သားသားမီးမီးတို့ ပုံမှန်ဖွံ့ဖြိုးဖို့ ဘာတွေလုပ်ပေးကြမလဲ
ဖေဖေ၊ မေမေတို့ရဲ့ သားသားမီးမီးလေးတွေမှာ အချိန်နဲ့အမျှ လျင်လျင်မြန်မြန် ကြီးထွားဖွံဖြိုးနေကြပါတယ်။ မွေးမွေးချင်း ၃ လ အတွင်းမှာကို လူလူချင်း ဆက်ဆံပုံတွေ၊ ခံစားချက်တွေ စတာတွေကို စပြီးလေ့လာသင့်ယူနေပါပြီ။ ဖေဖေ၊ မေမေတို့ဆီကနေ သူက ပထမဆုံး သင်ယူတာပါပဲ။
ကလေးလေးတွေဟာ တစ်နေ့ကို အနည်းဆုံး ၅ နာရီလောက် ဆော့ကစားတတ်ကြပါတယ်။ အဲလိုကစားနေတာကပဲ သင်ယူနေတာပါတဲ့။ ဒါကြောင့်ဖေဖေ၊ မေမေတို့က သူနဲ့ တူတူကစားပြီး သင်ပေးပါ။
>> ဘယ်လိုနည်းလမ်းတွေနဲ့ သင်ယူလဲ၊ ဘယ်လိုဖွံ့ဖြိုးနေလဲဆိုတာ ကြည့်လိုက်ရအောင်
● ကလေးလေးတွေက လက်ကလေးကို မြှောက်မယ်၊ ခြေထောက်ကလေးတွေ ဆန့်ပြီး ပစ္စည်းလေးတွေကို လိုက်ဆွဲမယ်။ ဒါဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေ၊ အမြင်အာရုံနဲ့ လက်ရဲ့လှုပ်ရှားမှုလေးတွေ ကို လိုက်လျောညီထွေ ဖြစ်အောင်လေ့ကျင့်နေတာ ဖြစ်ပါတယ်။ မွေးစကနေ ၃ လအတွင်း ဖြစ်ပါတယ်။ ဒီအချိန်မှာ အသံမြည်တဲ့ အရုပ်လေးတွေကို ကလေးလေးမှီတဲ့နားမှာ ပြပြီး ဆွဲခိုင်းကြည့်ပါ။
● ကလေးလေးတွေက ပစ္စည်းလေးတွေကို ကြည့်ရင်းနဲ့ တစ်ပြိုင်တည်း အနံရယ် အသံရယ်ကိုပါ မှတ်သားကြပါတယ်။ ဒီနည်းနဲ့ သူ့ရဲ့ လေ့လာမှု၊ တုံ့ပြန်မှုတွေ တဖြည်းဖြည်း တိုးတက်လာပါတယ်။ အရောင်တောင်တောက်၊ သံစုံမြည်တဲ့ အရုပ်လေးတွေနဲ့ ပေးဆော့ပါ။
● ၉ လ ကနေ ၁ နှစ်အတွင်းမှာတော့ စပြီးတွားသွားလာပြီ၊ ပရိဘောဂတွေကို ကိုင်ပြီး လမ်းစမ်းလျှောက်ပြီ၊ စာမျက်နှာလေးတွေကိုလည်း လှန်တက်လာပါပြီ။ အရှေ့ကနေ သံစုံမြည်ပြီး သွားတတ်တဲ့ အရုပ်လေးတွေကို လွှတ်လိုက်ပါ။ နောက်က တွားသွားပြီး လိုက်ပါလိမ့်မယ်။
EC Kidz IA 1
● အသက် ၁ နှစ်လောက်မှာ တီထွင်စမ်းသပ်ချင်စိတ်လေးတွေ၊ အာရုံစိုက်မှုလေးတွေ စပြီး ဖွံဖြိုးလာပါပြီ။ ဒီလိုအချိန်မှာ အတုံးလေးတွေ ဆက်ရတဲ့ ကစားနည်းမျိုးလေးတွေ ပေးဆော့သင့်ပါတယ်။ ဒီလို ကစားနည်းမျိုးက စိတ်ကူးဉာဏ်လေးတွေ ပိုပြီး ရင့်သန်စေလာအောင် ကူညီပေးနိုင်ပါတယ်။
