/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးလေးတွေ-ဝမ်းချုပ်တဲ့အခါ

သားသားမီးမီးလေးတွေ ဝမ်းချုပ်တဲ့အခါ ...

Category
ကလေးများနှင့်ကျန်းမာရေး

      ကလေးလေးတွေ ဝမ်းချုပ်တဲ့အခါ ငိုယို၊ ညည်းညူ၊ အော်ဟစ်သောင်ကျန်းပြီးတော့ ထိန်းမရချော့မရ ဖြစ်တတ်ကြတာမို့ မေမေ ဖေဖေတို့အတွက်ရော၊ ကလေးအတွက်ပါ စိတ်ညစ်စရာပဲနော်။ ဒါကြောင့် ဒီလိုဝမ်းချုပ်တဲ့အခါ ဘာတွေလုပ်သင့်သလဲဆိုတာ မဖြစ်မနေ သိထားသင့်တာပေါ့။

>>    ကလေး ဝမ်းချုပ်၊ မချုပ်
      ကလေး ဝမ်းချုပ်နေလား၊ မချုပ်ဘူးလား ဆိုတာကိုလည်း သိဖို့လိုသေးတယ်။ ပုံမှန်ကလေးတစ်ယောက်ဟာ တစ်နေ့တစ်ကြိမ်လောက်တော့ ဝမ်းသွားတတ်တယ်။ တစ်ပတ်ကို ၃ ကြိမ်အောက်ပဲ သွားတယ်၊ ဝမ်းက မာနေ၊ ကြီးနေ၊ ညှစ်ရ ခက်နေတယ်ဆိုရင် ဝမ်းချုပ်နေတယ်လို့ ပြောလို့ရတယ်။
    ဒါပေမဲ့ တချို့ကလေးတွေကျတော့လည်း တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ သွားတတ်ကြတယ်။ ဒါကြောင့် သူတို့သွားနေကျထက်ကို ပိုနည်းနေပြီဆိုရင် ဝမ်းချုပ်တယ် ပြောနိုင်တယ်နော်။

>>    ဘာကြောင့်ဝမ်းချုပ်တတ်တာလဲ?
၁။    အစားအသောက်
      ကလေးလေးတွေဟာ အစားအသောက်နဲ့ ပတ်သက်လာရင် အရမ်းချေးများကြတာ သိတဲ့အတိုင်းပါပဲ။ ကလေးအများစုက နို့တွေ၊ အချိုတွေ၊ ပြုပြင်ထားတဲ့အစားအသောက်တွေ စားတတ်ကြတယ်။ ဒါဆိုရင်တော့ ဝမ်းချုပ်မှာ ကျိန်းသေပါပဲ။
    နို့သောက်နေရာကနေ နွားနို့တို့၊ ဖြည့်စွက်စာဆန်မှုန့်တို့ ပြောင်းတဲ့အချိန်မှာလည်း ဝမ်းချုပ်တတ်ကြတယ်။ အမေ့နု့ိ၊ ဖော်မြူလာနို့တွေထဲမှာပါတဲ့ သံဓာတ်က ဝမ်းမချုပ်စေနိုင်ပေမယ့် တခြားမှာပါတဲ့ သံဓာတ်ကတော့ ဝမ်းချုပ်စေတတ်တယ်။ တကယ်လို့ ဖော်မြူလာနို့ကြောင့် ဝမ်းချုပ်နေတယ်ထင်ရင် တခြားဘရန်းတစ်မျိုးမျိုး ပြောင်းတိုက်ကြည့်ပါ။

၂။    ဆေး
      တချို့ပိုးသတ်ဆေးတွေ၊ သံဓာတ်အားဖြည့်ဆေးတွေကလည်း ဝမ်းချုပ်စေတတ်တယ်။

