သားသားမီးမီးလေးတွေ သွားကိုက်နေလား
သားသားမီးမီးလေးတို့အနေနှင့် အချိုများ အစားများခြင်း၊ သွားသန့်ရှင်းရေး အားနည်းခြင်းတို့ကြောင့် သွားမှာရှိတဲ့ အပေါ်ယံကြွေလွှာတွင် ပေါက်ပြဲပျက်စီးခြင်း ဖြစ်ပေါ်ရာကနေ သွားပိုးစားခြင်း ဖြစ်ပေါ်ရတာ ဖြစ်ပါတယ်။ သွားပိုးစားခြင်းကနေတစ်ဆင့် သွားပိုးပေါက်နှင့် အခေါင်းပေါက်များ ဖြစ်ပေါ်လာစေပါတယ်။
>> ကလေးငယ်များမှာ သွားပိုးစားခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများ -
● သွားပိုးစားခြင်းဟာ ဘက်တီးရီးယားပိုးများနှင့် အခြားအကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။
● အချိုနှင့်ကစီဓာတ် မြင့်မားသောအစားအစာတွေ သွားပေါ်မှာ တင်ကျန်ရာကနေ သွားပိုးစားတာဖြစ်တာမို့ ကလေးတွေ အလွန်နှစ်သက်တဲ့ သကြားလုံး၊ ချောကလက်၊ ရေခဲချောင်း၊ အချိုရည်များ၊ ပေါင်မုန့်၊ နွားနို့ စသည်တို့ကို စားပြီးတိုင်းမှာ သွားသန့်ရှင်းရေး ကောင်းစွာမပြုလုပ်မိပါက သွားပိုးစားစေတတ်ပါတယ်။
● အဆိုပါအစားအစာများဟာ တံတွေး၊ အက်ဆစ်၊ ဘက်တီးရီးရီးယား အစရှိသည်တို့နှင့် ပေါင်းစပ်ရာကနေ သွားပေါ်မှာ သွားချေးဖတ်များကို ဖြစ်ပေါ်စေပါတယ်။အချိန်ကြာတာနှင့်အမျှ ဘက်တီးရီးယားများကနေထွက်တဲ့ အက်ဆစ်တွေဟာ သွားအပေါ်ယံမျက်နှာပြင်ကို တိုက်စားခြင်းဖြင့် ပိုမိုကြီးမားတဲ့ သွားပိုးပေါက်တွေကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။
>> သွားပိုးစားခြင်းဖြစ်စေဖို့ အလားအလာပိုများတဲ့ ကလေးငယ်များကတော့ -
● ခံတွင်းမှာ သွားပိုးပေါက်ဖြစ်စေမယ့် ဘက်တီးရီးရီးယားများ စုပုံနေသူများ
● အချိုနှင့်ကစီဓာတ် အစားများသူများ
● ရေသောက်နည်းသူများ သို့မဟုတ် ဖလူအိုရိုက်ပါဝင်မှုနည်းသောရေကို သောက်လေ့ရှိသူများ
● ခံတွင်းသန့်ရှင်းရေးအားနည်းသူများ
● တံတွေးအထွက်နည်းသူများ စသည်တို့ပဲ ဖြစ်ပါတယ်။
>> သားသားမီးမီးလေးတွေအနေနှင့်
● သွားနာတယ်လို့ ပြောတာမျိုး
● အချိုစာများစားတဲ့အခါ သို့မဟုတ် ပူသော၊ အေးသောအရည်များ သောက်တဲ့အခါ သွားကျဉ်တယ်လို့ ပြောတာမျိုးရှိရင်တော့ သွားထဲမှာ သွားပိုးပေါက်တွေ ရှိနေပါပြီ။
Biogesic for kids IA 1
>> သွားပိုးစားပြီး သွားကိုက်နေရင် ...