● ၁ နှစ်ခွဲလောက်မှာတော့ စတင်ပြီး တွေးခေါ်တတ်လာပြီ၊ အခက်အခဲလေးတွေကို စတင် ဖြေရှင်းတတ်လာပြီ။ ပြီးတော့ စပြီး သင်ယူလာပြီမို့ ဒီအချိန်မှာ သီချင်းလေးတွေ၊ အကောင်လေးတွေ၊ အက္ခရာလေးတွေကို စပြီး သင်ကြားပေးလို့ ရပါပြီ။
● မူကြိုတက်မယ့်အရွယ်မှာတော့ အရုပ်လေးတွေနဲ့ ဇာတ်လမ်းဆင်ပြီး ဆော့တတ်လာပြီ။ ဒါဟာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းလေးတွေ၊ တီထွင်မှုလေးတွေကို တိုးတက်စေပါတယ်။ ဒီလိုအချိန်မှာ ဆရာဝန်၊ အင်ဂျင်နီယာ ဆရာမ စတဲ့ အရုပ်လေးတွေ ဝယ်ပေးပါ။ ဒီနည်းနဲ့ အလုပ်အကိုင်တွေ အကြောင်းကို နားလည်လာပါလိမ့်မယ်။
● ၃ နှစ်ကနေ ၅ နှစ်အတွင်းမှာတော့ အက္ခရာတွေ၊ ဂဏန်းတွေကိုလည်း မှတ်မိပြီ၊ စကားလုံးပေါင်း ၁၅၀၀ လောက်လည်း ပြောတတ်လာပြီ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ စာလုံးပေါင်းလေးတွေကို စသင်ပေးသင့်ပါပြီ။
Dr. Htar (www.drmyanmar.com)
EC Kidz IA 2
(Zawgyi)
ေဖေဖ၊ ေမေမတို႔ရဲ႕ သားသားမီးမီးေလးေတြမွာ အခ်ိန္နဲ႔အမွ် လ်င္လ်င္ျမန္ျမန္ ႀကီးထြားဖြံၿဖိဳးေနၾကပါတယ္။ ေမြးေမြးခ်င္း ၃ လ အတြင္းမွာကို လူလူခ်င္း ဆက္ဆံပုံေတြ၊ ခံစားခ်က္ေတြ စတာေတြကို စၿပီးေလ့လာသင့္ယူေနပါၿပီ။ ေဖေဖ၊ ေမေမတို႔ဆီကေန သူက ပထမဆုံး သင္ယူတာပါပဲ။
ကေလးေလးေတြဟာ တစ္ေန႔ကို အနည္းဆုံး ၅ နာရီေလာက္ ေဆာ့ကစားတတ္ၾကပါတယ္။ အဲလိုကစားေနတာကပဲ သင္ယူေနတာပါတဲ့။ ဒါေၾကာင့္ေဖေဖ၊ ေမေမတို႔က သူနဲ႔ တူတူကစားၿပီး သင္ေပးပါ။
>> ဘယ္လိုနည္းလမ္းေတြနဲ႔ သင္ယူလဲ၊ ဘယ္လိုဖြံ႕ၿဖိဳးေနလဲဆိုတာ ၾကည့္လိုက္ရေအာင္
● ကေလးေလးေတြက လက္ကေလးကို ေျမႇာက္မယ္၊ ေျခေထာက္ကေလးေတြ ဆန္႔ၿပီး ပစၥည္းေလးေတြကို လိုက္ဆြဲမယ္။ ဒါဟာ သူတို႔ရဲ႕ လႈပ္ရွားမႈေတြ၊ အျမင္အာ႐ုံနဲ႔ လက္ရဲ႕လႈပ္ရွားမႈေလးေတြ ကို လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ေလ့က်င့္ေနတာ ျဖစ္ပါတယ္။ ေမြးစကေန ၃ လအတြင္း ျဖစ္ပါတယ္။ ဒီအခ်ိန္မွာ အသံျမည္တဲ့ အ႐ုပ္ေလးေတြကို ကေလးေလးမွီတဲ့နားမွာ ျပၿပီး ဆြဲခိုင္းၾကည့္ပါ။
