သားသားမီးမီးရဲ့ စံနမူနာ ဖြစ်ဖို့ ကိုယ့်မှာအကျင့်ဆိုးတွေရှိရင် အရင်ပြင်ဆင်ကြပါစို့
မိဘတွေဟာကလေးတွေအတွက် စံနမူနာဖြစ်ပါတယ်။ ကလေးတွေရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်၊ လုပ်ကိုင်နိုင်စွမ်းတွေဟာ မိဘတွေဆီကနေ ကူးစက်လာတတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကောင်းမွန်မှန်ကန်တဲ့ အကျင့်စရိုက်၊ အပြုအမူ၊ အနေအထိုင်တွေကို သင်ကြားဖို့ရာ ဆုပေး၊ဒဏ်ပေး သဘောမျိုးမဟုတ်ပဲ အပြုသဘောဆောင်ပြီး ကိုယ်ကိုယ်တိုင်က စံပြအနေနဲ့ နေထိုင်သင်ကြား လုပ်ဆောင်စေသင့်ပါတယ်။
မိဘကစံနမူနာကောင်း ဖြစ်ခဲ့ရင် ကလေးတွေဟာလည်း ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတွေကိုယ်စီပိုင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် အရင်ဆုံး ကိုယ်ကိုယ်တိုင် အရင်ပြင်ဆင်ဖို့ အကြံပြုလိုပါတယ်။
>> အကျင့်ဆိုးများ
၁။ အပြစ်တင်ခြင်း
ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်ကို အပြစ်တင်ဝေဖန်ခြင်းဖြင့် ကလေးတွေရဲ့စိတ်ထဲမှာ ကိုယ့်ကိုယ်ယုံကြည်စိတ်ချမှုဟာ ရုပ်ရည်သွင်ပြင်အပေါ် မူတည်နေတယ်လို့ ထင်မြင်ယူဆစေပါတယ်။ ကလေးတွေဟာလည်း မှန်ထဲမှာ ကိုယ့်ကိုယ်ကိုအပြစ်ရှာတတ်လာပြီး ယုံကြည်စိတ်ချမှုတွေ နည်းပါးလာပါတယ်။
အပြစ်တင်ရှုံ့ချမှုတွေကို လုံးဝဖြတ်ထုတ်ပစ်လိုက်ပါ။ လေ့ကျင့်ခန်းပြုလုပ်ခြငး်၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းတွေရဲ့ အကျိုးကျေးဇူးတွေကို ပြောဆိုခြင်းဖြင့် ကလေးတွေကို အကျင့်ကောင်းမွေးမြူ ပါ။
Nutroplex 1
၂။ စိတ်ညစ်တိုင်းစားခြင်း
ကလေးတွေဝမ်းနည်းစိတ်ပျက်နေတဲ့အခါ အစားနဲ့နှစ်သိမ့်ခြင်းဟာ ကလေးတွေစိတ်ထဲကို စိတ်ပျော်ရွှင်အောင် အစာစားပေးရတယ်ဆိုတဲ့ အကြောင်းကို ရိုက်သွင်းလိုက်သလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အခြားနှစ်သိမ့်နည်းတွေဖြစ်တဲ့ ရင်ဖွင့်ပြောဆိုစေတာ၊ စိတ်ပြေလက်ပျောက်လမ်းလျှောက်တာ စတဲ့နည်းလမ်းတွေကို လုပ်ဆောင်စေပါ။
၃။ ဖုန်းအသုံးများခြင်း
ကလေးတွေကို ထမင်းစားပွဲမှာ ဖုန်းမသုံးရလို့ အမိန့်ချပြီး ကိုယ်ကိုယ်တိုင်က ဖုန်းတစ်ကိုင်ကိုင် ဖြစ်နေခဲ့ရင် အဆင်မပြေပါဘူး။ စကားထောင်ပေါင်းများစွာထက် အပြုအမူတစ်ချက်က ပိုထိရောက်တာကြောင့် မိဘရော ကလေးတွေပါ ညစာထမင်းစားပွဲမှာ၊ မိသားစုအတူနေချိန်မှာ ဖုန်းမသုံးရတဲ့ စည်းမျဉ်းစည်းကမ်းချမှတ်ပြီး လိုက်နာဆောင်ရွက်သင့်ပါတယ်။
၄။ အပေါ်ယံပစ္စည်းဂုဏ်သကာရတွေကိုဦးစားပေးခြင်း
မိန်းကလေးငယ်ငယ်အတော်များများဟာ အလှပြင်တိုင်းဆော့ရတာကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ ပါတီပွဲပေးတိုင်းဆော့စေတာထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ လမ်းလျောက်စေတာ၊ အားကစားတစ်မျိုးမျိုးဆော့ကစားစေတာမျိုးတွေ လုပ်စေသင့်ပါတယ်။ ဒီလို အကျင့်လုပ်ပေးခြင်းဖြင့် မိန်းကလေးဆိုတာလည်း စိတ်ရောကိုယ်ပါ သန်မာကြံ့ခိုင်ဖို့ လိုအပ်တယ်ဆိုတာကို သိရှိနားလည်လာမှာပါ။ ဒါ့အပြင် စိတ်ဖိစီးမှုကို ပယ်ေဖျာက်ဖို့ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်တတ်တဲ့ အကျင့်လည်း ရလာမှာဖြစ်ပါတယ်။ လှကြောင်းပကြောင်း ချီးမွမ်းတာထက် တော်ကြောင်းထကေ်ကြာင်းချီးမွမ်းသင့်ပါတယ်။