Ceelin Plus 1

၃။    ဝမ်းအောင့်ထားခြင်း
      ကလေးလေးတွေဟာ သူတို့နဲ့ ရင်းနှီးကျွမ်းဝင်မရှိတဲ့ (မူကြိုကျောင်းက အိမ်သာလိုမျိုး) နေရာတွေမှာ ဝမ်းမသွားတတ်ကြတာတစ်ကြောင်း၊ ကစားမက်နေတာကြောင့် ဝမ်းအောင့်ထားတတ်တာကတစ်ကြောင်းကြောင့် ဝမ်းချုပ်တတ်ကြတယ်။

၄။    အတိတ်ဆိုး
      အရင်ဝမ်းသွားတုန်းက အတင်းညှစ်သွားရတာ၊ နာတာ ကျင်တာကို ခံစားရဖူးရင် ဝမ်းသွားဖို့ကို ကြောက်နေတတ်ကြတယ်။ ဒီလိုနဲ့ သံသရာလည်ပြီး ဝမ်း မသွားလေလေ၊ ဝမ်းချုပ်လေလေ၊ ပိုညှစ်ရလေလေ၊ ပိုနာလေလေ ဖြစ်တတ်တယ်။

၅။    ဖျားနာခြင်း
      အစာအိမ် ပိုးဝင်တာလိုမျိုး အခြေအနေမျိုးတွေမှာ တွေ့ရတတ်တယ်။ တစ်ခါတလေ အစားအစာ မချေဖျက်နိုင်တဲ့ရောဂါမျိုးတွေမှာလည်း ဖြစ်တတ်တယ်။
      ရှားရှားပါးပါး အူလမ်းကြောင်း၊ ဝမ်းအိမ် စသဖြင့် ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Ceelin Plus 2

(Zawgyi)

      ကေလးေလးေတြ ဝမ္းခ်ဳပ္တဲ့အခါ ငိုယို၊ ညည္းညဴ၊ ေအာ္ဟစ္ေသာင္က်န္းၿပီးေတာ့ ထိန္းမရေခ်ာ့မရ ျဖစ္တတ္ၾကတာမို႔ ေမေမ ေဖေဖတို႔အတြက္ေရာ၊ ကေလးအတြက္ပါ စိတ္ညစ္စရာပဲေနာ္။ ဒါေၾကာင့္ ဒီလိုဝမ္းခ်ဳပ္တဲ့အခါ ဘာေတြလုပ္သင့္သလဲဆိုတာ မျဖစ္မေန သိထားသင့္တာေပါ့။

>>    ကေလး ဝမ္းခ်ဳပ္၊ မခ်ဳပ္
      ကေလး ဝမ္းခ်ဳပ္ေနလား၊ မခ်ဳပ္ဘူးလား ဆိုတာကိုလည္း သိဖို႔လိုေသးတယ္။ ပုံမွန္ကေလးတစ္ေယာက္ဟာ တစ္ေန႔တစ္ႀကိမ္ေလာက္ေတာ့ ဝမ္းသြားတတ္တယ္။ တစ္ပတ္ကို ၃ ႀကိမ္ေအာက္ပဲ သြားတယ္၊ ဝမ္းက မာေန၊ ႀကီးေန၊ ညႇစ္ရ ခက္ေနတယ္ဆိုရင္ ဝမ္းခ်ဳပ္ေနတယ္လို႔ ေျပာလို႔ရတယ္။
    ဒါေပမဲ့ တခ်ိဳ႕ကေလးေတြက်ေတာ့လည္း တစ္ပတ္ကို ၂ ႀကိမ္ေလာက္ပဲ သြားတတ္ၾကတယ္။ ဒါေၾကာင့္ သူတို႔သြားေနက်ထက္ကို ပိုနည္းေနၿပီဆိုရင္ ဝမ္းခ်ဳပ္တယ္ ေျပာႏိုင္တယ္ေနာ္။

