အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်သော ကလေးတစ်ယောက် (Progressive Kid) ဖြစ်လာစေဖို့
မိမိတို့ကလေးကို အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်နိုင်စေချင်တာ မိဘတိုင်းရဲ့ မျှော်လင့်ချက်ပါ။ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကလေးတစ်ယောက်ဟာ ဉာဏ်ကောင်းတယ်ဆိုတာထက်ပိုတဲ့ ဖြတ်ထိုးဉာဏ်ကောင်းခြင်း၊ ကျန်းမာသွက်လက်ခြင်းနဲ့ ပေါင်းသင်းဆက်ဆံတတ်ခြင်းဆိုတဲ့ စတဲ့ အရည်အချင်းတွေရှိဖို့ လိုအပ်ပါတယ်။ ဒီလို အရည်အချင်းတွေ ပိုင်ဆိုင်ပြီး အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်တဲ့ ကလေးတစ်ယောက် (Progressive Kid) ဖြစ်စေချင်တယ်ဆိုရင် မိဘတွေအနေနဲ့ ဒီအချက်လေးတွေကို ကလေးဆီမှာ ငယ်စဉ်ကတည်းကရှိအောင် သင်ကြားပေးထားသင့်ပါတယ်။
>> အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်တဲ့ ကလေးတစ်ယောက် (Progressive Kid) ဖြစ်ဖို့ မိဘတွေအနေနဲ့ ဘယ်လိုပြုစုပျိုးထောင်ပေးသင့်သလဲ?
ဘဝအစ ပထမဆုံးငါးနှစ်ဟာ ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါဆုံးကာလ ဖြစ်ပါတယ်။ ဒီကာလမှာ ဖေဖေမေမေတို့ ပြုစုပျိုးထောင်ပေးလိုက်တဲ့ အကျင့်လေးတွေကို ကလေးအနေနဲ့ သူ့ဘဝတစ်လျှောက်လုံးမှာ စွဲမြဲမှတ်သားသွားမှာပါ။ ဒါကြောင့် ဒီကာလမှာ မိဘတွေအနေနဲ့ ကလေးကို ပိုပြီးဂရုတစိုက်နဲ့ ပြုစုပျိုးထောင်သင့်ပါတယ်။
Dugro IA 1
>> ဖြတ်ထိုးဉာဏ်ကောင်းဖို့ ဘယ်လိုလုပ်ပေးသင့်သလဲ?
စာမှစာချည်းပဲမဟုတ်ဘဲ ပြင်ပဗဟုသုတတွေ၊ အသစ်အဆန်းတွေ လေ့လာခိုင်းပါ။ 5 မိနစ်လောက်ပဲဖြစ်ဖြစ် နေ့စဉ် တရားထိုင်ခိုင်းပါ။ ကောင်းစွာ အိပ်စက်အနားယူစေပါ။ ဒီအချက်တွေက ဖြတ်ထိုးဉာဏ်ကောင်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။
>> ကျန်းမာသွက်လက်စေဖို့ ဘယ်လိုလုပ်ပေးသင့်သလဲ?
အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျန်းမာရေးကောင်းနေဖို့က အရေးကြီးလို့ ကလေးကို အာဟာရစုံလင်စွာ ကျွေးပေးပါ။ ကိုယ်ခံအားကောင်းဖို့နဲ့ ဉာဏ်ရည်ထက်မြက်ဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေကို အဓိကထားပြီး ကျွေးပေးသင့်ပါတယ်။ ဉာဏ်ရည်ထက်မြက်ဖို့အတွက် ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့ DHA၊ ကိုယ်ခံအားကောင်းဖို့အတွက် ဗီတာမင်နဲ့သတ္တုဓာတ်များ အထူးသဖြင့် Antioxidant ဂုဏ်သတ္တိရှိတဲ့ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင်စီနဲ့ သွေးအားကောင်းစေတဲ့ သံဓာတ်၊ အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်စေဖို့ lcFOS နဲ့ Inulin စတဲ့ အမျှင်ဓာတ်များ ကျွေးပေးဖို့ လိုအပ်ပါတယ်။ ဖော်စပ်စာနဲ့ ဖော်မြူလာနို့တွေ တိုက်ကျွေးမယ်ဆိုရင်လည်း ဒီလိုဓာတ်တွေ အစုံအလင်ပါတဲ့ ဖော်စပ်စာနဲ့ ဖော်မြူလာနို့တွေကို ရွေးချယ်တိုက်ကျွေးပေးဖို့ လိုပါတယ်။
လှုပ်ရှားသွက်လက်နေဖို့အတွက် အသက်ငါးနှစ်အောက် ကလေးတွေဆိုရင် တစ်နေ့တာရဲ့ အချိန်တော်တော်များများကို တက်တက်ကြွကြွ ကစားခိုင်းပါ။ ပန်းခြံထဲခေါ်သွားပြီး လမ်းလျှောက်ခိုင်းတာ၊ ကစားကွင်းခေါ်သွားပြီး ကစားခိုင်းတာမျိုး ပြုလုပ်ပေးပါ။
ကျောင်းနေအရွယ်ကလေးတွေ ဆိုရင်တော့ တစ်နေ့ကို တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်ဖို့ လိုသလို ကျန်တဲ့အချိန်တွေကိုလည်း တက်တက်ကြွကြွနေထိုင်ဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ဆော့ကစားစေပါ။ ဒီလိုလုပ်ဆောင်ပေးခြင်းဟာ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ လိုအပ်တဲ့ စိတ်ခံစားချက်တွေကို တိုးတက်စေပြီး အစုအဖွဲ့နဲ့ လုပ်ဆောင်တတ်စေဖို့ကို ကူညီပေးနိုင်ပါတယ်။
Dugro IA 2
>> ပေါင်းသင်းဆက်ဆံတတ်အောင် ဘယ်လိုလုပ်ပေးသင့်သလဲ?
