/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတို့ဖျားနေပြီဆိုတာနဲ့-စောင့်ကြည့်ရမယ့်-အချက်ပြလက္ခဏာများ

သားသားမီးမီးတို့ဖျားနေပြီဆိုတာနဲ့ စောင့်ကြည့်ရမယ့် အချက်ပြလက္ခဏာများ

Category
ကလေးများနှင့်ကျန်းမာရေး

ရာသီဥတုအပြောင်းအလဲဖြစ်တိုင်း ကလေးတွေနဲ့ ဖျားနာခြင်းဟာ ခွဲခြားမရတဲ့ အရာနှစ်ခုပဲ ဖြစ်လာပါတယ်။

၆ လ ကနေ ငါးနှစ်အတွင်း ကလေးများမှာဖျားနာခြင်းဖြစ်ပေါ်ပါက အဖျားကြောင့်တက်ခြင်းဖြစ်ပေါ်ဖို့ အလားအလာများပါတယ်။ အဖျားကြောင့်တက်ခြင်းဟာ တစ်ခါဖြစ်ပေါ်ဖူးပါက ဖျားတိုင်းဖြစ်ဖို့ရာနှုန်းများတာကြောင့် မေမေတို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

>> သားသားမီးမီးလေးတွေဖျားနာတဲ့အခါမှာ

- ပေါ့ပေါ့ပါးပါးအဝတ်အစားကိုသာဝတ်ဆင်ပေးပါ။

- ရေနဲ့ အရည် (ဥပမာ- လတ်လတ်ဆတ်ဆတ်သစ်သီးဖျော်ရည်၊ ကြက်ပေါင်းရည်) တိုက်ကျွေးပါ။

- ရေပတ်တိုက်ခြင်း၊ ရေကြက်သီးနွေးဖြင့်ရေချိူးခြင်းတို့ကို ကနဦးပြုလုပ်ပေးသင့်ပါတယ်။

သားသားမီးမီးလေးတွေမှာ ဖျားနာခြင်းနဲ့အတူ အောက်ပါလက္ခဏာ၅ချက်ကို တွဲဖက်ခံစားရပါက စိုးရိမ်ရသော အခြေအနေကို ဖော်ပြပေးနေတာဖြစ်လို့ မပေါ့ဆသင့်ပါဘူး။ ဒါတွေကတော့

Biogesic for kids IA 1

(၁) မအီမသာဖြစ်ခြင်း

ကလေးဟာ အစာနည်းလာတာနဲ့အမျှ အားမရှိဖြစ်ပြီး ဖြူဖျော့ခြင်းရှိနေလား စောင့်ကြည့်ပါ။

(၂) အနီစက်များထွက်ခြင်း

ကလေးအရေပြားတွင် အနီစက် သို့မဟုတ် ခရမ်းနီရောင်အစက်အပျောက်များရှိနေပြီး လက်ဖြင့်ဖိသော်လည်း ပျောက်မသွားပါက ဆရာဝန်နဲ့အမြန်သွားရောက်ဖို့လိုပါတယ်။

(၃) အစာမျိူရခက်ခဲခြင်း

ကလေးအနေနဲ့ အစာမမျိူနိုင်ပဲ သွားရည်များကျဆင်းနေပါက မပေ့ါဆသင့်သော လက္ခဏာဖြစ်ပါတယ်။

(၄) အသက်ရှူကျပ်ခြင်း

နှာခေါင်းပေါက်ရှိ နှပ်များကို စုပ်ထုတ်ပြီးတာတောင်မှ အသက်ရှူမဝတဲ့ လက္ခဏာရှိနေပါက မပေါ့ဆသင့်ပါဘူး။

(၅) စိတ်အလိုမကျခြင်း၊ ဂျီကျခြင်း

ကလေးလေးဟာ ဂျီကျနေခြင်း၊ တချိန်လုံးငိုနေခြင်းများရှိပါက သူတစ်ခုခုခံစားနေရတာဖြစ်နိုင်လို့ ဆရာဝန်နဲ့ဆွေးနွေးသင့်တဲ့အချက်တစ်ချက်ပါပဲနော်။

အထက်ပါလက္ခဏာများကို ဖျားနာခြင်းနဲ့အတူ တွေ့ရှိရပါက ကလေးအထူးကုဆရာဝန်ထံ အမြန်ပြသသင့်တယ်လို့ အကြံပြုချင်ပါတယ်။

လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)

