အကျင့်ပါနေတဲ့ချောင်း
အကျင့်ပါနေတဲ့ချောင်း ဆိုတာကတော့ နောက်ခံဘာရောဂါမှမရှိဘဲနဲ့ ချောင်းပဲ ခဏခဏဆိုးနေတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကျောင်းနေအရွယ်ကလေးငယ်တွေ (မူလတန်းကနေ အလယ်တန်းကို ကူးပြောင်းကာစအရွယ်တွေနဲ့ အထက်တန်းတက်ခါစ ကလေးငယ်တွေ) မှာ အဖြစ်များပါတယ်။ ဗိုင်းရပ်စ်ပိုး ဝင်ပြီးနောက်မှာ ချောင်းဆိုးကျင့် ပါသွားတတ်ပြီးတော့ ဒီအကျင့်က ရက်သတ္တပတ်၊ လ၊ နှစ်အထိတောင် ကြာမြင့်နိုင်ပါတယ်။
>> အကျင့်ပါနေတဲ့ချောင်းရဲ့လက္ခဏာတွေ
ချောင်းဆိုးကျင့်ပါနေတဲ့ ကလေးတွေမှာ တစ်မိနစ်ထဲမှာကို တဟွတ်ဟွတ်နဲ့ ချောင်းအကြိမ်များစွာ ဆိုးနိုင်ပါတယ်။ ပြီးတော့ ဒီလိုချောင်းဆိုးတာက မိဘတွေ၊ ဆရာတွေနဲ့ ဆရာဝန်၊ ဆရာမတွေ အနားမှာရှိနေတဲ့အချိန်တွေမှာဆိုရင် ပိုဆိုးတတ်ပါတယ်။ တစ်ခါတလေကျတော့လည်း တစ်နေ့လုံးကို တဟွတ်ဟွတ် ဆိုးနေတတ်ပါသေးတယ်။ ဒီချောင်းဆိုးတဲ့ပုံစံက အသံကျယ်တယ်၊ ကြမ်းတမ်းပြီးတော့ ပြင်းထန်ပါတယ်။ ဒီလိုကတော့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ အသက် ၇ နှစ်နဲ့ ၁၀ နှစ်ကြားအရွယ် ယောကျာ်းလေးတွေမှာတော့ လည်ချောင်းကို ခဏခဏရှင်းတတ်ပါတယ်။
ဒီလိုချောင်းတွေက ပြင်းထန်တယ်လို့ ထင်ရပေမယ့်လည်း တကယ်တမ်းကတော့ ချောင်းဆိုးတဲ့အချိန်တွေ ကြားမှာဆိုရင် အရမ်းနေရမခက်နေပါဘူး။ နိုးနေတဲ့အချိန်မှာပဲ ချောင်းဆိုးတာ များပါတယ်။ အသက်ရှူမြန်တာ၊ အသက်ရှူရင် အသံမြည်တာတွေနဲ့လည်း တွဲမဖြစ်တတ်ပါဘူး။ ဒီလိုဖြစ်ရင် ဒါက နောက်ခံရောဂါတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။
Solmux Kids 1

>> ကုထုံးများ
ပထဆုံးအချက်အနေနဲ့ ချောင်းဆိုးတာက ပြင်းထန်ပေမယ့်လည်း ဒါက စိုးရိမ်စရာမရှိဘူးဆိုတာကို သိရပါမယ်။ ပြီးတော့ ကလေးကလည်း အမှန်တော့ ရုပ်ပိုင်းဆိုင်ရာက ဘာပြသနာမှမရှိပါဘူး။ တစ်ခါတလေတော့လည်း ဘာမှမဖြစ်ပါဘူး၊ သူ့ဟာသူ ပျောက်သွားပါလိမ့်မယ်လို့ သေချာပြောပြပေးတာက ရောဂါလက္ခဏာတွေကို ပျောက်သွားစေနိုင်ပါတယ်။
