အစားအစာတွေမှာပါနေတဲ့ဓာတုပစ္စည်းတွေကြောင့် စိတ်ညစ်နေရပြီလား?
ကိုယ့်ကလေးတွေစားနေတဲ့အစားအသောက်မှာ ဓာတုပစ္စည်းတွေပါနေတာ မေမေဖေဖေတို့သိကြရဲ့လား?
အခုခေတ်မှာ ပိုက်ဆံလည်းရှာရ၊ ကလေးလည်းထိန်းရတဲ့ ခေတ်သစ်မေမေဖေဖေတွေအတွက်တော့ အသင့်စားအစားအသောက်၊ စည်သွပ်ဘူးတွေကို အားကိုးလာရတာ အပြစ်တော့မဆိုသာဘူးပေါ့လေ။ ဒါပေမယ့် ဒီပလတ်စတစ်ဘူးတွေ၊ အစားအသောက်တွေမှာ ပါတဲ့ဓာတုပစ္စည်းတွေကတော့ ကလေးတွေကိုအရမ်းကိုဘေးဖြစ်စေတယ်လို့ အမေရိကန်ကလေးဆေးပညာဌာနကလည်း ပြောထားတယ်ဆိုတော့ မေမေဖေဖေတို့ နည်းနည်းတော့ မျက်ခုံးလှုပ်သင့်ပြီ။
ပလတ်စတစ်တွေဒုက္ခပေးတာကိုတော့ ကောင်းကောင်းသိကြမှာပါ။ ဒါကြောင့်လည်း ကလေးနို့ဘူးတွေကို BPA မပါတာ ရွေးသုံးလေ့ရှိကြတာပေါ့။
ဒါပေမယ့်အခုနောက်ပိုင်း လေ့လာမှုတွေမှာ ထုပ်ပိုးပြင်ဆင်မှုတွေ၊ စည်သွပ်ဘူးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေဟာလည်း အဝလွန်တာနဲ့ ဟော်မုန်းပုံမမှန်တာတွေ ဖြစ်စေနိုင်တယ်လို့ တွေ့လာရတယ်။
တချို့ဓာတုပစ္စည်းတွေဆို အပျို၊လူပျိုဖော်အဝင်စောစေတာ၊ မြုံစေတာ၊ ကိုယ်ခံစွမ်းအားနဲ့သိုင်းရိုက်ကမောက်ကမဖြစ်စေတာတွေတင်မကဘဲန့ဲ ကင်ဆာရောဂါတေွတောင် ဖြစ်စေနိုင်သတဲ့။
အထူးသဖြင့် ကလေးလေးတွေနဲ့ သနေ္ဓသားလေးတွေမှာ ပိုပြီးခံစားရတတ်တယ်။ ဟုတ်နိုင်ပါ့မလားမတွေးနဲ့နော်။ ကယ်လီဖိုးနီးယားတက္ကသိုလ်က လေ့လာမှုတစ်ခုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ သွေးထဲ ဓာတုပစ္စည်းတစ်ဒါဇင်လောက် တွေ့ရတာ သက်သေပဲမဟုတ်ဘူးလား။
ဒီဓာတုပစ္စည်းတွေထဲမှာ ကင်ဆာနဲ့အခြားရောဂါတွေ ဖြစ်စေတတ်တဲ့ Bisphenol-A၊ အခြားပလတ်စတစ်ပစ္စည်း၊ပလတ်စတစ်ပိုက်၊ပလတ်စတစ်ရေဘူးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေတင်မကသေးဘူး၊ FDA ကတားမြစ်ထားတဲ့ပစ္စည်းတွေတောင် ပါနေတယ်။
ကဲဒါဆို ဘယ်ဓာတုပစ္စည်းတွေကို ရှောင်သင့်သလဲ ကြည့်ကြည့်ရအောင်နော်။
မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို ဘာတွေကျွေးနေမိလဲ သေချာပြန်ကြည့်ရတော့မယ်။ ကလေးတွေစားတဲ့အစားအသောက်ပမာဏကို သူတို့ကိုယ်ခန္ဓာအလေးချိန်နဲ့ ပြန်တွက်ကြည့်လိုက်ရင် လူကြီးတွေထက်တောင် ပိုများနေတာကို တွေ့ရမှာပါ။ ဒါကြောင့် အစားအသောက်မှာပါတဲ့ ဓာတုပစ္စည်းဒဏ်ကို ပိုခံရတာပေါ့။
ပမာဏနည်းနည်းလေးစားမိရုံနဲ့တင် ဟော်မုန်းကမောက်ကမတွေ ဖြစ်စေနိုင်တယ်တဲ့နော်။
