/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးလေးများနှင့်-မပေါ့ဆသင့်သော-နမိုးနီးယားအဆုတ်ရောင်ရောဂါ

သားသားမီးမီးလေးများနှင့် မပေါ့ဆသင့်သော နမိုးနီးယားအဆုတ်ရောင်ရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

    နမိုးနီးယားဆိုတာ အဖြစ်များသော ရောဂါတစ်ခုဖြစ်တာမို့ အားလုံးနဲ့စိမ်းနေမယ် မထင်ပါဘူး။ အဆုတ်တွင်းသို့ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်ပြီး ကောင်းစွာမကုသပါက နောက်ဆက်တွဲဆိုးကျိုးများအပြင် အသက်ထိခိုက်သည်အထိ ဖြစ်ပေါ်နိုင်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့အတွက် မေမေတွေအားလုံး သိထားသင့်ပါတယ်။

>>    ရောဂါလက္ခဏာများ
●    ချမ်းတုန်ဖျားခြင်းနဲ့အတူ မျက်နှာနီမြန်းခြင်း၊ ချွေးစေးများပြန်ခြင်း
●    ချောင်းဆိုးခြင်း
●    အသက်ရှူမြန်ခြင်း
●    နံရိုးအောက်နဲ့ လည်ပင်းရိုးအပေါ်ရှိ ကြွက်သားများ ချိုင့်ဝင့်နေခြင်း
●    နှာခေါင်းပေါက်များ ပွယောင်းယောင်းဖြစ်ခြင်း
●    ချောင်းဆိုးစဉ် သို့မဟုတ် အသက်ပြင်းပြင်းရှူစဉ်တွင် ရင်ဘတ်အောင့်ခြင်း
●    အသက်ရှူစဉ် တရွီရွီမြည်ခြင်း
●    နှုတ်ခမ်းနဲ့ လက်သည်းများ ပြာလာခြင်း

>>    နမိုးနီးယား ဖြစ်နေလားဆိုတာ ဘယ်လိုအဖြေရှာမလဲ?
    ရောဂါလက္ခဏာများကတစ်ဆင့် သိရှိနိုင်သလို ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းဖြင့် တိကျသော အဖြေကိုရရှိနိုင်ပါတယ်။

Solmux Kids 1

>>    ကုသနည်း
    နမိုးနီးယားဟာ ဗိုင်းရပ်စ်ပိုး ဝင်ခြင်းကြောင့်ဖြစ်တဲ့အတွက် တိကျသော ကုသနည်းမရှိပါဘူး။ အဖျားအတွက် အဖျားကျဆေး၊ ချောင်းဆိုးခြင်းအတွက် သင့်တော်သော ချောင်းဆိုးပျောက်ဆေး စသည်ဖြင့် လက္ခဏာများပေါ် မူတည်ပြီး ကုသမှုခံယူသင့်ပါတယ်။
    အရေးအကြီးဆုံးအချက်ကတော့ ကလေးငယ်မှာ နမိုးနီးယား ဖြစ်ပေါ်နေပြီဟု သံသယရှိတာနဲ့ တစ်ပြိုင်နက် ကလေးအထူးကုဆရာဝန်ထံ သွားပြဖို့ လိုပါတယ်။ နမိုးနီးယား ရှိ မရှိသိဖို့အတွက် အောက်ပါလက္ခဏာများကတစ်ဆင့် သိရှိနိုင်ပါတယ်။
●    ပိုးသတ်ဆေးများ သောက်တာတောင် အဖျားတာရှည်ခြင်း
●    ကလေးဟာ အသက်ရှူမဝခြင်း၊ အသက်ရှူမြန်ခြင်း
●    အရိုးအဆစ်များ နီရဲနာကျင်ခြင်း၊ လည်ပင်းတောင့်ခြင်း၊ အန်ခြင်း စသည်တို့ရှိပါက ချက်ချင်းဆေးရုံသွားဖို့ တိုက်တွန်းလိုပါတယ်။  
    ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းမွန်တာမို့ အသက် ၂ လပြည့်ပြီးသော သားသားမီးမီးတိုင်းကို နမိုးနီးယားကာကွယ်ဆေးထိုးဖို့လည်း မမေ့နဲ့ဦးနော်။

လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)

Solmux Kids 2

(Zawgyi)