ချောင်းဆိုးတာကြောင့် အသက်ရှူလမ်းကြောင်းကို ပိုပြီးလှုံ့ဆော်သလိုဖြစ်ပြီးတော့ ချောင်းပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်ဒီဖြစ်စဉ်ကိုဖြတ်နိုင်အောင်ကြိုးစားဖို့လိုပါတယ်။ ချောင်းဆိုးပျောက်စေတဲ့ ငုံဆေးပြားတွေငုံတာ၊ ရေလေးတစ်ငုံလောက် သောက်လိုက်တာတွေက ချောင်းဆိုးချင်စိတ်ကို သက်သာစေပါတယ်။
ချောင်းမဆိုးတဲ့အချိန်တွေမှာ မိဘတွေအနေနဲ့ ကလေးတွေကို ချီးကျူးပြောဆိုပေးတာ၊၊ စကားကောင်းလေးတွေ ပြောပေးတာတွေက အရေးကြီးပါတယ်။
ဒီအကျင့်ပါနေလို့ ဆိုးတဲ့ချောင်းက စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေ ကြုံရတဲ့အခါမှာ ကလေးတွေက ချောင်းပိုဆိုးတာမျိုး ဖြစ်တတ်ပါတယ်။
ကလေးက သက်သာမလာဘူးဆိုရင် ကလေးအထူးကုုနဲ့ ကလေး စိတ်ရောဂါအထူးကုု ဆရာဝန်တိုု့နဲ့ ဆွေးနွေးဖို့ အကြံပြုလိုုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Solmux Kids 2

(Zawgyi)
အက်င့္ပါေနတဲ့ေခ်ာင္း ဆိုတာကေတာ့ ေနာက္ခံဘာေရာဂါမွမရွိဘဲနဲ႔ ေခ်ာင္းပဲ ခဏခဏဆိုးေနတာ ျဖစ္ပါတယ္။ အထူးသျဖင့္ေတာ့ ေက်ာင္းေနအရြယ္ကေလးငယ္ေတြ (မူလတန္းကေန အလယ္တန္းကို ကူးေျပာင္းကာစအရြယ္ေတြနဲ႔ အထက္တန္းတက္ခါစ ကေလးငယ္ေတြ) မွာ အျဖစ္မ်ားပါတယ္။ ဗိုင္းရပ္စ္ပိုး ဝင္ၿပီးေနာက္မွာ ေခ်ာင္းဆိုးက်င့္ ပါသြားတတ္ၿပီးေတာ့ ဒီအက်င့္က ရက္သတၱပတ္၊ လ၊ ႏွစ္အထိေတာင္ ၾကာျမင့္နိုင္ပါတယ္။
>> အက်င့္ပါေနတဲ့ေခ်ာင္းရဲ့လကၡဏာေတြ
ေခ်ာင္းဆိုးက်င့္ပါေနတဲ့ ကေလးေတြမွာ တစ္မိနစ္ထဲမွာကို တဟြတ္ဟြတ္နဲ႔ ေခ်ာင္းအႀကိမ္မ်ားစြာ ဆိုးနိုင္ပါတယ္။ ၿပီးေတာ့ ဒီလိုေခ်ာင္းဆိုးတာက မိဘေတြ၊ ဆရာေတြနဲ႔ ဆရာဝန္၊ ဆရာမေတြ အနားမွာရွိေနတဲ့အခ်ိန္ေတြမွာဆိုရင္ ပိုဆိုးတတ္ပါတယ္။ တစ္ခါတေလက်ေတာ့လည္း တစ္ေန႔လုံးကို တဟြတ္ဟြတ္ ဆိုးေနတတ္ပါေသးတယ္။ ဒီေခ်ာင္းဆိုးတဲ့ပုံစံက အသံက်ယ္တယ္၊ ၾကမ္းတမ္းၿပီးေတာ့ ျပင္းထန္ပါတယ္။ ဒီလိုကေတာ့ ဆယ္ေက်ာ္သက္အရြယ္ မိန္းကေလးေတြမွာ ပိုၿပီးအျဖစ္မ်ားပါတယ္။ အသက္ ၇ ႏွစ္နဲ႔ ၁၀ ႏွစ္ၾကားအရြယ္ ေယာက်ာ္းေလးေတြမွာေတာ့ လည္ေခ်ာင္းကို ခဏခဏရွင္းတတ္ပါတယ္။
