သားသားမီးမီးလေးတွေ အိပ်ရာထဲ ရှူးပေါက်ချတုန်းလား
ကလေးဘဝမှာ အိပ်ရာထဲ ဆီးသွားတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထ အရာတစ်ခုပါပဲနော်။ မျိုးရိုးလိုက်တတ်တဲ့ အကြောင်းရပ်တစ်ခုလည်း ဖြစ်ပါတယ်။ စိတ်ညစ်စရာဆိုပေမယ့် ကြီးလာတာနဲ့ သူ့ဟာသူ ပြန်ပျောက်သွားတတ်တဲ့အကျင့်တစ်ခုပါပဲ။
** ကလေးရှူးပေါက်ချတတ်ရင်
>> လုပ်သင့်တာတွေက
● နေ့ဘက်မှာ ရေ ဝအောင်တိုက်ပါ။
● ကလေးကို ဆီး မှန်မှန်တည်ပါ။ ညအိပ်ခါနီးအပါအဝင် တစ်နေ့ကို ၇-၈ ကြိမ်လောက်ရှိပါစေ။
● အိပ်ခါနီး အိမ်သာတက်တာလိုမျိုး ကောင်းတဲ့အပြုအမူမျိုးလုပ်ရင် ဘာဆုချမယ်ဆိုတာ ကလေးနဲ့ တိုင်ပင်ပါ။
● အိပ်ရာကို ရေစိုခံတဲ့အခင်းတွေ ခင်းပေးပါ။
● ညဘက်မှာ အိမ်သာကို အလွယ်တကူ ထသွားနိုင်အောင် လုပ်ပေးပါ။
Nutroplex 1
>> မလုပ်သင့်တာတွေကတော့ -
● ကလေးကို အပြစ်မပေးပါနဲ့။ ကလေးအပြစ် မဟုတ်တာကြောင့် ပိုဆိုးစေနိုင်ပါတယ်။
● ကလေးကို ဆီးသွားစေတတ်တဲ့ ကော်ဖီ၊ ကိုလာ၊ လက်ဖက်ရည် စတဲ့ အဖျော်ရည်တွေ မတိုက်ပါနဲ့။
● ကလေးကို ညဘက်နှိုးနှိုးပြီး သေးတည်တာမျိုးက အထောက်အကူ မဖြစ်စေပါဘူး။
ကလေးငယ်လေးတွေမှာ ညဘက်ဆီးပေါက်ချတာ ပုံမှန်ပါပဲ။ အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးတွေမှာပေါ့။
>> အကယ်၍ -
● ဒီနည်းလမ်းတွေသုံးရက်နဲ့ ကလေး သေးပေါက်ချနေသေးရင်
● ၆ လထက် ပိုကြာအောင် သေးမပေါက်ချဘဲနေပြီးမှ ပြန်ပေါက်ချနေရင် ဆရာဝန်နဲ့ ပြကြည့်ပါ။
Nutroplex 2
>> ဆရာဝန်ရဲ့ကုထုံးများ
ဆရာဝန်က ဒီကုထုံးတွေကို ချပြပါလိမ့်မယ်။
● သေးပေါက်ချရင် နာရီသံပတ်မြည်တာ
● ညဘက် ဆီးနည်းစေတဲ့ဆေးတွေ ပေးတာ စသဖြင့်ပေါ့။
ဒီနည်းတွေ အလုပ် ဖြစ်၊ မဖြစ်ကိုလည်း ဆရာဝန်က စောင့်ကြည့်ပါလိမ့်မယ်။
ဒီနည်းတွေနဲ့ အလုပ်မဖြစ်ရင် အထူးကုနဲ့ လွှဲပေးပါလိမ့်မယ်။
>> ဘာကြောင့် ညဘက် ဆီးပေါက်ချတတ်ကြတာလဲ?
● အိပ်နေတုန်း ဆီးထမပေါက်ချင်တာ
● ညဘက်ကို ဆီးထွက်များနေတာ
● အိမ်မှာ၊ ကျောင်းမှာ စိတ်ဖိစီးမှုများနေတာ စတဲ့ အကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဆီးချိုတို့၊ ဝမ်းချုပ်ခြင်းတို့ စတဲ့ ရောဂါတွေကြောင့်လည်း ညဘက် ဆီးထွက်ကျတတ်ပါသေးတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)