/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတို့-စားသောက်တာ-ကျန်းမာရေးနဲ့-ညီညွတ်ရဲ့လား

သားသားမီးမီးတို့ စားသောက်တာ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

Category
ကလေးများနှင့်ကျန်းမာရေး

မိမိကလေးက အာဟာရလုံလောက်စွာမစားလို့ ကောင်းစွာကြီးထွားဖွံ့ဖြိုးမှုမရှိမှာ၊ ဒါမှမဟုတ် အရမ်းစားပြီး အဝလွန်တာတွေ ဖြစ်လာမှာကို မိဘတွေအနေနဲ့ စိုးရိမ်တတ်ကြပါတယ်။ ကျန်းမာတဲ့စားသောက်မှုပုံစံရဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ မိဘတွေကိုယ်တိုင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်တာကို နေ့တိုင်း ကလေးရှေ့မှာ ပြုလုပ်ပေးပါ။ ဒါမှသာ ကလေးက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ကိုယ်တိုင်ရွေးချယ် စားသောက်တတ်လာပါလိမ့်မယ်။

ကလေးတစ်ယောက်ရဲ့ အစာစားချင်စိတ်ဟာ တစ်နေ့နဲ့တစ်နေ့ မတူကြပါဘူး။ ဒီနေ့မှာ အများကြီး စားလိုက်ပေမယ့် နောက်နေ့မှာ စားချင်စိတ်မရှိတာ ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ မိဘတွေအနေနဲ့ အလုပ်သင့်ဆုံးက စားချင်စိတ်မရှိပေမယ့် နည်းနည်းလောက်တော့စားပါလို့ ပြောဖို့ပါပဲ။ မစားချင်ရင် မစားနဲ့လို့ မလွှတ်ပေးထားသင့်သလို အတင်းအကြပ် ကုန်အောင်စားရမယ်လို့လည်း မတိုက်တွန်းသင့်ပါဘူး။

Nutrilin IA 1

မိမိကလေး အစာစားချင်စိတ်မရှိတဲ့ အကြောင်းတစ်ခုက သရေစာတွေ အရမ်းစားလို့ပါ။ ဒီလိုမဖြစ်ဖို့အတွက် ထမင်းစားချိန်နဲ့ သရေစာစားချိန်ကို အချိန်သတ်မှတ်ထားပြီးကျွေးပါ။ ဒီလိုကျွေးခြင်းဟာ အချိန်ပြည့် သရေစာတွေ စားနေတာကို မဖြစ်စေတော့လို့ ထမင်းစားချိန်ရောက်ရင် ဗိုက်ဆာလာပြီး စားချင်စိတ် ဖြစ်ပေါ်လာပါလိမ့်မယ်။

>>  မိမိကလေးက အရမ်းစားလို့ အဝလွန်မှာ စိုးရိမ်နေသလား?

တစ်ခါတည်းနဲ့ အများကြီးမကျွေးပါနဲ့။ နည်းနည်းပဲကျွေးပြီး စောင့်ကြည့်ပါ။ ကုန်လို့ ထပ်တောင်းခဲ့ရင် ချက်ချင်းထပ်မပေးဘဲ မိနစ်အနည်းငယ်လောက် အချိန်ဆွဲထားပါ။  ဒါမှသာ ကလေးက သူ တကယ်ဗိုက်ဆာနေသေးလား ဗိုက်ပြည့်သွားပြီလားဆိုတာ ချင့်ချိန်ဖို့အချိန်ရမှာပါ။
နောက်နည်းလမ်းတစ်ခုက ပမာဏကိုမလျှော့ဘဲ ပန်းကန်ကို သေးလိုက်ပါ။ ပန်းကန်အသေးနဲ့ ထည့်လိုက်ရင် ဒီပမာဏပဲဆိုပေမယ့် ကလေးကတော့ ပိုများတယ်လို့ ထင်နေပါလိမ့်မယ်။

Nutrilin IA 2

>>  မိမိကလေး အစားနည်းလို့ စိတ်ပူနေသလား?

သရေစာစားချိန်မှာ နည်းနည်းပဲကျွေးပါ။ ဗိုက်ဆာတယ်ဆိုရင် ထမင်းစားချိန်မှာ ပိုစားဖို့ ကလေးကို ပြောပါ။
ထမင်းစားချိန်မှာ မကြိုက်တဲ့စားစရာတွေပါနေလို့ တခြားဟာ စားချင်တယ်ဆိုရင် ကလေး စားချင်တာကို အမြဲ ပြောင်းမကျွေးပါနဲ့။ ကလေးတွေ စားချင်စိတ်မရှိတာဟာ ခဏပါပဲ။ ဒီလိုပြောင်းကျွေးတာဟာ ကလေးကို အစားချေးများတဲ့သူတစ်ယောက် ဖြစ်လာစေပါတယ်။

ကျန်းမာတဲ့စားသောက်မှုပုံစံရဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်ဖို့က အဓိကပါ။ ဒါကြောင့် မိဘတွေအနေနဲ့ အိမ်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေပဲထားပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ အသင့်စားမုန့်ထုပ်၊ အချိုရည် စတာတွေ မဝယ်ထားပါနဲ့။ ကလေးတွေဟာ သူတို့စားလို့ရတာ တစ်မျိုးပဲရှိရင် ဒီတစ်မျိုးတည်းကိုပဲ ရွေးချယ်မှာပါ။ ကလေးတွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံရရှိဖို့ အိမ်ကနေစပြီး အလေ့အကျင့်လုပ်ပေးဖို့ လိုအပ်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)