Nutroplex 2
၅။ စိတ်ပင်ပန်းတိုင်းအရက်သောက်ခြင်း
အလုပ်ကနေမောမောပန်းပန်အိမ်ပြန်လာတိုင်း တစ်ခွက်တစ်ဖလားသောက်ဖို့ လိုနေပြီဆိုပြီး ကြွေးကြော်ခြင်းဟာ ကလေးတွေကို စိတ်ဖိစီးတိုင်း အရက်သောက်ရတယ်လို့ အသံတိတ်သင်ကြားနေတာနဲ့ တူနေပါတယ်။ အားအင်ကုန်ခန်းတိုင်း ကော်ဖီတွေ၊ ဆိုဒါတွေသောက်တာဟာလည်း အတူတူပါပဲ။
ဒါကြောင့် စိတ်ဖိစီးမှုကိုဖြေဖျောက်ဖို့ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာနဲ့ အခြားဝါသနာပါရာတစ်ခုခုကို မိသားစုနဲ့ အတူတကွ ပြုလုပ်ခြင်းဖြင့် အကျင့်ကောင်းကိုမွေးမြူ ပါ။
၆။ အရာရာကို ပြိုင်ဆိုင်ခြင်း
အိမ်နီးနားချင်းကလေးတွေ၊ အတန်းဖော်တွေနဲ့ မောင်နှမသားချင်းတွေအချင်းချင်း ပြိုင်ဆိုင်စေတာဟာ မကောင်းတဲ့အလေ့အကျင့်ဖြစ်ပါတယ်။
ဒီလိုပြိုင်ဆိုင်စေမယ့်အစား ကြိုးစားမှုကို ဂုဏ်ပြုပါ။ ဘယ်လောက်ပျော်ဖို့ကောင်းကြောင်း၊ ဘယ်လိုတော်လာကြောင်းတွေကို ချီးကျူးပါ။ ကလေးစိတ်အားထက်သန်ရာတစ်စုံတစ်ရာကို စူးစူးစိုက်စိုက်လေ့ကျင့်စေပါ။ နေ့စဉ်နေ့တိုင်း အကျိုးရှိရှိဘယ်လိုနေရမယ်၊ အကျိုးရှိခြင်းကြောင့် ဘယ်လိုခံစားရတယ်ဆိုတာတွေကို ပြောပြပါ။
၇။ ငြင်းခုန်ခြင်း
စိတ်ဖိစီးမှုများခြင်းက ရန်ဖြစ်စေတတ်ပါတယ်။ မိဘနှစ်ပါးဟာ အမြဲတမ်းရန်ဖြစ်ငြူ ဆူနေကြမယ် ဆိုရင် သားသမီးတွေဟာလည်း ဒီအတိုင်းပဲ ဖြစ်လာကြမှာပါ။
နေ့စဉ်ဘဝရဲ့လောကဓံတွေကို ခံနိုင်ဖို့ အခြားအခြားသော စိတ်ဖိစီးမှုလျော့ချစေနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေရပါမယ်။ ရန်ဖြစ်ငြင်းခုန်ခြင်းက လတ်တလော စိတ်ပြေပျောက်သွားစေနိုင်ပေမယ့် ရေရှည်မှာ မကောင်းပါဘူး။ ဒါ့အပြင် ရန်ဖြစ်ခြင်းကြောင်း ကလေးတွေမှာလည်း စိတ်ဒဏ်ရာတွေရနိုင်ပါတယ်။
၈။ အတင်းပြောခြင်း
အခြားသူတွေရဲ့ လုပ်ပုံကိုင်ပုံ၊ ရုပ်ရည်ရူပကာကို ဝေဖန်အပြစ်တင်ပြောဆိုခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုနည်းတဲ့လကဏာရပ်ဖြစ်ပါတယ်။ ဒိိလိုအတင်းပြောခါနီးတိုငး်မှာ စိတ်ကိုထိန်းပြီး ကောင်းသောရည်ရွယ်ချက်နဲ့ပြောမှာလားဆိုတာကို ပြန်စဉ်းစားကြည့်လိုက်ပါ။ အများစုကတော့ အကျင့်ပါနေလို့ ဝေဖန်တာများပါတယ်။
အလားတူပဲ တီဗီတွေမှာလာတဲ့၊ မဂ္ဂဇင်းတွေမှာပါတဲ့ အတင်းအဖျင်းသတင်းတွေကိုလည်း လျစ်လျူ ရှုပြီး မိသားစုဝင်တွေအတူတကွ အားအင်ဖြည့်တင်းဖို့ အတူတူစက်ဘီးစီးထွက်ကြတာ၊ ကစားနည်းတွေအတူတကွဆော့တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။
၉။ ကိုယ့်ကိုယ်ကိုထိန်းပါ။
ကိုယ်ကိုယ်တိုင်မကောင်းတဲ့အလေ့အကျင့်တစ်ခု ပြုလုပ်မိပြီဆိုရင် လျစ်လျူ မရှု၊ တိတ်တိတ်မနေပဲ ကလေးတွေကို ကိုယ့်အမှားကိုယ်ထောက်ပြ သင်ကြားပေးနိုင်ပါတယ်။
ကိုယ့်ရဲ့အလေ့အကျင့်ဆိုးတွေကို ပယ်ဖျောက်ဖို့အတွက် ကလေးတွေကိုပါ အကူအညီတောင်း တာဝန်ပေးတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ကလေးတွေဟာ မိဘအမှားလုပ်တိုင်းထောက်ပြနိုင်သလို သူတို့ကိုယ်နှိုက်လည်း အမှားမလုပ်မိအောင် ဆင်ခြင်တတ်သွားပါတယ်။ ဒီလို အချင်းချင်း အမှာမလုပ်မိအောင် ထောက်ပြကူညီရင်း အလေ့အကျင့်ကောင်းတွေ မွေးမြူ နိုင်ကြပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)






























