းျဖင့္ ေႏြးေထြးမႈရေစမယ့္အျပင္ ကေလးမ်ားအား က်န္းမာေသာအစားအစာမ်ားကို စားတတ္ေစဖို႔ ပိုၿပီးေလ့က်င့္ေပးႏုိင္ပါတယ္။

(၄) screen time ကိုေလ်ွာ့ပါ

ဒီေခတ္မွာေတာ့ ကေလးတိုင္းလိုလိုဟာ ဖုန္း၊ တက္ဘလက္မ်ားနဲ့ အကြ်မ္းတ၀င္ရွိေနၾကပါၿပီ။ ထိုသို႔ေသာ အီ လက္ထေရာနစ္ပစၥည္းမ်ားကေန ထြက္လာတဲ့ေရာင္ျခည္ေတြဟာ မ်က္စိကိုထိခိုက္ေစတာမို႔ အခ်ိန္အတိုင္းအ တာ သတ္မွတ္ေပးပါ။

(၅)ကေလးမ်ားနဲ႔ ကိုယ္ကာယေလ့က်င့္ခန္းမ်ား တူတူလုပ္ေဆာင္ပါ

တကယ္ကေတာ့ ကေလးေတြဟာ လူႀကီးေတြထက္ေတာင္ ပိုၿပီးအားျပည့္တက္ၾကြၾကပါေသးတယ္။ ဒါေၾကာင့္ လမ္းေလွ်ာက္ထြက္ျခင္း၊ ၾကက္ေတာင္႐ိုက္ျခင္း၊ ေရကူးျခင္းစတဲ့ ေလ့က်င့္ခန္းမ်ားကို လူႀကီးမ်ားနဲ႔ အတူတကြ လုပ္ေဆာင္ခိုင္းျခင္းျဖင့္ ေပ်ာ္ရြင္တက္ၾကြတဲ့ ကေလးငယ္ေလးေတြ ျဖစ္လာမွာပါေနာ္။

ေလေျပႏုေသြး(ေဆး၂) (www.drmyanmar.com)