/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီး…သွားပိုးမစားအောင်ကာကွယ်မယ်

သားသားမီးမီး…သွားပိုးမစားအောင်ကာကွယ်မယ်

Category
ကလေးများနှင့်ကျန်းမာရေး

သားသားမီးမီးတိုရဲ့ သွားလေးတွေ ပိုးမစားရလေအောင် ဒါလေးတွေ သိရှိလိုက်နာထားသင့်ပါတယ်။

 

• ချိုချဉ်ချောင်းတွေ၊ ဂျယ်လီတွေ၊ အချိုရည်တွေဟာ ကလေးတွေရဲ့သွားကိုဆွေးမြေ့ပိုးစားစေပါသတဲ့။ ဒါ့ကြောင့် အတတ်နိုင်ဆုံး မကျေွးပါနဲ့။

 

• သွားပေါက်ကာစ ကလေးတွေဆိုရင် မိခင်က လက်ညှိုးလေးမှာ အဝတ်စနုနုလေးပတ်ရေနွေးလေးဆွတ်ပြီး ကလေးသွားလေးကို တစ်ရက်နှစ်ကြိမ်သန့်ရှင်းပေးပါ။ 

Nutroplex 1

• ကလေးထွေးထုတ်တာ ကောင်းကောင်းလုပ်တတ်သွားရင် သွားတိုက်ဆေးစသုံးပါ။ ကလေးတွေအတွက်အထူးထုတ်ထားတဲ့ Fluroide မပါတဲ့ သွားတိုက်ဆေးဝယ်ပါ။ သွားပွတ်တံအနုစားသုံးပါ။

 

• အရည်ရွှမ်းတဲ့အသီးကြိုက်တတ်လာအောင်အကျင့်လုပ်ပါ။ မုန်လာဥနီ၊ လိမေ္မာ်သီး၊ သခွားမွှေးတွေ ကျွေးနိုင်ပါတယ်။

 

• ၆လ တစ်ခါ သွားဆရာဝန်ပြသပါ။

Nutroplex 2

• ကလေးသွားမတိုက်တတ်သေးခင် မိခင်ဖခင်က ဦးဆောင်သန့်ရှင်းပေးပါ။ စနားလည်လာတာနဲ့ သူလေးကိုတတ်နိုင်သလောက် စနစ်တကျသွားတိုက်သင်ပေးပါ။ 

 

ကလေးလေးတွေရဲ့ သွားလေးတွေပုလဲသွယ်လေးတွေလို စီတန်းလှပဖို့ ဖော်ပြပါအကြံကောင်းလေးတွေလိုက်နာကြပါစို့နော်.။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)