/
news/ကလေးများနှင့်ကျန်းမာရေး/သားသား၊-မီးမီး-ပိန်လှီလှီဖြစ်နေပါသလား

သားသား၊ မီးမီး ပိန်လှီလှီဖြစ်နေပါသလား?

Category
ကလေးများနှင့်ကျန်းမာရေး

          ပုံမှန်​အတိုင်​း ​ကောင်​း​ကောင်​းစား​သောက်​​နေတဲ့ က​လေး​တွေမှာ ပိန်​​နေတာဟာ စိုးရိမ်​ဖို့မလိုအပ်​ပါဘူး။ က​လေး​အ​တော်​များများဟာ ငယ်​စဉ်​​တောင်​​ကျေးဘဝမှာ ပိန်​တတ်​ကြပါတယ်​။ အရွယ်​​ရောက်​လာတာနဲ့အမျှ တစ်​ဖြည်​းဖြည်​း အသားပြည်​့လာတတ်​ပါတယ်​။ က​လေး​အများစုရဲ့ ကြီးထွားမှုဟာ မျို းရိုးဗီဇ​ပေါ် မူတည်​တတ်​တဲ့အတွက်​ မိဘ​တွေရဲ့ငယ်​ဘဝမှာ ပိန်​လှီခဲ့ကြရင်​လည်​း က​လေးပါ ပိန်​​နေတတ်​ပါတယ်​။

          ဒါ​ပေမယ်​့ က​လေးရဲ့ ကြီးထွားမှုပုံစံဟာ ပုံမှန်​နဲ့ ​သွေဖယ်​​နေပြီဆိုရင်​​တော့ ဂရုပြုသင်​့ပါပြီ။ ကိုယ်​အ​လေးချိန်​​တွေ ကျသွားတာ၊ ကိုယ်​​အ​လေးချိန်​ မတက်​လာပဲ အရပ်​ကြီးထိုးရှည်​လာတာမျိုး ဖြစ်​လာခဲ့ရင်​ က​လေးဆရာဝန်​နဲ့ တိုင်​ပင်​​ဆွေး​နွေးသင်​့ပါတယ်​။

က​လေးအစာစားချင်​စိတ်​ဖြစ်​လာ​အောင်​ ဘာ​တွေလုပ်​​ပေးသင်​့သလဲ?

 

          မိဘ​တွေဟာ က​လေးကို အတင်​းအစာ​ကျွေးတာမျိုး မလုပ်​သင်​့ပါဘူး။ က​လေးအတွက်​ အာဟာရပြည်​့ဝတဲ့ အစာ​တွေကို စားချင်​့စဖွယ်​ဖြစ်​​အောင်​ ပြင်​ဆင်​​ပေးသင်​့ပါတယ်​။ တစ်​ခါတစ်​ရံ က​လေးအစာသိပ်​မစားဘူးလို့ ထင်​ရ​ပေမယ်​့ တစ်​ကယ်​တန်​း တွက်​ကြည်​့လိုက်​တဲ့အခါ ထင်​တာထက်​ ပိုစား​နေတတ်​တာကို ​တွေ့ရတတ်​ပါတယ်​။

          ဒါ့အပြင်​ လူကြီး​တွေထက်​ က​လေး​တွေမှာ အစာအိမ်​ ပို​သေးငယ်​တယ်​ဆိုတာကို သတိပြုသင်​့ပါတယ်​။ အချို ့ က​လေး​တွေဟာ တစ်​ခါစားရင်​ သုံး၊​လေးလုတ်​ထက်​ ပိုမစားနိုင်​တာမျိုး ရှိတတ်​ပါတယ်​။ ဒါ​ေ​ကြာင်​့ တစ်​​နေ့ကို အကြိမ်​အ​ရေ​အတွက်​ များများ​ကျွေးသင်​့ပါတယ်​။ က​လေးတစ်​​ယောက်​ဟာ တစ်​ရက်​ကို ၆ကြိမ်​ခန်​့ စားသင်​့တာဟာ ပုံမှန်​ဖြစ်​ပါတယ်​။ ဒါ​ကြောင်​့ ကြားချိန်​ သ​ရေစာစားချိန်​မှာ အာဟာရမရှိတဲ့ မုန်​့​တွေ​ကျွေးမယ်​့အစား သစ်​သီးဝလံ​တွေ၊ ချိစ်​၊ ကရက်​ကာ၊ ဒိန်​ချဉ်​၊ ​မြေပဲယို၊ ​ပေါင်​မုန်​့ကြမ်​း၊ ကိတ်​မုန်​့၊ အသီး​ဖျော်​ရည်​၊ မုန်​လာဥနီ​တွေနဲ့ အခြား ကျန်​းမာ​ရေးနဲ့ ညီညွတ်​ပြီး အရသာရှိတဲ့ အစားအစာ​တွေကို ဖန်​တီး​ပေးသင်​့ပါတယ်​။ အသီး​တွေ၊မုန်​​့တွေကို မီးဖို​ချောင်​ထဲမှာ မဟုတ်​ပဲ အိမ်​​ရှေ့ ဧည်​့စားပွဲမှာ တင်​ထား​ပေးခြင်​းကလည်​း အစာစား​စေတဲ့ နည်​းလမ်​း​ကောင်​းတစ်​ခု ဖြစ်​ပါတယ်​။