>>    ဘာေၾကာင့္ဝမ္းခ်ဳပ္တတ္တာလဲ?
၁။    အစားအေသာက္
      ကေလးေလးေတြဟာ အစားအေသာက္နဲ႔ ပတ္သက္လာရင္ အရမ္းေခ်းမ်ားၾကတာ သိတဲ့အတိုင္းပါပဲ။ ကေလးအမ်ားစုက ႏို႔ေတြ၊ အခ်ိဳေတြ၊ ျပဳျပင္ထားတဲ့အစားအေသာက္ေတြ စားတတ္ၾကတယ္။ ဒါဆိုရင္ေတာ့ ဝမ္းခ်ဳပ္မွာ က်ိန္းေသပါပဲ။
    ႏို႔ေသာက္ေနရာကေန ႏြားႏို႔တို႔၊ ျဖည့္စြက္စာဆန္မႈန႔္တို႔ ေျပာင္းတဲ့အခ်ိန္မွာလည္း ဝမ္းခ်ဳပ္တတ္ၾကတယ္။ အေမ့ႏု႔ိ၊ ေဖာ္ျမဴလာႏို႔ေတြထဲမွာပါတဲ့ သံဓာတ္က ဝမ္းမခ်ဳပ္ေစႏိုင္ေပမယ့္ တျခားမွာပါတဲ့ သံဓာတ္ကေတာ့ ဝမ္းခ်ဳပ္ေစတတ္တယ္။ တကယ္လို႔ ေဖာ္ျမဴလာႏို႔ေၾကာင့္ ဝမ္းခ်ဳပ္ေနတယ္ထင္ရင္ တျခားဘရန္းတစ္မ်ိဳးမ်ိဳး ေျပာင္းတိုက္ၾကည့္ပါ။

၂။    ေဆး
      တခ်ိဳ႕ပိုးသတ္ေဆးေတြ၊ သံဓာတ္အားျဖည့္ေဆးေတြကလည္း ဝမ္းခ်ဳပ္ေစတတ္တယ္။

၃။    ဝမ္းေအာင့္ထားျခင္း
      ကေလးေလးေတြဟာ သူတို႔နဲ႔ ရင္းႏွီးကြၽမ္းဝင္မရွိတဲ့ (မူႀကိဳေက်ာင္းက အိမ္သာလိုမ်ိဳး) ေနရာေတြမွာ ဝမ္းမသြားတတ္ၾကတာတစ္ေၾကာင္း၊ ကစားမက္ေနတာေၾကာင့္ ဝမ္းေအာင့္ထားတတ္တာကတစ္ေၾကာင္းေၾကာင့္ ဝမ္းခ်ဳပ္တတ္ၾကတယ္။

၄။    အတိတ္ဆိုး
      အရင္ဝမ္းသြားတုန္းက အတင္းညႇစ္သြားရတာ၊ နာတာ က်င္တာကို ခံစားရဖူးရင္ ဝမ္းသြားဖို႔ကို ေၾကာက္ေနတတ္ၾကတယ္။ ဒီလိုနဲ႔ သံသရာလည္ၿပီး ဝမ္း မသြားေလေလ၊ ဝမ္းခ်ဳပ္ေလေလ၊ ပိုညႇစ္ရေလေလ၊ ပိုနာေလေလ ျဖစ္တတ္တယ္။

၅။    ဖ်ားနာျခင္း
      အစာအိမ္ ပိုးဝင္တာလိုမ်ိဳး အေျခအေနမ်ိဳးေတြမွာ ေတြ႕ရတတ္တယ္။ တစ္ခါတေလ အစားအစာ မေခ်ဖ်က္ႏိုင္တဲ့ေရာဂါမ်ိဳးေတြမွာလည္း ျဖစ္တတ္တယ္။
      ရွားရွားပါးပါး အူလမ္းေၾကာင္း၊ ဝမ္းအိမ္ စသျဖင့္ ျပႆနာေတြ ျဖစ္ႏိုင္ပါတယ္။

Dr. Mya Phoo Ngon (www.drmyanmar.com)