သားသားမီးမီးတွေ ... ဝတိုင်း ... ကောင်းသလား
၀၀ကစ်ကစ်ကလေးလေးတွေဟာ တကယ့်ကို ချစ်စရာကောင်းလှပါတယ်။ ဒါပေမဲ့ ချစ်စရာကလေးလေးတွေအနေနဲ့ ဝတိုင်းလည်း ကျန်းမာရေးနဲ့ မညီညွတ်နေပါဘူး။ တကယ်က လုံလောက်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို နေ့စဉ်ရရှိပြီး ပုံမှန်ကိုယ်အလေးချိန်အတွင်းမှာပဲ ရှိနေတဲ့ကလေးတွေက ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
ကလေးသူငယ် အဝလွန်ခြင်းဟာ ယနေ့ ကမ္ဘာပေါ်မှာ တိုးပွားလာနေတဲ့ ခြိမ်းခြောက်အန္တရာယ်တစ်ခု ဖြစ်လာပါတယ်။ ဝတာကို အန္တရာယ်လို့ ဘာလို့ယူဆလာရသလဲ?
ကလေးလေးတွေ ဝခြင်းအားဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါတွေဖြစ်ဖို့ အခွင့်အလမ်း ပိုများလာစေလို့ပါတဲ့။ ဒီတော့ ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့ဆိုရင် သူတို့လေးတွေ အဝမလွန်စေဖို့ ကာကွယ်ရမှာပါပဲ။
အကျိုးအကြောင်း ရှာကြည့်လိုက်ရင် ပထမဆုံးအနေနဲ့ မိဘမျိုးရိုးဗီဇနဲ့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါတွေဟာ အဝလွန်တဲ့ ကလေးမွေးဖွားလာဖို့ သူကလေး ကြီးလာတဲ့အခါ လွန်လွန်မင်းမင်းဝလာဖို့ အခြေခံ အကြောင်းအချက်အလက်တွေပါ။ ဒါတွေအပြင် ဒုတိယအနေနဲ့ သားသားမီးမီးလေးတွေကို ဘာကျွေးကြမလဲဆိုတာ အရေးပါလာပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးသစ်နှံနဲ့ အသီးအရွက်ကို သင့်လျော်ရာ အသား၊ ငါးနဲ့ ချက်ပြုတ်ပြီး လတ်လတ်ဆတ်ဆတ် ပြင်ဆင်ကျွေးမွေးပါ။ တစ်နှစ်အောက်ကလေးတွေစားမယ့် အစားအစာတွေထဲမှာ အချိုရည်နဲ့ ရယ်ဒီမိတ် အစားအစာတွေဖြစ်တဲ့ ဟမ်ဘာကာ၊ ကိတ်မုန့်၊ ပီဇာ စတာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်စေလိုပါတယ်။
EC Kidz IA 1
ကလေးတွေကိုလည်း အချိုရည်တွေ၊ အသင့်စားကွတ်ကီး၊ ဂျယ်လီ၊ အချိုကဲတဲ့ မုန့်ထုပ်တွေဟာ သူတို့ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေတယ်ဆိုတာ ပြောပြပါ။ သူတို့တွေကို အပြင်မှာရောင်းချတဲ့ ရယ်ဒီမိတ်မုန့်ထုပ်တွေ အချိုရည်တွေကို ဝယ်ကျွေးတာမျိုး အကျင့်လုပ်မပေးပါနဲ့။ သကြားဟာ ကလေးတွေကို စွဲလမ်းစေတဲ့အတွက် အကျင့်လုပ်ထားပြီးမှ သူတို့ကို ဝယ်မကျွေးရင် ဂျီကျ ပြဿနာလုပ်ပါလိမ့်မယ်။ ဒီတော့ ငယ်ရွယ်စဉ်ကတည်းက ကလေးတွေကို သဘာဝကျကျ သစ်သီးဝလံနဲ့ အိမ်ထမင်း၊ အိမ်ဟင်းကိုသာ ပူပူနွေးနွေး သန့်သန့်ရှင်းရှင်း ပြင်ဆင်ကျွေးစေလိုပါတယ်။
>> ဒီတော့ အဝလွန်တာကို ကာကွယ်လို့ရသလား?
တီဗီဂိမ်းဆော့ရင်း၊ ကွန်ပျူတာရှေ့မှာ ထိုင်ရင်း အချိန်ကုန်ကြတဲ့ ကလေးတွေဟာ အဝလွန်ဖို့ ပိုဖြစ်နိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ကလေးတွေဟာ သဘာဝကျကျ ဆော့ကစားခြင်းနဲ့ ပိုလို့ဝေးကွာလာကြပါတယ်။ ခြံထဲမှာ အပြင်မှာ ပျော်ပျော်ရွှင်ရွှင် ပြေးလွှားဆော့ကစားခြင်းအားဖြင့် ကိုယ်လက်လှုပ်ရှားပြီးသား ဖြစ်သွားတဲ့အတွက် ကလေးတွေရဲ့ အပိုကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး အဆီကျအသားကျစ်လာစေမှာပါ။ ဒီတော့ ကလေးလေးတွေ ဘဝပိုမိုကျန်းမာလှပစေဖို့ အဝမလွန်စေဖို့ သတိပြုကြပါစို့နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
EC Kidz IA 2
(Zawgyi)
၀၀ကစ္ကစ္ကေလးေလးေတြဟာ တကယ့္ကို ခ်စ္စရာေကာင္းလွပါတယ္။ ဒါေပမဲ့ ခ်စ္စရာကေလးေလးေတြအေနနဲ႔ ဝတိုင္းလည္း က်န္းမာေရးနဲ႔ မညီၫြတ္ေနပါဘူး။ တကယ္က လုံေလာက္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြကို ေန႔စဥ္ရရွိၿပီး ပုံမွန္ကိုယ္အေလးခ်ိန္အတြင္းမွာပဲ ရွိေနတဲ့ကေလးေတြက ပိုၿပီး က်န္းမာေရးနဲ႔ ညီၫြတ္ပါတယ္။
ကေလးသူငယ္ အဝလြန္ျခင္းဟာ ယေန႔ ကမာၻေပၚမွာ တိုးပြားလာေနတဲ့ ၿခိမ္းေျခာက္အႏၲရာယ္တစ္ခု ျဖစ္လာပါတယ္။ ဝတာကို အႏၲရာယ္လို႔ ဘာလို႔ယူဆလာရသလဲ?
