/
news/ကလေးများနှင့်ကျန်းမာရေး/သူများဖျားတိုင်း-လိုက်မဖျားတဲ့-ကလေးတွေဖြစ်စေဖို့အတွက်-လျို့ဝှက်ချက်များ

သူများဖျားတိုင်း လိုက်မဖျားတဲ့ ကလေးတွေဖြစ်စေဖို့အတွက် လျို့ဝှက်ချက်များ

Category
ကလေးများနှင့်ကျန်းမာရေး

၁။ ကလေးလက်များကို သန့်ရှင်းစင်ကြယ်စွာထားပါ။

          လက်ကိုပုံမှန်ဆေးကြောခြင်းကအသက်ရှူလမ်းကြောင်းနဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာရောဂါတွေ ပျံ့နှံ့မှုကိုလျော့ကျစေတဲ့အတွက် ကိုယ့်ရဲ့ကလေးတွေကိုကျောင်း/ မူကြိုကပြန်လာချိန်၊ ကစားပြီးချိန်၊ အစာမစားမီအချိန်၊ အိမ်သာကထွက်လာတဲ့အချိန်တွေမှာ လက်ပုံမှန်ဆေးတဲ့အကျင့်၊ လက်သန့်စင်ဆေးရည်နဲ့ပွတ်တိုက်တဲ့အကျင့်လုပ်ပေးထားပါ။ လက်ကိုပွတ်တိုက်ဆေးကြောတဲ့အခါမှာ ၁၅-၂၀ စက္ကန့်ကြာကြာပွတ်တိုက်ဆေးကြောဖို့ အရေးကြီးပါတယ်။

၂။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။

          နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုအသင့်အတင့် ပုံမှန်ရှိနေခြင်းကတစ်နှစ်ပတ်လုံးမှာအအေးမိခြင်းနဲ့တုတ်ကွေးဖြစ်နိုင်ချေကို ၂၅-၅၀% လျော့ကျစေပါတယ်။

Ceelin Plus 1

၃။ အိပ်ရေး၀အောင် အိပ်စက်အနားယူပါစေ။

          ကလေးတွေကိုစောစောအိပ်ခိုင်းပါ။ အိပ်ရေးမဝခြင်းကတုပ်ကွေးနဲ့ အအေးမိခြင်းဖြစ်နို်င်ချေကို နှစ်ဆလောက်မြင့်တက်စေပါတယ်။

၄။ မျက်နှာကိုလက်ဖြင့် ထိတွေ့ကိုင်တွယ်ခြင်းမပြုပါစေနှင့်။

          အအေးမိ၊ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက ခန္ဓာကိုယ်ထဲကို နှာခေါင်း၊ မျက်လုံး၊ ပါးစပ်တွေကနေတစ်ဆင့်ဝင်ရောက်တဲ့အတွက် ကလေးတွေကိုမျက်နှာကိုလက်နဲ့မထိတွေ့မပွတ်သပ်ဖို့ပြောပါ။ ဒီနည်းကလုံးဝလိုက်နာဖို့ခက်တဲ့အတွက် လက်ဆေးနည်းကတော့ ပိုပြီးအရေးကြီးတဲ့နည်းလမ်းဖြစ်ပါတယ်။ ကလေးကို ပိုက်၊ ခွက်နဲ့ သွားတိုက်တံတွေကိုတခြားသူတွေနဲ့ မျှဝေသုံးစွဲခြင်းမပြုဖို့ သင်ပေးထားပါ။

Ceelin Plus 2

၅။ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အစားအစာတွေကျေွးပါ။

          အရောင်အသွေးစုံတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေပါဝင်တဲ့အစားအစာကကလေးရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် ဗီတာမင် C ကြွယ်ဝတဲ့အစားအစာများ( မုန်လာ၊ စတော်ဘယ်ရီ၊ လိမေ္မာ်သီး) နှင့် ဗီတာမင် D ကြွယ်ဝသောအစားအစာများ (တူနာ၊ နို့နှင့် ကောက်ပဲသီးနှံ) စတဲ့အစားအစာတွေကျေွးပါ။ probiotic ပါဝင်တဲ့ ဒိန်ချဉ်ကလည်းကိုယ်ခံအားကိုတည်ဆောက်ပေးပါတယ်။

၆။ တုပ်ကွေးကာကွယ်ဆေးထိုးထားပါ။

          တုပ်ကွေးကိုကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ တစ်နှစ်တစ်ကြိမ် တုပ်ကွေးကာကွယ်ဆေးထိုးပေးခြင်းပဲဖြစ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)