● ကေလးေလးေတြက ပစၥည္းေလးေတြကို ၾကည့္ရင္းနဲ႔ တစ္ၿပိဳင္တည္း အနံရယ္ အသံရယ္ကိုပါ မွတ္သားၾကပါတယ္။ ဒီနည္းနဲ႔ သူ႔ရဲ႕ ေလ့လာမႈ၊ တုံ႔ျပန္မႈေတြ တျဖည္းျဖည္း တိုးတက္လာပါတယ္။ အေရာင္ေတာင္ေတာက္၊ သံစုံျမည္တဲ့ အ႐ုပ္ေလးေတြနဲ႔ ေပးေဆာ့ပါ။
● ၉ လ ကေန ၁ ႏွစ္အတြင္းမွာေတာ့ စၿပီးတြားသြားလာၿပီ၊ ပရိေဘာဂေတြကို ကိုင္ၿပီး လမ္းစမ္းေလွ်ာက္ၿပီ၊ စာမ်က္ႏွာေလးေတြကိုလည္း လွန္တက္လာပါၿပီ။ အေရွ႕ကေန သံစုံျမည္ၿပီး သြားတတ္တဲ့ အ႐ုပ္ေလးေတြကို လႊတ္လိုက္ပါ။ ေနာက္က တြားသြားၿပီး လိုက္ပါလိမ့္မယ္။
● အသက္ ၁ ႏွစ္ေလာက္မွာ တီထြင္စမ္းသပ္ခ်င္စိတ္ေလးေတြ၊ အာ႐ုံစိုက္မႈေလးေတြ စၿပီး ဖြံၿဖိဳးလာပါၿပီ။ ဒီလိုအခ်ိန္မွာ အတုံးေလးေတြ ဆက္ရတဲ့ ကစားနည္းမ်ိဳးေလးေတြ ေပးေဆာ့သင့္ပါတယ္။ ဒီလို ကစားနည္းမ်ိဳးက စိတ္ကူးဥာဏ္ေလးေတြ ပိုၿပီး ရင့္သန္ေစလာေအာင္ ကူညီေပးႏိုင္ပါတယ္။
● ၁ ႏွစ္ခြဲေလာက္မွာေတာ့ စတင္ၿပီး ေတြးေခၚတတ္လာၿပီ၊ အခက္အခဲေလးေတြကို စတင္ ေျဖရွင္းတတ္လာၿပီ။ ၿပီးေတာ့ စၿပီး သင္ယူလာၿပီမို႔ ဒီအခ်ိန္မွာ သီခ်င္းေလးေတြ၊ အေကာင္ေလးေတြ၊ အကၡရာေလးေတြကို စၿပီး သင္ၾကားေပးလို႔ ရပါၿပီ။
● မူႀကိဳတက္မယ့္အရြယ္မွာေတာ့ အ႐ုပ္ေလးေတြနဲ႔ ဇာတ္လမ္းဆင္ၿပီး ေဆာ့တတ္လာၿပီ။ ဒါဟာ သူတို႔ရဲ႕ စိတ္ကူးစိတ္သန္းေလးေတြ၊ တီထြင္မႈေလးေတြကို တိုးတက္ေစပါတယ္။ ဒီလိုအခ်ိန္မွာ ဆရာဝန္၊ အင္ဂ်င္နီယာ ဆရာမ စတဲ့ အ႐ုပ္ေလးေတြ ဝယ္ေပးပါ။ ဒီနည္းနဲ႔ အလုပ္အကိုင္ေတြ အေၾကာင္းကို နားလည္လာပါလိမ့္မယ္။
● ၃ ႏွစ္ကေန ၅ ႏွစ္အတြင္းမွာေတာ့ အကၡရာေတြ၊ ဂဏန္းေတြကိုလည္း မွတ္မိၿပီ၊ စကားလုံးေပါင္း ၁၅၀၀ ေလာက္လည္း ေျပာတတ္လာၿပီ ျဖစ္ပါတယ္။ ဒီလိုအခ်ိန္မွာ စာလုံးေပါင္းေလးေတြကို စသင္ေပးသင့္ပါၿပီ။
Dr. Htar (www.drmyanmar.com)






























