သားသားမီးမီးတို့အတွက် အကောင်းဆုံးရွေးချယ်မှု
အခုခေတ်မှာ အပြင်မှာအလုပ်ထွက်လုပ်သူတွေပဲဖြစ်ဖြစ်၊ အချိန်ပိုင်းလုပ်သူတွေပဲဖြစ်ဖြစ်၊ တခြားပြင်ပမှာအလုပ်ကိစ္စရှိသူတွေပဲဖြစ်ဖြစ် ကလေးကိုအချိန်ပြည့်ကြည့်ရှုဖို့မလွယ်တဲ့အခါ
ကလေးကိုပြုစုစောင့်ရှောက်မယ့်သူရွေးတာဟာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာပါတယ်။ ကလေးဟာ လုံခြုံစိတ်ချရပြီး လေ့လာသင်ယူနိုင်တဲ့ စိတ်လှုပ်ရှားတက်ကြွနိုင်တဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းဖို့ဆိုတာ မိဘတိုင်းရဲ့ ပထမဦးစားပေးပဲမဟုတ်ဘူးလား။ ကလေးနဲ့ ကလေးကိုစောင့်ရှောက်သူတွေနဲ့လည်း အပြုသဘောဆောင်တဲ့ဆက်ဆံမှုရှိဖို့ အရေးကြီးပါတယ်။
ကလေးပြုစုသူကောင်းတစ်ယောက်ဟာ
• ကလေးတွေကြီးထွားဖွံ့ဖြိုးပုံကို ကောင်းကောင်းနားလည်သဘောပေါက်ပါတယ်။
• စိတ်ကိုလှုံ့ဆော်နှိုးဆွပေးတဲ့ပတ်ဝန်းကျင်ဖြစ်စေဖို့၊ လေ့လာသင်ယူနိုင်ဖို့ကို အားပေးပါတယ်။
• ကလေးတစ်ယောက်ရဲ့စိတ်ခံစားမှုလိုအပ်ချက်ကို ကောင်းကောင်းနားလည်သဘောပေါက်ပါတယ်။
• မေမေဖေဖေတို့ရဲ့စကားသံတွေကို ကောင်းကောင်းနားထောင်နိုင်ရပါမယ်။
• ဖေဖေမေမေတို့ချမှတ်လိုက်တဲ့ပန်းတိုင်ကိုရောက်အောင် ကလေးကိုကူညီပေးနိုင်ရပါမယ်။
Ceelin 1
ကလေးကိုပြုစုမယ့်နေရာကလည်း
• သန့်ရှင်းလုံခြုံစိတ်ချရပြီး ပြုစုစောင့်ရှောက်သူတစ်ယောက်မှာ ကြည့်ရမယ့် ကလေးအများကြီး မရှိသင့်ပါဘူး။
• အလုပ်ကိုကျွမ်းကျင်လိမ္မာပြီး ကာကွယ်ဆေးတွေအပြည့်ထိုးထားကာ ရဲမှုခင်းကင်းရှင်းသူဖြစ်ရပါမယ်။
• အတွင်း၊အပြင် ဆော့ကစားစရာနေရာတွေ ရှိရပါမယ်။
• အနားယူအိပ်စက်ဖို့ အေးဆေးဆိတ်ငြိမ်တဲ့ နေရာဖြစ်ရပါမယ်။
• ပြင်ပမှာရော၊ အတွင်းမှာပါ ဆေးလိပ်ငွေ့ကင်းစင်ရပါမယ်။
• ကလေးအသက်နဲ့သင့်တော်မယ့်လှုပ်ရှားမှုလေးတွေကို မှန်မှန်ထည့်သွင်းပေးထားရပါမယ်။
• လုံခြုံစိတ်ချရတဲ့ကစားစရာအရုပ်တွေနဲ့ ပစ္စည်းကိရိယာတွေကို မှန်မှန်သန့်ရှင်းပေးပြီး သင့်တင့်လျောက်ပတ်စွာ ထားပေးထားရပါမယ်။
• ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ကျွေးရပါမယ်။
• ဖုန်း၊တီဗီ၊ကွန်ပြူတာမျက်နှာပြင်တွေကို အကျိုးမရှိဘဲကြည့်ရှုခြင်းကို အားမပေးတဲ့နေရာဖြစ်ရပါမယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Ceelin 2