● ပူလွန်းအေးလွန်းတဲ့ အစားအသောက်များကို မကျွေးပါနဲ့။
● ရေနွေးနွေးလေးထဲ ဆားကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ပလုတ်ကျင်းပေးတာမျိုး လုပ်ပေးပါ။
● ပါးပေါ်မှာ ရေခဲအိတ်ကပ်ပေးပါ။
● အကိုက်အခဲပျောက်ပြီး အရောင်ကျစေတဲ့ Paracetamol ပါဝင်တဲ့ဆေးရည် (ဥပမာ - Biogesic for kids) တိုက်ပေးလို့ ရပါတယ်။
● တကယ်လို့ ဒီလိုဆေးတိုက်တာတောင် ၂ ရက် - ၃ ရက်နေလို့မှ မသက်သာရင် သွားဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
>> သားသားမီးမီးလေးတွေ သွားပိုးစားခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
● ကလေး သွားစပေါက်ပြီဆိုတာနှင့် သွား စတင်တိုက်ပေးပါ။ ဖလူအိုရိုဒ် ပါဝင်သော သွားတိုက်ဆေးဖြင့် သွား၊ လျှာနှင့်သွားဖုံးတွေကို တစ်နေ့နှစ်ကြိမ် တိုက်ပေးပါ။
● အသက် ၃ နှစ်အောက် ကလေးငယ်များအား သွားတိုက်ရာတွင် ဆန်စေ့အရွယ်ပမာဏခန့်ရှိသော သွားတိုက်ဆေးကို သုံးသင့်ပြီး ၃ နှစ်အထက်ကလေးများကိုတော့ ပဲစေ့အရွယ်ပမာဏကို အသုံးပြုနိုင်ပါတယ်။
● အသက် ၂ နှစ်နောက်ပိုင်းကလေးများကိုတော့ သွားကြားထိုးသောချည်မျှင်ကို အသုံးပြုပေးနိုင်ပါတယ်။
● ကလေးအား အချိုများသောအစာများကျွေးခြင်းကို ကန့်သတ်သင့်ပါတယ်။
● နို့ဘူးတိုက်သောကလေးများအား နို့ဘူးအတွင်း အချိုရည်များ ထည့်တိုက်ခြင်း ရှောင်ပါ။
● ကလေးအား သွားဆရာဝန်နှင့်ပြသပြီး သွားသန့်ရှင်းရေး ပုံမှန်လုပ်ပေးပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Biogesic for kids IA 2
(Zawgyi)
သားသားမီးမီးေလးတို႔အေနႏွင့္ အခ်ိဳမ်ား အစားမ်ားျခင္း၊ သြားသန႔္ရွင္းေရး အားနည္းျခင္းတို႔ေၾကာင့္ သြားမွာရွိတဲ့ အေပၚယံေႂကြလႊာတြင္ ေပါက္ၿပဲပ်က္စီးျခင္း ျဖစ္ေပၚရာကေန သြားပိုးစားျခင္း ျဖစ္ေပၚရတာ ျဖစ္ပါတယ္။ သြားပိုးစားျခင္းကေနတစ္ဆင့္ သြားပိုးေပါက္ႏွင့္ အေခါင္းေပါက္မ်ား ျဖစ္ေပၚလာေစပါတယ္။
>> ကေလးငယ္မ်ားမွာ သြားပိုးစားျခင္းကို ျဖစ္ေပၚေစတဲ့ အေၾကာင္းရင္းမ်ား -
● သြားပိုးစားျခင္းဟာ ဘက္တီးရီးယားပိုးမ်ားႏွင့္ အျခားအေၾကာင္းရင္းမ်ားစြာေၾကာင့္ ျဖစ္ေပၚရျခင္း ျဖစ္ပါတယ္။
● အခ်ိဳႏွင့္ကစီဓာတ္ ျမင့္မားေသာအစားအစာေတြ သြားေပၚမွာ တင္က်န္ရာကေန သြားပိုးစားတာျဖစ္တာမို႔ ကေလးေတြ အလြန္ႏွစ္သက္တဲ့ သၾကားလုံး၊ ေခ်ာကလက္၊ ေရခဲေခ်ာင္း၊ အခ်ိဳရည္မ်ား၊ ေပါင္မုန႔္၊ ႏြားႏို႔ စသည္တို႔ကို စားၿပီးတိုင္းမွာ သြားသန႔္ရွင္းေရး ေကာင္းစြာမျပဳလုပ္မိပါက သြားပိုးစားေစတတ္ပါတယ္။
