/
news/ကလေးများနှင့်ကျန်းမာရေး/အရွယ်နည်းနည်းရလာတဲ့-ကလေးတွေကို-ပေးလုပ်သင့်တဲ့အရာတွေ

အရွယ်နည်းနည်းရလာတဲ့ ကလေးတွေကို ပေးလုပ်သင့်တဲ့အရာတွေ

Category
ကလေးများနှင့်ကျန်းမာရေး

1.  မီးဖိုချောင်သုံးပစ္စည်းတွေကို ကိုင်ခိုင်းပါ။ ကလေးတွေက မီးဖိုချောင်ထဲက အလုပ်တွေကို အရမ်းစိတ်ဝင်စားတတ်ကြပါတယ်။ ဓားတွေ၊ ခရင်းတွေ၊ မီးဖိုတွေရှိလို့ အန္တရာယ်ရှိနိုင်တယ်ဆိုပေမယ့် လူကြီးတွေက စောင့်ကြည့်နေပြီး အသီးပေးခွာတာမျိုး၊ အရွက်လေးတွေ လှီးခိုင်းတာမျိုး၊ ဟင်းအိုးမွှေခိုင်းတာမျိုးတွေ ပေးလုပ်ပါ။
2.  အမြင့်ကို ပေးတက်ပါ။ သိပ်မမြင့်တဲ့ သစ်ပင်ပေါ်တက်တာ၊ ပြတင်းပေါက်ဘောင်ပေါ် တတ်တာမျိုးပေါ့။ နောက်မလုပ်နဲ့၊ ခေါင်းကွဲမယ်ဆိုတာမျိုးထက် တော်လိုက်တာ၊ လုပ်ပြပါဦးဆိုတဲ့ ချီးကျူးစကားတွေ ပိုလိုအပ်ပါတယ်။ ပြုတ်ကျတာကို ကာကွယ်ပေးဖို့တော့ ဘေးမှာ စောင့်ကြည့်နေပါ။
3.  ကလေးကို လျှောတွေ၊ လှိုဏ်ခေါင်းလိုနေရာမျိုးတွေနဲ့ ပေးဆော့ပါ။ မိဘတွေအနေနဲ့ ထိခိုက်ဒဏ်ရာရမှာကို စိုးရိမ်တတ်ကြပေမယ့် ဒီလိုပေးဆော့တာဟာ ကလေးကို ကိုယ့်တာဝန် ကိုယ်ယူစေတတ်တဲ့အပြင် အသစ်အဆန်းကို လေ့လာလိုစိတ်ပါ ရရှိစေပါတယ်။
4.  စာရွက်ဖြတ်တဲ့ ကက်ကြေးလိုပစ္စည်းတွေ ပေးသုံးဖို့ စိတ်မပူပါနဲ့။ ကလေးတွေအနေနဲ့ လူကြီးတွေလောက် အန္တရာယ်ကို ကြိုမမြင်၊ မကြောက်တတ်ပေမယ့် အန္တရာယ်မရှိအောင် သုံးတဲ့နည်းကိုတော့ သင်လွယ်၊ တတ်လွယ်ပါတယ်။ ဒါကြောင့် ပထမဆုံးအကြိမ်မှာ ဘေးကနေ သေချာသင်ပေးထားပြီး နောက်ပိုင်း သုံးရင်း ပိုပြီးကျွမ်းကျင်လာပါလိမ့်မယ်။
5.  စက်ဘီးစီးခါစ၊ စကိတ်စီးခါစတွေမှာ ချော်လဲပြီး တစ်ခုခုဖြစ်မှာ မစိုးရိမ်ပါနဲ့။ ဒီလိုနဲ့ပဲ တက်သွားကြပြီး ကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်ပြီး ရင့်ကျက်လာကြတာပါ။
6.  မိဘတွေဟာ ပိုးမွှားတွေကူးမှာ၊ ယားနာတွေပေါက်မှာ၊ ညစ်ပတ်မှာ စိုးရိမ်ပြီး ကလေးတွေ သဲတွေ၊ ရွှံတွေနဲ့ ဆော့တာ မကြိုက်ကြပါဘူး။ တစ်ခါတလေမှာ အဲလို ပိုးမွှားလေးတွေနဲ့ ထိတွေ့ပေးတာကလည်း ကိုယ်ခံအားကို မြှင့်တင်ပေးလိုက်သလို ဖြစ်တတ်ပါတယ်။

