/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတို့-၀မ်းမာမာသွားတဲ့အခါ-ဘာလုပ်ပေးရပါ့

သားသားမီးမီးတို့ ၀မ်းမာမာသွားတဲ့အခါ ဘာလုပ်ပေးရပါ့

Category
ကလေးများနှင့်ကျန်းမာရေး

>> မေမေဖေဖေတို့ လုပ်နိုင်တာလေးတွေကတော့ ……

• ရေများများ ဂရုစိုက်တိုက်မယ်

• ပန်းသီးဖျော်ရည် တိုက်ကြည့်မယ်

• ရေနွေးနွေးထဲကို စားဆော်ဒါသုံးဇွန်းလောက်ထည့်ထားတဲ့ ရေဇလုံထဲကို သူ့ကို ထိုင်ပါစေ။

• စအိုကို ရေနွေးနွေးအ၀တ်လေးနဲ့ အသာအယာတို့ကပ်ပေးပါ။

• ဗက်ဆလင်း အဆီနည်းနည်းလောက် စအို၀လေးကိုသုတ်ပေးတာမျိုး အတွင်းကို အနည်းငယ် ထည့်ပေးတာမျိုးလုပ်ကြည့်နိုင်ပါတယ်။

• မကြာခဏ၀မ်းချုပ်တတ််တဲ့ကလေးတွေအတွက် ကလေးအထူးကုဆရာ၀န်ကို တိုင်ပင်ပေးပါ။

Nutroplex 1

>> ကလေးလေး ၀မ်းမချုပ်အောင်ဘယ်လိုကာကွယ်မလဲ ……

• သူ့ကို ပုံမှန်အိမ်သာသွားတတ်ဖို့ ကျင့်ပေးပါ။

• ကလေးတွေက အစာစားပြီးတာနဲ့ တန်း၀မ်းသွားတတ်တာမို့ စားပြီးတာနဲ့ ဆယ်မိနစ်ခန့် အိမ်သာထိုင်ပါစေ။ မိသားစု၀င်ကစောင့်ကြည့်ပါ။ သူ့ခြေထောက်အောက်မှာ ခုံပုလေးခံပေးပြီး သက်တောင့်သက်သာထို်င်ပါစေ။

• ရေများများသောက်ဖို့ သင်ပေးပါ။

• အသီးအနှံနဲ့ လတ်လတ်ဆတ်ဆတ်သစ်သီး၀လံ ပုံမှန်ကျေွးပေးစေလိုပါတယ်။

• အချို့တွေ ရယ်ဒီမိတ်အစားအစာတွေ ၀ယ်မကျေွးပါနဲ့။

 

အတက်ရောဂါဆေး သောက်နေရတဲ့ကလေးတွေ၊ ကင်ဆာဆေးသွင်းနေရတဲ့ကလေးတွေ၊ တခြားရောဂါအခံတခုခုကြောင့်ဆေးစွဲသောက်နေရတဲ့ကလေးတွေဆိုရင် ဆေးကြောင့်ဖြစ်နိုင်တာမို့ ဆရာ၀န်ကိုသာ ပြသတိုင်ပင်ပါ။

တကယ်တော့ ခဏတဖြုတ် ၀မ်းချုပ်တာက ကုရလွယ်ပါတယ်။ ကလေးကိုကျေွးနေတဲ့ အစားအသောက်ပုံစံပြောင်းလိုက်ပြီးရေများမျာတိုက်ပေးရုံနဲ့ ၀မ်းပြန်ပျော့လာတတ်ပေမယ့် နာတာရှည် ဆန်ဆန်၀မ်းမကြာခဏချုပ်နေသူ သားသားမီးမီးလေးတွေကိုတော့ ဆရာ၀န်နဲ့ပြသဆေးတိုက်ပြီး နောက်ခံရောဂါရှာဖွေသင့်ပါကြောင်း အကြံပြုလို်က်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Nutroplex 2

(Unicode)














 