● အဆိုပါအစားအစာမ်ားဟာ တံေတြး၊ အက္ဆစ္၊ ဘက္တီးရီးရီးယား အစရွိသည္တို႔ႏွင့္ ေပါင္းစပ္ရာကေန သြားေပၚမွာ သြားေခ်းဖတ္မ်ားကို ျဖစ္ေပၚေစပါတယ္။အခ်ိန္ၾကာတာႏွင့္အမွ် ဘက္တီးရီးယားမ်ားကေနထြက္တဲ့ အက္ဆစ္ေတြဟာ သြားအေပၚယံမ်က္ႏွာျပင္ကို တိုက္စားျခင္းျဖင့္ ပိုမိုႀကီးမားတဲ့ သြားပိုးေပါက္ေတြကို ျဖစ္ေပၚေစတာပဲ ျဖစ္ပါတယ္။
>> သြားပိုးစားျခင္းျဖစ္ေစဖို႔ အလားအလာပိုမ်ားတဲ့ ကေလးငယ္မ်ားကေတာ့ -
● ခံတြင္းမွာ သြားပိုးေပါက္ျဖစ္ေစမယ့္ ဘက္တီးရီးရီးယားမ်ား စုပုံေနသူမ်ား
● အခ်ိဳႏွင့္ကစီဓာတ္ အစားမ်ားသူမ်ား
● ေရေသာက္နည္းသူမ်ား သို႔မဟုတ္ ဖလူအို႐ိုက္ပါဝင္မႈနည္းေသာေရကို ေသာက္ေလ့ရွိသူမ်ား
● ခံတြင္းသန႔္ရွင္းေရးအားနည္းသူမ်ား
● တံေတြးအထြက္နည္းသူမ်ား စသည္တို႔ပဲ ျဖစ္ပါတယ္။
>> သားသားမီးမီးေလးေတြအေနႏွင့္
● သြားနာတယ္လို႔ ေျပာတာမ်ိဳး
● အခ်ိဳစာမ်ားစားတဲ့အခါ သို႔မဟုတ္ ပူေသာ၊ ေအးေသာအရည္မ်ား ေသာက္တဲ့အခါ သြားက်ဥ္တယ္လို႔ ေျပာတာမ်ိဳးရွိရင္ေတာ့ သြားထဲမွာ သြားပိုးေပါက္ေတြ ရွိေနပါၿပီ။
>> သြားပိုးစားၿပီး သြားကိုက္ေနရင္ ...
● ပူလြန္းေအးလြန္းတဲ့ အစားအေသာက္မ်ားကို မေကြၽးပါနဲ႔။
● ေရေႏြးေႏြးေလးထဲ ဆားကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းထည့္ၿပီး ပလုတ္က်င္းေပးတာမ်ိဳး လုပ္ေပးပါ။
● ပါးေပၚမွာ ေရခဲအိတ္ကပ္ေပးပါ။
● အကိုက္အခဲေပ်ာက္ၿပီး အေရာင္က်ေစတဲ့ Paracetamol ပါဝင္တဲ့ေဆးရည္ (ဥပမာ - Biogesic for kids) တိုက္ေပးလို႔ ရပါတယ္။
● တကယ္လို႔ ဒီလိုေဆးတိုက္တာေတာင္ ၂ ရက္ - ၃ ရက္ေနလို႔မွ မသက္သာရင္ သြားဆရာဝန္နဲ႔ ျပသတိုင္ပင္သင့္ပါတယ္။
>> သားသားမီးမီးေလးေတြ သြားပိုးစားျခင္းမျဖစ္ေအာင္ ဘယ္လိုကာကြယ္ၾကမလဲ?
● ကေလး သြားစေပါက္ၿပီဆိုတာႏွင့္ သြား စတင္တိုက္ေပးပါ။ ဖလူအို႐ိုဒ္ ပါဝင္ေသာ သြားတိုက္ေဆးျဖင့္ သြား၊ လွ်ာႏွင့္သြားဖုံးေတြကို တစ္ေန႔ႏွစ္ႀကိမ္ တိုက္ေပးပါ။
● အသက္ ၃ ႏွစ္ေအာက္ ကေလးငယ္မ်ားအား သြားတိုက္ရာတြင္ ဆန္ေစ့အရြယ္ပမာဏခန႔္ရွိေသာ သြားတိုက္ေဆးကို သုံးသင့္ၿပီး ၃ ႏွစ္အထက္ကေလးမ်ားကိုေတာ့ ပဲေစ့အရြယ္ပမာဏကို အသုံးျပဳႏိုင္ပါတယ္။
● အသက္ ၂ ႏွစ္ေနာက္ပိုင္းကေလးမ်ားကိုေတာ့ သြားၾကားထိုးေသာခ်ည္မွ်င္ကို အသုံးျပဳေပးႏိုင္ပါတယ္။
● ကေလးအား အခ်ိဳမ်ားေသာအစာမ်ားေကြၽးျခင္းကို ကန႔္သတ္သင့္ပါတယ္။
● ႏို႔ဘူးတိုက္ေသာကေလးမ်ားအား ႏို႔ဘူးအတြင္း အခ်ိဳရည္မ်ား ထည့္တိုက္ျခင္း ေရွာင္ပါ။
● ကေလးအား သြားဆရာဝန္ႏွင့္ျပသၿပီး သြားသန႔္ရွင္းေရး ပုံမွန္လုပ္ေပးပါ။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)






























