/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတွေ-ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်မှာ-နို့တိုက်ပေးပါ

သားသားမီးမီးတွေ ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်မှာ နို့တိုက်ပေးပါ

Category
ကလေးများနှင့်ကျန်းမာရေး

ကြီးထွားဖွံ့ဖြိုးမှုလို့ဆိုရာမှာ ကိုယ်အလေးချိန်တက်လာတာ၊ အရပ်ပိုရှည်လာတာကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ ကလေးတစ်ယောက်ဟာ လမ်းကောင်းကောင်းလျှောက်တတ်လာမယ်၊ တခြားကလေးတွေနဲ့အတူ ကစားတတ်လာမယ် အစရှိတဲ့ စွမ်းဆောင်ရည်တွေအပြင် ကလေးရဲ့ အမြင်အာရုံ၊ အကြားအာရုံတွေ ဖွံ့ဖြိုးတိုးတက်လာတာကိုပါ ဆိုလိုနေပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကြီးထွားဖွံ့ဖြိုးနေချိန်ဖြစ်လို့ ဒီအချိန်မှာ ကလေးကို အာဟာရစုံစုံလင်လင်ကျွေးပေးဖို့ လိုအပ်ပါတယ်။

ကြီးထွားဖွံ့ဖြိုးတဲ့အရွယ် ကလေးတွေကို ထမင်းဟင်းနဲ့ လူကြီးတွေစားတဲ့ အစားအသောက်တွေပဲ ကျွေးနေရင်တော့ အာဟာရဓာတ် လုံလုံလောက်လောက်ရမှာ မဟုတ်ပါဘူးနော်။ အထူးသဖြင့် နွားနို့လိုမျိုး လူကြီးတွေသောက်တဲ့နို့ကို အသက် (၆) နှစ်အောက် ကလေးတွေမှာ မတိုက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနို့တွေဟာ ဆိုဒီယမ်နဲ့ အသားဓာတ်တွေ များပြီး တချို့သော ဗီတာမင်နဲ့ သတ္တုဓာတ်တွေ နည်းပါတယ်။

Dugro IA 1 (2022)

ပြီးတော့ အမျှင်ဓာတ် လုံးဝမပါတဲ့အပြင် အဆိုးဆုံးကတော့ ကလေးတွေရဲ့ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုအတွက် အခရာဖြစ်တဲ့ essential fatty acid တွေ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးတွေ ကြီးထွားဖွံဖြိုးတဲ့အရွယ်မှာ ကလေးရဲ့ အာဟာရလိုအပ်ချက်အတိုင်း တွက်ချက်ထားတဲ့ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ၊ ဖော်မြူလာနို့ (Growing up milk) ကိုပဲ တိုက်ကျွေးပေးသင့်ပါတယ်။

ဖွံ့ဖြိုးစကလေး ဖော်စပ်စာ၊ ဖော်မြူလာနို့ (Growing up milk) မှာ ကလေးတွေ ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို မှန်ကန်တဲ့ပမာဏနဲ့ မှန်ကန်တဲ့အရည်အသွေးရအောင် ဖြည့်ဆည်းပေးပြီး ကျန်းမာတဲ့စားသောက်မှုပုံစံကို ရရှိစေပါတယ်။

>>  ဖွံ့ဖြိုးစကလေး ဖော်စပ်စာ၊ ဖော်မြူလာနို့ (Growing up milk) မှာဆိုရင် -
●  ဖွံ့ဖြိုးဆဲအရွယ်ကလေးတွေအတွက် လုံးဝကို လိုအပ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ သံဓာတ်နဲ့ ဇင့်ဓာတ်
●  ဝမ်းချုပ်သက်သာစေပြီး ကိုယ်ခံအားစနစ်ကို အထောက်အကူပြုတဲ့ Prebiotics အမျှင်ဓာတ်နဲ့
●  ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ Long Chain Polysaccharides (LCP) တို့ ပါဝင်ပါတယ်။

Dugro IA 2 (2022)

နွားနို့ထက်စာရင် ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပိုပါဝင်ပြီး DHA နဲ့ အမျှင်ဓာတ်တွေပါ ထပ်မံဖြည့်စွက်ထားတဲ့ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ၊ ဖော်မြူလာနို့ (Growing up milk) မှာ ပါဝင်တဲ့ အချို့သော အာဟာရဓာတ်တွေဟာ ကလေးတွေရဲ့ ကိုယ်ခန္ဓာအပေါ်မှာ ဒီလိုအကျိုးကျေးဇူးတွေ ရရှိစေပါတယ်။
●  ဗီတာမင်စီ - ဆဲလ်တွေကို ကျန်းမာစေပြီး သံဓာတ်စုပ်ယူမှုကို ကောင်းစေပါတယ်။
●  ဗီတာမင်ဒီ - ကယ်လ်စီယမ်စုပ်ယူမှုကို အထောက်အကူပြုပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်။
●  သံဓာတ် - အောက်ဆီဂျင်ကို ဆဲလ်တွေဆီ ပို့ပေးပါတယ်။
●  အိုင်အိုဒင်း - ဟော်မုန်းထုတ်လုပ်မှုအတွက် အရေးပါပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်နှုန်းကို ထိန်းညှိပေးပါတယ်။
●  အသားဓာတ် - ဆဲလ်တွေရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်လို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ပဲ ဖြစ်ပါတယ်။

ကလေးတစ်ယောက် ကြီထွားဖွံဖြိုးနေချိန်မှာ လူကြီးတွေစားတဲ့ အစားအစာတွေ၊ လူကြီးတွေသောက်တဲ့နို့တွေပဲ ကျွေးနေမယ်ဆိုရင် သူ့အသက်အရွယ်မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ မလုံလောက်တာမျိုး ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် မေမေတို့အနေနဲ့ ဒီပြဿနာတွေကို ဖွံ့ဖြိုးစကလေး ဖော်စပ်စာ၊ ဖော်မြူလာနို့ (Growing up milk) တွေ တိုက်ကျွေးပြီး ဖြေရှင်းပေးရင် အကောင်းဆုံးပါ။ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ၊ ဖော်မြူလာနို့ (Growing up milk) တွေဟာ ကလေးရဲ့ အာဟာရလိုအပ်ချက်အတိုင်း တွက်ချက်ထားတာဖြစ်လို့ အသက် ၂ နှစ်ကနေ ၉ နှစ်အထိ တိုက်ကျွေးပေးသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)