ဒီလိုေခ်ာင္းေတြက ျပင္းထန္တယ္လို႔ ထင္ရေပမယ့္လည္း တကယ္တမ္းကေတာ့ ေခ်ာင္းဆိုးတဲ့အခ်ိန္ေတြ ၾကားမွာဆိုရင္ အရမ္းေနရမခက္ေနပါဘူး။ နိုးေနတဲ့အခ်ိန္မွာပဲ ေခ်ာင္းဆိုးတာ မ်ားပါတယ္။ အသက္ရႉျမန္တာ၊ အသက္ရႉရင္ အသံျမည္တာေတြနဲ႔လည္း တြဲမျဖစ္တတ္ပါဘူး။ ဒီလိုျဖစ္ရင္ ဒါက ေနာက္ခံေရာဂါတစ္ခုခုရွိလို႔ ျဖစ္နိုင္ပါတယ္။
>> ကုထုံးမ်ား
ပထဆုံးအခ်က္အေနနဲ႔ ေခ်ာင္းဆိုးတာက ျပင္းထန္ေပမယ့္လည္း ဒါက စိုးရိမ္စရာမရွိဘူးဆိုတာကို သိရပါမယ္။ ၿပီးေတာ့ ကေလးကလည္း အမွန္ေတာ့ ႐ုပ္ပိုင္းဆိုင္ရာက ဘာျပသနာမွမရွိပါဘူး။ တစ္ခါတေလေတာ့လည္း ဘာမွမျဖစ္ပါဘူး၊ သူ႔ဟာသူ ေပ်ာက္သြားပါလိမ့္မယ္လို႔ ေသခ်ာေျပာျပေပးတာက ေရာဂါလကၡဏာေတြကို ေပ်ာက္သြားေစနိုင္ပါတယ္။
ေခ်ာင္းဆိုးတာေၾကာင့္ အသက္ရႉလမ္းေၾကာင္းကို ပိုၿပီးလႈံ႔ေဆာ္သလိုျဖစ္ၿပီးေတာ့ ေခ်ာင္းပိုဆိုးေစနိုင္ပါတယ္။ ဒါေၾကာင့္ဒီျဖစ္စဥ္ကိုျဖတ္နိုင္ေအာင္ႀကိဳးစားဖို႔လိုပါတယ္။ ေခ်ာင္းဆိုးေပ်ာက္ေစတဲ့ ငုံေဆးျပားေတြငုံတာ၊ ေရေလးတစ္ငုံေလာက္ ေသာက္လိုက္တာေတြက ေခ်ာင္းဆိုးခ်င္စိတ္ကို သက္သာေစပါတယ္။
ေခ်ာင္းမဆိုးတဲ့အခ်ိန္ေတြမွာ မိဘေတြအေနနဲ႔ ကေလးေတြကို ခ်ီးက်ဴးေျပာဆိုေပးတာ၊၊ စကားေကာင္းေလးေတြ ေျပာေပးတာေတြက အေရးႀကီးပါတယ္။
ဒီအက်င့္ပါေနလို႔ ဆိုးတဲ့ေခ်ာင္းက စိတ္ဖိစီးမႈေတြ၊ စိုးရိမ္ပူပန္မႈေတြနဲ႔ ဆက္စပ္ေနတတ္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးေတြ ၾကဳံရတဲ့အခါမွာ ကေလးေတြက ေခ်ာင္းပိုဆိုးတာမ်ိဳး ျဖစ္တတ္ပါတယ္။
ကေလးက သက္သာမလာဘူးဆိုရင္ ကေလးအထူးကုုနဲ႔ ကေလး စိတ္ေရာဂါအထူးကုု ဆရာဝန္တိုု႔နဲ႔ ေဆြးေႏြးဖို႔ အႀကံျပဳလိုုပါတယ္။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