အထီးကျန်တဲ့ကလေးတစ်ယောက်ဟာ ပေါင်းသင်းဆက်ဆံရေး မကောင်းနိုင်ပါဘူး။ ဒါကြောင့် မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနေပါ။ ကလေးကို အချိန်ပေးပါ။
နောက်ပြီး တစ်ဖက်သားကို စာနာတတ်ဖို့ သင်ပေးပါ။ ဒီလိုစာနာသနားတတ်ဖို့ဆိုရင် ကလေးတွေအနေနဲ့ စိတ်ခံစားချက်ကို ထိန်းတတ်ဖို့ လိုအပ်ပါတယ်။ စိတ်ခံစားချက် ထိန်းနိုင်ဖို့အတွက် ဖေဖေမေမေတို့ သင်ကြားပေးသင့်တာက စိတ်ခံစားချက်တိုင်းဟာ လက်ခံလို့ရပေမယ့် ဒီခံစားချက်ကြောင့် ဖြစ်လာမယ့် အပြုအမူတိုင်းကိုတော့ လက်ခံလို့မရနိုင်ကြောင်း၊ ဥပမာ စိတ်ဆိုးစိတ်တိုလို့ရပေမယ့် မအော်ဟစ်၊ မသောင်းကျန်းသင့်ကြောင်း ရှင်းပြပါ။ ငယ်ငယ်တည်းက စိတ်ခံစားချက်ကို ထိန်းထားနိုင်ခဲ့ရင် ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေပြီး ကြီးလာတဲ့အခါ လုပ်ငန်းခွင်ထဲမှာလည်း အဆင်ပြေမှာပါ။
ဒါ့အပြင် အကောင်းမြင်တတ်ဖို့လည်း လိုအပ်ပါသေးတယ်။ အရာရာကို အကောင်းမြင်တတ်တဲ့ကလေးဟာ ရောင့်ရဲတင်းတိမ်တတ်ပြီး ပိုမိုပျော်ရွှင်ရလို့ ကိုယ့်ကိုယ်ကို ပိုကျေနပ်ကာ ဘဝမှာ ပိုမိုအောင်မြင်ပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ မိဘတွေ လုပ်ပေးသင့်တာကတော့ ကလေးအပေါ် နွေးထွေးပြီး နားလည်မှုပေးတတ်တဲ့ မိဘတွေဖြစ်အောင် ကြိုးစားပေးပါ။ ချစ်တာကို ချစ်ကြောင်းပြပေးပါ။ ကလေးအပေါ် နွေးနွေးထွေးထွေး ဆက်ဆံပေးပါ။ ကလေးကို အော်ငေါက်ရိုက်နှက်တာမျိုး မလုပ်မိပါစေနဲ့။
အခုပြောပြခဲ့တဲ့ အချက်တွေကို သေချာလိုက်နာမယ်ဆိုရင် ငယ်စဉ်ကတည်းက ဉာဏ်ကောင်းတာထက်ပိုပြီး အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာတဲ့ ကလေးတွေ (Progressive Kids) ဖြစ်လာမှာ အမှန်ပဲမို့ လိုက်ပါလုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်နော်။
Dr. Aye Hsu Mon (www.drmyanmar.com)