အရုပ်လေးတွေနဲ့ ပတ်သက်တဲ့အန္တရာယ်
ကလေးလေးတွေ မြတ်နိုးတဲ့ အလေးထားတဲ့ အရုပ်လေးတွေကလည်း အခန့်မသင့်ရင် ပြသနာကြီးကြီးတက်နိုင်တယ်နော်။ ဘယ်လိုအရုပ်တွေက ကလေးတွေအတွက် အန္တရာယ်မကင်းဘူးလဲကြည့်ကြရအောင်။
• ဘောလုံးအသေးလေးတွေနဲ့ ဂေါ်လီလုံးလေးတွေဟာ အခန့်မသင့်ရင် ပါးစပ်ထဲကိုကောက်ထည့်လိုက်ရင်း လည်မျိုအစ်သွားတာ အသက်ရှူလမ်းကြောင်းပိတ်ဆို့တာတွေ ဖြစ်စေပါတယ်။
• သံလိုက်တုံးလေးတွေကို မျိုချမိတဲ့အခါ အူနံရံတွေကို စုတ်ပြဲသွားစေပြီး သွေးယိုစေပါတယ်။
• အသက်၈ နှစ်အောက်ကလေးတွေကို ဘောလုံးပေးမမှုတ်ပါနဲ့တဲ့။ ဘောလုံးမှုတ်ရင်း ကလေးတွေ အသက်ရှူကြပ်တာ၊ အသက်ရှူ ခက်တာတွေ ကြုံတွေ့ရတတ်ပါတယ်။
Ceelin 1
• ဘက်ထရီကားလေးတွေ ရီမို့တွေ ဂဏန်းတွက်စက်တွေရဲ့ ဘက်ထရီတွေက သေးငယ်တာကြောင့် ကောက်မျိုချလိုက်တာ နှာခေါင်းထဲဝင်သွားတာတွေ ဖြစ်နိုင်ပါတယ်။
• ပန်းနာရင်ကြပ် ရှိသူ ချောင်းဆိုးရင်ကြပ်တတ်တဲ့ကလေးကို မွေးပွရုပ်တွေနဲ့ ပေးမဆော့ပါနဲ့။ အမွှေးတွေ အစအနတွေက ကလေးကို အသက်ရှူလမ်းကြောင်း ပိုမို ပိတ်စေပါတယ်။
• အရုပ်ထည့်တဲ့ အဖုံးပါတဲ့ ကန်တွေအိတ်တွေ ဘူးကြီးကြီးတွေကို သတိထားပါ။ ဘူးထဲ အရုပ်သေတ္တာထဲကို ကလေးကခေါင်းထိုးကြည့်ရင်း အပိတ်ပြန်ပိတ်ရင်း လက်ညပ်တာ၊ ခေါင်းညပ်တာတွေ ကြုံရတတ်ပါတယ်။
• ကလေးတွေကို အန္တရာယ်ကင်းကင်းဆော့ကစားနိုင်ဖို့ ကိုယ့်ရှေ့မှာပဲ ထားတာအကောင်းဆုံးပါ။ သူတို့ဆော့နေချိန်မှာ စောင့်ကြည့်ပါ။ အလေးထားဂရုတစိုက်ရှိတာဟာ ပြဿနာအတော်များများကို ကာကွယ်နိုင်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Ceelin 2
(Unicode)






