    နမိုးနီးယားဆိုတာ အျဖစ္မ်ားေသာ ေရာဂါတစ္ခုျဖစ္တာမို႔ အားလုံးနဲ႔စိမ္းေနမယ္ မထင္ပါဘူး။ အဆုတ္တြင္းသို႔ ဗိုင္းရပ္စ္ပိုး ဝင္ေရာက္ျခင္းေၾကာင့္ ျဖစ္ေပၚၿပီး ေကာင္းစြာမကုသပါက ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားအျပင္ အသက္ထိခိုက္သည္အထိ ျဖစ္ေပၚႏိုင္ပါတယ္။ အသက္အ႐ြယ္မေ႐ြး ျဖစ္ပြားႏိုင္တဲ့အတြက္ ေမေမေတြအားလုံး သိထားသင့္ပါတယ္။

>>    ေရာဂါလကၡဏာမ်ား
●    ခ်မ္းတုန္ဖ်ားျခင္းနဲ႔အတူ မ်က္ႏွာနီျမန္းျခင္း၊ ေခြၽးေစးမ်ားျပန္ျခင္း
●    ေခ်ာင္းဆိုးျခင္း
●    အသက္႐ွဴျမန္ျခင္း
●    နံ႐ိုးေအာက္နဲ႔ လည္ပင္း႐ိုးအေပၚရွိ ႂကြက္သားမ်ား ခ်ိဳင့္ဝင့္ေနျခင္း
●    ႏွာေခါင္းေပါက္မ်ား ပြေယာင္းေယာင္းျဖစ္ျခင္း
●    ေခ်ာင္းဆိုးစဥ္ သို႔မဟုတ္ အသက္ျပင္းျပင္း႐ွဴစဥ္တြင္ ရင္ဘတ္ေအာင့္ျခင္း
●    အသက္႐ွဴစဥ္ တ႐ြီ႐ြီျမည္ျခင္း
●    ႏႈတ္ခမ္းနဲ႔ လက္သည္းမ်ား ျပာလာျခင္း

>>    နမိုးနီးယား ျဖစ္ေနလားဆိုတာ ဘယ္လိုအေျဖရွာမလဲ?
    ေရာဂါလကၡဏာမ်ားကတစ္ဆင့္ သိရွိႏိုင္သလို ရင္ဘတ္ဓာတ္မွန္႐ိုက္ျခင္းျဖင့္ တိက်ေသာ အေျဖကိုရရွိႏိုင္ပါတယ္။

>>    ကုသနည္း
    နမိုးနီးယားဟာ ဗိုင္းရပ္စ္ပိုး ဝင္ျခင္းေၾကာင့္ျဖစ္တဲ့အတြက္ တိက်ေသာ ကုသနည္းမရွိပါဘူး။ အဖ်ားအတြက္ အဖ်ားက်ေဆး၊ ေခ်ာင္းဆိုးျခင္းအတြက္ သင့္ေတာ္ေသာ ေခ်ာင္းဆိုးေပ်ာက္ေဆး စသည္ျဖင့္ လကၡဏာမ်ားေပၚ မူတည္ၿပီး ကုသမႈခံယူသင့္ပါတယ္။
    အေရးအႀကီးဆုံးအခ်က္ကေတာ့ ကေလးငယ္မွာ နမိုးနီးယား ျဖစ္ေပၚေနၿပီဟု သံသယရွိတာနဲ႔ တစ္ၿပိဳင္နက္ ကေလးအထူးကုဆရာဝန္ထံ သြားျပဖို႔ လိုပါတယ္။ နမိုးနီးယား ရွိ မရွိသိဖို႔အတြက္ ေအာက္ပါလကၡဏာမ်ားကတစ္ဆင့္ သိရွိႏိုင္ပါတယ္။
●    ပိုးသတ္ေဆးမ်ား ေသာက္တာေတာင္ အဖ်ားတာရွည္ျခင္း
●    ကေလးဟာ အသက္႐ွဴမဝျခင္း၊ အသက္႐ွဴျမန္ျခင္း
●    အ႐ိုးအဆစ္မ်ား နီရဲနာက်င္ျခင္း၊ လည္ပင္းေတာင့္ျခင္း၊ အန္ျခင္း စသည္တို႔ရွိပါက ခ်က္ခ်င္းေဆး႐ုံသြားဖို႔ တိုက္တြန္းလိုပါတယ္။  
    ႀကိဳတင္ကာကြယ္ျခင္းက ကုသျခင္းထက္ ပိုေကာင္းမြန္တာမို႔ အသက္ ၂ လျပည့္ၿပီးေသာ သားသားမီးမီးတိုင္းကို နမိုးနီးယားကာကြယ္ေဆးထိုးဖို႔လည္း မေမ့နဲ႔ဦးေနာ္။

ေလေျပႏုေသြး(ေဆး၂) (www.drmyanmar.com)