Biogesic for kids IA 2

ရာသီဥတုအေျပာင္းအလဲျဖစ္တိုင္း ကေလးေတြနဲ႔ ဖ်ားနာျခင္းဟာ ခြဲျခားမရတဲ့ အရာနွစ္ခုပဲ ျဖစ္လာပါတယ္။

၆ လ ကေန ငါးနွစ္အတြင္း ကေလးမ်ားမွာဖ်ားနာျခင္းျဖစ္ေပၚပါက အဖ်ားေၾကာင့္တက္ျခင္းျဖစ္ေပၚဖို႔ အလားအလာမ်ားပါတယ္။ အဖ်ားေၾကာင့္တက္ျခင္းဟာ တစ္ခါျဖစ္ေပၚဖူးပါက ဖ်ားတိုင္းျဖစ္ဖို႔ရာႏႈန္းမ်ားတာေၾကာင့္ ေမေမတုိ႔ ႀကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။

>> သားသားမီးမီးေလးေတြဖ်ားနာတဲ့အခါမွာ

- ေပါ့ေပါ့ပါးပါးအ၀တ္အစားကိုသာ၀တ္ဆင္ေပးပါ။

- ေရနဲ႔ အရည္ (ဥပမာ- လတ္လတ္ဆတ္ဆတ္သစ္သီးေဖ်ာ္ရည္၊ ၾကက္ေပါင္းရည္) တိုက္ေကြ်းပါ။

- ေရပတ္တိုက္ျခင္း၊ ေရၾကက္သီးေႏြးျဖင့္ေရခ်ိဴးျခင္းတို႔ကို ကနဦးျပဳလုပ္ေပးသင့္ပါတယ္။

သားသားမီးမီးေလးေတြမွာ ဖ်ားနာျခင္းနဲ႔အတူ ေအာက္ပါလကၡဏာ၅ခ်က္ကို တြဲဖက္ခံစားရပါက စိုးရိမ္ရေသာ အေျခအေနကို ေဖာ္ျပေပးေနတာျဖစ္လို႔ မေပါ့ဆသင့္ပါဘူး။ ဒါေတြကေတာ့

(၁) မအီမသာျဖစ္ျခင္း

ကေလးဟာ အစာနည္းလာတာနဲ႔အမွ် အားမရွိျဖစ္ၿပီး ျဖဴေဖ်ာ့ျခင္းရွိေနလား ေစာင့္ၾကည့္ပါ။

(၂) အနီစက္မ်ားထြက္ျခင္း

ကေလးအေရျပားတြင္ အနီစက္ သို႔မဟုတ္ ခရမ္းနီေရာင္အစက္အေပ်ာက္မ်ားရွိေနၿပီး လက္ျဖင့္ဖိေသာ္လည္း ေပ်ာက္မသြားပါက ဆရာ၀န္နဲ႔အျမန္သြားေရာက္ဖို႔လိုပါတယ္။

(၃) အစာမ်ိဴရခက္ခဲျခင္း

ကေလးအေနနဲ႔ အစာမမ်ိဴနိုင္ပဲ သြားရည္မ်ားက်ဆင္းေနပါက မေပ့ါဆသင့္ေသာ လကၡဏာျဖစ္ပါတယ္။

(၄) အသက္ရွဴက်ပ္ျခင္း

နွာေခါင္းေပါက္ရွိ နွပ္မ်ားကို စုပ္ထုတ္ၿပီးတာေတာင္မွ အသက္ရွဴမ၀တဲ့ လကၡဏာရွိေနပါက မေပါ့ဆသင့္ပါဘူး။

(၅) စိတ္အလိုမက်ျခင္း၊ ဂ်ီက်ျခင္း

ကေလးေလးဟာ ဂ်ိီက်ေနျခင္း၊ တခ်ိန္လံုးငိုေနျခင္းမ်ားရွိပါက သူတစ္ခုခုခံစားေနရတာျဖစ္နိုင္လို႔ ဆရာ၀န္နဲ႔ေဆြးေႏြးသင့္တဲ့အခ်က္တစ္ခ်က္ပါပဲေနာ္။

အထက္ပါလကၡဏာမ်ားကို ဖ်ားနာျခင္းနဲ႔အတူ ေတြ႔ရွိရပါက ကေလးအထူးကုဆရာ၀န္ထံ အျမန္ျပသသင့္တယ္လို႔ အႀကံျပဳခ်င္ပါတယ္။

ေလေျပနုေသြး(ေဆး၂) (www.drmyanmar.com)