/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးလေးတွေ-သွားကိုက်နေလား-1

သားသားမီးမီးလေးတွေ သွားကိုက်နေလား

Category
ကလေးများနှင့်ကျန်းမာရေး

သားသားမီးမီးလေးတို့အနေနှင့် အချိုများအစားများခြင်း၊ သွားသန့်ရှင်းရေး အားနည်းခြင်းတို့ကြောင့် သွားမှာရှိတဲ့ အပေါ်ယံကြွေလွှာတွင် ပေါက်ပြဲပျက်စီးခြင်း ဖြစ်ပေါ်ရာကနေ သွားပိုးစားခြင်းဖြစ်ပေါ်ရတာ ဖြစ်ပါတယ်။ သွားပိုးစားခြင်းကနေတစ်ဆင့် သွားပိုးပေါက်နှင့် အခေါင်းပေါက်များ ဖြစ်ပေါ်လာစေပါတယ်။

>>  ကလေးငယ်များမှာ သွားပိုးစားခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများ
●  သွားပိုးစားခြင်းဟာ ဘက်တီးရီးယားပိုးများနှင့် အခြားအကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။
●  အချိုနှင့်ကစီဓာတ် မြင့်မားသောအစားအစာတွေ သွားပေါ်မှာ တင်ကျန်ရာကနေ သွားပိုးစားတာဖြစ်တာမို့ ကလေးတွေ အလွန်နှစ်သက်တဲ့ သကြားလုံး၊ ချောကလက်၊ ရေခဲချောင်း၊ အချိုရည်များ၊ ပေါင်မုန့်၊ နွားနို့ စသည်တို့ကို စားပြီးတိုင်းမှာ သွားသန့်ရှင်းရေး ကောင်းစွာမပြုလုပ်မိပါက သွားပိုးစားစေတတ်ပါတယ်။
●  အဆိုပါအစားအစာများဟာ တံတွေး၊ အက်ဆစ်၊ ဘက်တီးရီးယား အစရှိသည်တို့နှင့် ပေါင်းစပ်ရာကနေ သွားပေါ်မှာ သွားချေးဖတ်များကို ဖြစ်ပေါ်စေပါတယ်။ အချိန်ကြာတာနှင့်အမျှ ဘက်တီးရီးယားများကနေထွက်တဲ့ အက်ဆစ်တွေဟာ သွားအပေါ်ယံမျက်နှာပြင်ကို တိုက်စားခြင်းဖြင့် ပိုမိုကြီးမားတဲ့ သွားပိုးပေါက်တွေကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။

Biogesic for kids IA 1

>>  သွားပိုးစားခြင်းဖြစ်စေဖို့ အလားအလာပိုများတဲ့ ကလေးငယ်များကတော့ -
●  ခံတွင်းမှာ သွားပိုးပေါက်ဖြစ်စေမယ့် ဘက်တီးရီးယားများ စုပုံနေသူများ
●  အချိုနှင့်ကစီဓာတ်အစားများသူများ
●  ရေသောက်နည်းသူများ သို့မဟုတ် ဖလူအိုရိုက်ပါဝင်မှုနည်းသောရေကို သောက်လေ့ရှိသူများ
●  ခံတွင်းသန့်ရှင်းရေးအားနည်းသူများ
●  တံတွေးအထွက်နည်းသူများ စသည်တို့ပဲ ဖြစ်ပါတယ်။

>>  သားသားမီးမီးလေးတွေအနေနှင့် -
●  သွားနာတယ်လို့ ပြောတာမျိုး
●  အချို စာများစားတဲ့အခါ သို့မဟုတ် ပူသော၊ အေးသော အရည်များသောက်တဲ့အခါ သွားကျဉ်တယ်လို့ ပြောတာမျိုးရှိရင်တော့ သွားထဲမှာ သွားပိုးပေါက်တွေ ရှိနေပါပြီ။

Biogesic for kids IA 2

>>  သားသားမီးမီးလေးတွေ သွားပိုးစားခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
●  ကလေးကို ငယ်စဉ်ကတည်းက ခံတွင်းသန့်ရှင်းရေး ပုံမှန်လုပ်ပေးပါ။
●  အသက် ၃ နှစ်အောက်ကလေးငယ်များအား သွားတိုက်ရာတွင် ဆန်စေ့အရွယ်ပမာဏခန့်ရှိသော သွားတိုက်ဆေးကို သုံးသင့်ပြီး ၃ နှစ်အထက်ကလေးများကိုတော့ ပဲစေ့အရွယ်ပမာဏကို အသုံးပြုနိုင်ပါတယ်။
●  အသက် ၂ နှစ်နောက်ပိုင်းကလေးများကိုတော့ သွားကြားထိုးသောချည်မျှင်ကို အသုံးပြုပေးနိုင်ပါတယ်။
●  ကလေးအား အချိုများသောအစာများ ကျွေးခြင်းကို ကန့်သတ်သင့်ပါတယ်။
●  နို့ဘူးတိုက်သောကလေးများအား နို့ဘူးအတွင်း အချိုရည်များထည့်တိုက်ခြင်း ရှောင်ပါ။
●  ကလေးအား သွားဆရာဝန်နှင့်ပြသပြီး သွားသန့်ရှင်းရေး ပုံမှန်လုပ်ပေးပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)