အစားရွေးလွန်းခြင်းက ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်နှေးစေနိုင်ပါသလား
နှောင့်နှေးသွားမလားဆိုတာက မိဘတိုင်းအတွက် စိုးရိမ်ရမယ့် ကိစ္စတစ်ရပ် ဖြစ်နေပါတယ်။ တကယ်တမ်းလည်း ကလေးတွေဟာ အစားရွေးလွန်းရင် အရပ်ထွက်တာ နှောင့်နှေးသွားနိုင်သလို ပုံမှန် ကြီးထွားဖွံ့ဖြိုးမှုမှာလဲ ထိခိုက်လာနိုင်ပါတယ်။
ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရဖြစ်စေမယ့် အစားအစာတွေကို အချိုးကျကျ ကျေွးပေးဖို့ လိုအပ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကို လူကြီးတစ်ယောက်လို တစ်နေ့ ၃ ကြိမ်ကျွေးရုံနဲ့ မလုံလောက်ပါဘူး။ တစ်နေ့ ၆ ကြိမ် ကျွေးပေးဖို့ လိုအပ်ပါတယ်။
ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မိခင်တွေရဲ့ မေးမြန်းဆွေးနွေးမှုများ (အပိုင်း - ၁) ကို အာဟာရဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာညီညီကျော်က အခုလို ပြန်လည်ဖြေကြားပေးထားပါတယ်။
= = = = = = = =
ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုများနှင့်ပတ်သက်ပြီး Dr Myanmar မှ ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။






