အခုေခတ္မွာ အျပင္မွာအလုပ္ထြက္လုပ္သူေတြပဲျဖစ္ျဖစ္၊ အခ်ိန္ပိုင္းလုပ္သူေတြပဲျဖစ္ျဖစ္၊ တျခားျပင္ပမွာအလုပ္ကိစၥရွိသူေတြပဲျဖစ္ျဖစ္ ကေလးကိုအခ်ိန္ျပည့္ၾကည့္ရႈဖို႔မလြယ္တဲ့အခါ
ကေလးကိုျပဳစုေစာင့္ေရွာက္မယ့္သူေ႐ြးတာဟာ အေရးႀကီးတဲ့ဆံုးျဖတ္ခ်က္တစ္ခုျဖစ္လာပါတယ္။ ကေလးဟာ လံုၿခံဳစိတ္ခ်ရၿပီး ေလ့လာသင္ယူနိုင္တဲ့ စိတ္လႈပ္ရွားတက္ႂကြနိုင္တဲ့ ပတ္ဝန္းက်င္မွာႀကီးျပင္းဖို႔ဆိုတာ မိဘတိုင္းရဲ႕ ပထမဦးစားေပးပဲမဟုတ္ဘူးလား။ ကေလးနဲ႔ ကေလးကိုေစာင့္ေရွာက္သူေတြနဲ႔လည္း အျပဳသေဘာေဆာင္တဲ့ဆက္ဆံမႈရွိဖို႔ အေရးႀကီးပါတယ္။
ကေလးျပဳစုသူေကာင္းတစ္ေယာက္ဟာ
• ကေလးေတြႀကီးထြားဖြံ႕ၿဖိဳးပံုကို ေကာင္းေကာင္းနားလည္သေဘာေပါက္ပါတယ္။
• စိတ္ကိုလႈံ႕ေဆာ္ႏႈိးဆြေပးတဲ့ပတ္ဝန္းက်င္ျဖစ္ေစဖို႔၊ ေလ့လာသင္ယူနိုင္ဖို႔ကို အားေပးပါတယ္။
• ကေလးတစ္ေယာက္ရဲ႕စိတ္ခံစားမႈလိုအပ္ခ်က္ကို ေကာင္းေကာင္းနားလည္သေဘာေပါက္ပါတယ္။
• ေမေမေဖေဖတို႔ရဲ႕စကားသံေတြကို ေကာင္းေကာင္းနားေထာင္နိုင္ရပါမယ္။
• ေဖေဖေမေမတို႔ခ်မွတ္လိုက္တဲ့ပန္းတိုင္ကိုေရာက္ေအာင္ ကေလးကိုကူညီေပးနိုင္ရပါမယ္။
ကေလးကိုျပဳစုမယ့္ေနရာကလည္း
• သန္႔ရွင္းလံုၿခံဳစိတ္ခ်ရၿပီး ျပဳစုေစာင့္ေရွာက္သူတစ္ေယာက္မွာ ၾကည့္ရမယ့္ ကေလးအမ်ားႀကီး မရွိသင့္ပါဘူး။
• အလုပ္ကိုကြၽမ္းက်င္လိမၼာၿပီး ကာကြယ္ေဆးေတြအျပည့္ထိုးထားကာ ရဲမႈခင္းကင္းရွင္းသူျဖစ္ရပါမယ္။
• အတြင္း၊အျပင္ ေဆာ့ကစားစရာေနရာေတြ ရွိရပါမယ္။
• အနားယူအိပ္စက္ဖို႔ ေအးေဆးဆိတ္ၿငိမ္တဲ့ ေနရာျဖစ္ရပါမယ္။
• ျပင္ပမွာေရာ၊ အတြင္းမွာပါ ေဆးလိပ္ေငြ႕ကင္းစင္ရပါမယ္။
• ကေလးအသက္နဲ႔သင့္ေတာ္မယ့္လႈပ္ရွားမႈေလးေတြကို မွန္မွန္ထည့္သြင္းေပးထားရပါမယ္။
• လံုၿခံဳစိတ္ခ်ရတဲ့ကစားစရာအရုပ္ေတြနဲ႔ ပစၥည္းကိရိယာေတြကို မွန္မွန္သန္႔ရွင္းေပးၿပီး သင့္တင့္ေလ်ာက္ပတ္စြာ ထားေပးထားရပါမယ္။
• က်န္းမာေရးနဲ႔ညီၫြတ္ၿပီး အာဟာရျပည့္ဝတဲ့ အစားအေသာက္ေတြကို ေကြၽးရပါမယ္။
• ဖုန္း၊တီဗီ၊ကြန္ျပဴတာမ်က္ႏွာျပင္ေတြကို အက်ိဳးမရွိဘဲၾကည့္ရႈျခင္းကို အားမေပးတဲ့ေနရာျဖစ္ရပါမယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)






