ဒီဓာတုပစ္စည်းတွေဟာ ဦးနှောက်ဖွံ့ဖြိုးမှု၊ မျိုးပွားအင်္ဂါဖွံ့ဖြိုးမှုနဲ့ ဇီဝကမ္မဖြစ်စဉ်တွေမှာပါတဲ့ ဟော်မုန်းတွေရဲ့အလုပ်လုပ်ပုံကို တုပပြီးဖြစ်ဖြစ်၊ ပိတ်ဆို့ပြီးဖြစ်ဖြစ် ကမောက်ကမဖြစ်အောင် လုပ်ပစ်တတ်တယ်။
ဒီလိုဆိုးကျိုးအဖြစ်များတဲ့ဓာတုပစ္စည်းတွေကို သိထားသင့်တာပေါ့
1.Nitrate နဲ့ Nitrites : အသားတာရှည်ခံဆေး
2.Phthalates : ပလတ်စတစ်ထုပ်ပိုးမှုမှာသုံးတဲ့ ပစ္စည်းတွေ
3.Bisphenols : စည်သွပ်ဘူးအတွငး်သားမှာပါတဲ့ပစ္စည်းတွေ
4.Perfluoroalkyl chemicals : ဆီစုပ်စက္ကူ နဲ့ ထုပ်ပိုးမှုတွေမှာပါတဲ့ ပစ္စည်းတွေ
5.Perchlorates : ပလတ်စတစ်ထုပ်ပိုးမှုမှာပါတဲ့ ပစ္စည်းတွေ
ဒီလိုဆိုးကျိုးတွေမခံစားချင်ဘူးမဟုတ်လား။ ဒါဆိုရင် ဘယ်လိုလျော့နည်အောင်လုပ်ကြမလဲ?
တကယ်ဆိုရင် ဘယ်ဟာကိုမဆို မသုံးစွဲခင် အဆိပ်ဓာတ်စစ်ဆေးမှုလုပ်သင့်တယ်။ ဒါပေမယ့် ဒီလိုလုပ်ဖို့ဆိုတာကလည်း သိပ်တော့မလွယ်ဘူးပေါ့။
ဒါကြောင့် ဖြစ်နိုင်ရင် ပလတ်စတစ်ပစ္စည်းတွေ အသုံးလျော့ပြီး လတ်ဆတ်သန့်ရှင်းတဲ့အစားအသောက်ကို စားပေးသင့်တာပေါ့။ ဒါတင်မကဘူး။ အသင့်စားအစားအသောက်တွေကိုလည်း ရှောင်ပေးရင် ပိုကောင်းတယ်။
ဒီနည်းလမ်းလေးတွေကို လိုက်ပြီးလုပ်ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်နော်။
• ဖြစ်နိုင်ရင် လတ်လတ်ဆတ်ဆတ် အသီးအနှံဟင်းသီးဟင်းရွက်တွေ စားပေးပါ။
• အစားအသောက်တွေကို ပလတ်စတစ်အိတ်နဲ့မထည့်နဲ့နော်။ ဖယောင်းစက္ကူ နဲ့ ပတ်ပေးလို့ရပါတယ်။
• အသင့်ပြုပြင်ထားတဲ့အသားတွေကို မစားနဲ့နော်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မေမေတွေ ပိုသတိထားပါ။
• အစားအသောက်တွေကို ပလတ်စတစ်ဘူးနဲ့ထည့်ပြီး အပူပေးတာမျိုး ရှောင်သင့်တာပေါ့။
• ပန်းကန်ဆေးစက်ထဲ ပလတ်စတစ်ဘူးတွေ မထည့်ပါနဲ့။
• ဖြစ်နိုင်ရင် ပလတ်စတစ်ပစ္စည်းတွေအစား ဖန်ခွက်၊ စတီးခွက်တွေ သုံးကြည့်ကြည့်ပါ။
• အသီးအနှံဟင်းသီးဟင်းရွက်တွေကို သေသေချာချာဆေးကြောပေးရမယ်။
(Uniocode)
ကိုယ့ျကလေးတှစေားနတေဲ့အစားအသောကျမှာ ဓာတုပစ်စညျးတှပေါနတော မမေဖေဖေတေို့သိကွရဲ့လား?
ဒီလိုဆိုးကြိုးအဖွဈမြားတဲ့ဓာတုပစ်စညျးတှကေို သိထားသင့ျတာပေါ့
2.Phthalates : ပလတျစတဈထုပျပိုးမှုမှာသုံးတဲ့ ပစ်စညျးတှေ
4.Perfluoroalkyl chemicals : ဆီစုပျစက်ကူ နဲ့ ထုပျပိုးမှုတှမှောပါတဲ့ ပစ်စညျးတှေ
5.Perchlorates : ပလတျစတဈထုပျပိုးမှုမှာပါတဲ့ ပစ်စညျးတှေ
• အစားအသောကျတှကေို ပလတျစတဈအိတျနဲ့မထည့ျနဲ့နောျ။ ဖယောငျးစက်ကူ နဲ့ ပတျပေးလို့ရပါတယျ။






