          အစားချီးများတဲ့က​လေး​တွေအတွက်​ အစားအ​သောက်​​တွေကို က​လေးစားချင်​​အောင်​ ပြင်​ဆင်​​ပေးသင်​့ပါတယ်​။ အထူးသဖြင်​့ က​လေးငယ်ငယ်​​လေး​တွေအတွက်​ ​ပေါင်​မုန်​့ကို က​လေးအကြိုက်​ ပုံစံမျိုးစုံ လုပ်​​ပေး​ပြီး သစ်​သီယို၊ ​မြေပဲယိုနဲ့ ခရမ်​းချဉ်​သီး​ဆော့စ်​​တွေကို မျက်​နှာပုံစံမျိုးစံပုံ​ဖော်​ပေးလို့ ရပါတယ်​။

          ကျန်​းမာ​ရေးနဲ့ညီညွတ်​စွာ စားသုံးတတ်​​စေဖို့အတွက်​ က​လေးကို စားစရာဝယ်​ဖို့ ​ဈေး​ခေါ်သွားတာ၊ အသီးအနှံ​တွေကို အတူစိုက်​ကြတာ၊ စားစရာတူတူပြင်​ဆင်ကြတာ စတဲ့ နည်​းလမ်​းမျိုးစုံ ကြိုးစားသင်​့ပါတယ်​။ ပန်​းခြံက​လေး အတူတူစိုက်​ကြတာမျိုး၊ အိုးနဲ့ဖြစ်​​စေ၊ ပြတင်​း​ပေါက်​​ဘောင်​​ပေါ်မှာဖြစ်​​စေ ဟင်းခတ်​အရွက်​​တွေ စိုက်​ကြတာမျိုး​တွေဟာ ကိုယ်​တိုင်​စိုက်​ပျိုးထားတဲ့အတွက် အသီးအရွက်​မကြိုက်​တဲ့က​လေးကို​တောင်​ ​ မြည်​းစမ်​းချင်​စိတ်​ကို ဖြစ်​​စေနိုင်​ပါတယ်​။ က​လေးနဲ့ ​ဈေးအတူတူဝယ်​ကြပြီး က​လေးကို ညစာအတွက်​ ဟင်​း​ရွေးချယ်​ခိုင်​းတာ၊ ညစာကို အတူတူချက်​ပြုတ်​ကြတာဟာ က​လေးရဲ့ စားချင်​စိတ်​ကို နှိုးဆွနိုင်​ပါတယ်​။

          အ​ရေးကြီးတာက က​လေးကို အတင်​းအကျပ်​ အစာ​ကျွေးတာမျိုး မလုပ်​မိပါ​စေနဲ့။ က​လေးအတွက်​ ကျန်​းမာတဲ့ စား​သောက်​​နေထိုင်​မှု ပုံစံကို တစ်​သက်​စာအကျင်​့ဖြစ်​သွား​အောင်​ ​လေ့ကျင်​့​ပေး​နေတယ်​ဆိုတာ မ​မေ့ပါနဲ့။မီးဖို​ချောင်​မှာ က​လေးကြိုက်​တတ်​တ ဲ့ကျန်​းမာ​ရေးနဲ့ ညီညွတ်​တဲ့ အစားအ​သောက်​​တွေကိုသာ ထားသင်​့ပါတယ်​။

Dr. Mya Phoo Ngon (www.drmyanmar.com)