/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးနဲ့အတူ-လေယာဉ်စီးမယ်ဆိုရင်

သားသားမီးမီးနဲ့အတူ လေယာဉ်စီးမယ်ဆိုရင်

Category
ကလေးများနှင့်ကျန်းမာရေး

နို်စို့အရွယ် သို့မဟုတ် နှစ်နှစ်အောက်အရွယ်ကလေးငယ်နဲ့အတူ နှစ်ယောက်တည်း လေကြောင်းခရီးသွားရတာ စိတ်ပူရ စိတ်ညစ်ရတဲ့ မေမေတို့အတွက် အကြံကောင်းလေးတွေပေးမယ်နော်။

 

• လက်မှတ်မဝယ်ခင် လေကြောင်းလိုင်းကို ကလေးငယ်ပါမယ်ဆိုတဲ့အကြောင်းကြိုတင်အသိပေးပါ။ ကလေးအတွက် လိုအပ်တာအကုန််သယ်လာမယ်ဆိုတဲ့အကြောင်း ပြောပြထားပါ။

 

• ဖြစ်နိုင်ရင် ရှေ့ခုံကို ယူပါ။ ကလေးထည့်ထားဖို့ ခုံနေရာလေးယူပါ။

Ceelin Plus 1

• ဖြစ်နိုင်ရင်နေ့ပိုင်းကို စီးပါ။ ညစီးတဲ့အခါ သူတို့် အိပ်ချိန်ကမောက်ကမဖြစ်တာကြောင့် တချိန်လုံး နိုးနေပြီး ဂျီကျနေတတ်လို့ပါ။

 

• ခရီးမထွက်ခင် ကလေးဆရာဝန်နဲ့တိုင်ပင်ပြီး ကာကွယ်ဆေး ထိုးဆေးတွေ အကုန်ထိုးထားပါ။ ကလေးကျန်းမာရေးအပြည့်အဝကောင်းနေပါစေ။

 

• နားကျန်းမာရေးစစ်ပါ။ နားပိုးဝင်တာပြည်ယိုတွေဟာ လေကြောင်းသွားလာရင်း ပိုဆိုးလာတတ်တဲ့အတွက် ကလေးငယ်ရဲ့နားကျန်းမာရေးကို လေယာဉ် မစီးခင်စစ်ဆေးစေချင်ပါတယ်။

 

ထုတ်ပိုးထားရမယ့်အရာတွေကတော့……

 

• ကလေးဒိုက်ပါ

• တဘက်စောင်

• အနွေးထည်

• ဦးထုပ်

• ပလစ်တစ်အလွတ်

• အရုပ်လေးတွေ

• ရှေးဦးသူနာပြု သေတ္တာ

• ရေသန့်ဘူး အလွတ်

• လက်သန့်ဆေးရည်ဘူးသေး

• ပါရာစီတမောဘူး နဲ့ တခြားဆေးတွေ

Ceelin Plus 2

လေဆိပ်ရောက်ပြီဆိုရင်……..

 

• • ဒိုက်ပါ လဲပေးပါ

• လေယာဉ်ပေါ်မတက်ခင် နို့လုံးဝမတိုက်ပါနဲ့။ ကလေးက အိပ်သွားရင် နိုးလာပြီး  ငိုရင်း ဂျီကျပြသနာရှာပါလိမ့်မယ်။

• လေယာဉ်ပေါ်ရောက်ပြီးမှ နို့တိုက်ပြီးသူ့ကို အိပ်သွားပါစေ။

 

လေယာဉ်ပေါ်ရောက်ရင်…….

 

• လေယာဉ်အတက်မှာနို့စတိုက်လို့ရပါပြီ။

• ကလေးကို မကြာခဏနို့်တိုက်ပါ။ ၆ လအထက်ဆိုရင် ရေတိုက်ပါ။ ရေဓာတ်မခန်းခြောက်စေဖို့ဖြစ်ပါတယ်။

• ကလေးကို ဒိုက်ပါလဲမယ်ဆိုရင် လေယာဉ်မယ်ရဲ့ အကူအညီယူပါ။

• လေယာဉ်ကိုယ်ထည်ထဲက လေဟာ ပိုးသန့်စင်ပေမယ့် လက်မကြာခဏဆေးပါ။ ပိုးသန့်အဝတ်နဲ့ သုတ်ပါ။

• လေယာဉ်ဆိုက်တာနဲ့ တန်းထွက်ဖို့မစဉ်းစားပါနဲ့။ ကလေးနဲ့ဆိုတော့ လေယာဉ်မောင်မယ်တွေရဲ့ အကူအညီယူပြီး နောက်ဆုံးမှ ဖြည်းဖြည်းဆင်းတာက ပိုမိုသဘာဝကျပါတယ်။

www.drmyanmar.com

(Unicode)


 


 


 


 


 


 


 






• အရုပျလေးတှေ

• ရှေးဦးသူနာပွု သတေ်တာ




 


 




 


 






www.drmyanmar.com