ကေလးေလးေတြ ဝျခင္းအားျဖင့္ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါနဲ႔ ႏွလုံးေရာဂါေတြျဖစ္ဖို႔ အခြင့္အလမ္း ပိုမ်ားလာေစလို႔ပါတဲ့။ ဒီေတာ့ က်န္းက်န္းမာမာ ႀကီးျပင္းလာဖို႔ဆိုရင္ သူတို႔ေလးေတြ အဝမလြန္ေစဖို႔ ကာကြယ္ရမွာပါပဲ။
အက်ိဳးအေၾကာင္း ရွာၾကည့္လိုက္ရင္ ပထမဆုံးအေနနဲ႔ မိဘမ်ိဳး႐ိုးဗီဇနဲ႔ ကိုယ္ဝန္ေဆာင္ဆီးခ်ိဳေရာဂါေတြဟာ အဝလြန္တဲ့ ကေလးေမြးဖြားလာဖို႔ သူကေလး ႀကီးလာတဲ့အခါ လြန္လြန္မင္းမင္းဝလာဖို႔ အေျခခံ အေၾကာင္းအခ်က္အလက္ေတြပါ။ ဒါေတြအျပင္ ဒုတိယအေနနဲ႔ သားသားမီးမီးေလးေတြကို ဘာေကြၽးၾကမလဲဆိုတာ အေရးပါလာပါတယ္။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ သစ္သီးသစ္ႏွံနဲ႔ အသီးအ႐ြက္ကို သင့္ေလ်ာ္ရာ အသား၊ ငါးနဲ႔ ခ်က္ျပဳတ္ၿပီး လတ္လတ္ဆတ္ဆတ္ ျပင္ဆင္ေကြၽးေမြးပါ။ တစ္ႏွစ္ေအာက္ကေလးေတြစားမယ့္ အစားအစာေတြထဲမွာ အခ်ိဳရည္နဲ႔ ရယ္ဒီမိတ္ အစားအစာေတြျဖစ္တဲ့ ဟမ္ဘာကာ၊ ကိတ္မုန႔္၊ ပီဇာ စတာေတြကို တတ္ႏိုင္သေလာက္ ေရွာင္ၾကဥ္ေစလိုပါတယ္။
ကေလးေတြကိုလည္း အခ်ိဳရည္ေတြ၊ အသင့္စားကြတ္ကီး၊ ဂ်ယ္လီ၊ အခ်ိဳကဲတဲ့ မုန႔္ထုပ္ေတြဟာ သူတို႔က်န္းမာေရးကို ဘယ္ေလာက္ထိခိုက္ေစတယ္ဆိုတာ ေျပာျပပါ။ သူတို႔ေတြကို အျပင္မွာေရာင္းခ်တဲ့ ရယ္ဒီမိတ္မုန႔္ထုပ္ေတြ အခ်ိဳရည္ေတြကို ဝယ္ေကြၽးတာမ်ိဳး အက်င့္လုပ္မေပးပါနဲ႔။ သၾကားဟာ ကေလးေတြကို စြဲလမ္းေစတဲ့အတြက္ အက်င့္လုပ္ထားၿပီးမွ သူတို႔ကို ဝယ္မေကြၽးရင္ ဂ်ီက် ျပႆနာလုပ္ပါလိမ့္မယ္။ ဒီေတာ့ ငယ္႐ြယ္စဥ္ကတည္းက ကေလးေတြကို သဘာဝက်က် သစ္သီးဝလံနဲ႔ အိမ္ထမင္း၊ အိမ္ဟင္းကိုသာ ပူပူေႏြးေႏြး သန႔္သန႔္ရွင္းရွင္း ျပင္ဆင္ေကြၽးေစလိုပါတယ္။
>> ဒီေတာ့ အဝလြန္တာကို ကာကြယ္လို႔ရသလား?
တီဗီဂိမ္းေဆာ့ရင္း၊ ကြန္ပ်ဴတာေရွ႕မွာ ထိုင္ရင္း အခ်ိန္ကုန္ၾကတဲ့ ကေလးေတြဟာ အဝလြန္ဖို႔ ပိုျဖစ္ႏိုင္ပါတယ္။ ဒီေန႔ေခတ္မွာ ကေလးေတြဟာ သဘာဝက်က် ေဆာ့ကစားျခင္းနဲ႔ ပိုလို႔ေဝးကြာလာၾကပါတယ္။ ၿခံထဲမွာ အျပင္မွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေျပးလႊားေဆာ့ကစားျခင္းအားျဖင့္ ကိုယ္လက္လႈပ္ရွားၿပီးသား ျဖစ္သြားတဲ့အတြက္ ကေလးေတြရဲ႕ အပိုကယ္လိုရီေတြကို ေလာင္ကြၽမ္းေစၿပီး အဆီက်အသားက်စ္လာေစမွာပါ။ ဒီေတာ့ ကေလးေလးေတြ ဘဝပိုမိုက်န္းမာလွပေစဖို႔ အဝမလြန္ေစဖို႔ သတိျပဳၾကပါစို႔ေနာ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)






