Nutrilin IA 1

>>  ဒီလိုအန္တရာယ်ရှိတဲ့ကိစ္စတွေကို ပြုလုပ်ထားတဲ့ ကလေးတွေဟာ -
●  အသင်းအဖွဲ့နဲ့ လုပ်ဆောင်တတ်လာတယ်။
●  တာဝန်ယူတတ်လာတယ်။
●  ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာစေတယ်။
●  လေ့လာအားကောင်းပြီး မေးခွန်းတွေ ထုတ်တတ်လာတယ်။
●  စိတ်ကူးစိတ်သန်းတွေ ကောင်းမွန်လာပါတယ်။

Dr. Htar (www.drmyanmar.com)

Nutrilin IA 2

(Zawgyi)

1.  မီးဖိုေခ်ာင္သုံးပစၥည္းေတြကို ကိုင္ခိုင္းပါ။ ကေလးေတြက မီးဖိုေခ်ာင္ထဲက အလုပ္ေတြကို အရမ္းစိတ္ဝင္စားတတ္ၾကပါတယ္။ ဓားေတြ၊ ခရင္းေတြ၊ မီးဖိုေတြရွိလို႔ အႏၲရာယ္ရွိႏိုင္တယ္ဆိုေပမယ့္ လူႀကီးေတြက ေစာင့္ၾကည့္ေနၿပီး အသီးေပးခြာတာမ်ိဳး၊ အ႐ြက္ေလးေတြ လွီးခိုင္းတာမ်ိဳး၊ ဟင္းအိုးေမႊခိုင္းတာမ်ိဳးေတြ ေပးလုပ္ပါ။
2.  အျမင့္ကို ေပးတက္ပါ။ သိပ္မျမင့္တဲ့ သစ္ပင္ေပၚတက္တာ၊ ျပတင္းေပါက္ေဘာင္ေပၚ တတ္တာမ်ိဳးေပါ့။ ေနာက္မလုပ္နဲ႔၊ ေခါင္းကြဲမယ္ဆိုတာမ်ိဳးထက္ ေတာ္လိုက္တာ၊ လုပ္ျပပါဦးဆိုတဲ့ ခ်ီးက်ဴးစကားေတြ ပိုလိုအပ္ပါတယ္။ ျပဳတ္က်တာကို ကာကြယ္ေပးဖို႔ေတာ့ ေဘးမွာ ေစာင့္ၾကည့္ေနပါ။
3.  ကေလးကို ေလွ်ာေတြ၊ လႈိဏ္ေခါင္းလိုေနရာမ်ိဳးေတြနဲ႔ ေပးေဆာ့ပါ။ မိဘေတြအေနနဲ႔ ထိခိုက္ဒဏ္ရာရမွာကို စိုးရိမ္တတ္ၾကေပမယ့္ ဒီလိုေပးေဆာ့တာဟာ ကေလးကို ကိုယ့္တာဝန္ ကိုယ္ယူေစတတ္တဲ့အျပင္ အသစ္အဆန္းကို ေလ့လာလိုစိတ္ပါ ရရွိေစပါတယ္။
4.  စာ႐ြက္ျဖတ္တဲ့ ကက္ေၾကးလိုပစၥည္းေတြ ေပးသုံးဖို႔ စိတ္မပူပါနဲ႔။ ကေလးေတြအေနနဲ႔ လူႀကီးေတြေလာက္ အႏၲရာယ္ကို ႀကိဳမျမင္၊ မေၾကာက္တတ္ေပမယ့္ အႏၲရာယ္မရွိေအာင္ သုံးတဲ့နည္းကိုေတာ့ သင္လြယ္၊ တတ္လြယ္ပါတယ္။ ဒါေၾကာင့္ ပထမဆုံးအႀကိမ္မွာ ေဘးကေန ေသခ်ာသင္ေပးထားၿပီး ေနာက္ပိုင္း သုံးရင္း ပိုၿပီးကြၽမ္းက်င္လာပါလိမ့္မယ္။
5.  စက္ဘီးစီးခါစ၊ စကိတ္စီးခါစေတြမွာ ေခ်ာ္လဲၿပီး တစ္ခုခုျဖစ္မွာ မစိုးရိမ္ပါနဲ႔။ ဒီလိုနဲ႔ပဲ တက္သြားၾကၿပီး ကေလးေတြဟာ ႐ုပ္ပိုင္းဆိုင္ရာသာမက စိတ္ပိုင္းဆိုင္ရာပါ ႀကံ့ခိုင္ၿပီး ရင့္က်က္လာၾကတာပါ။
6.  မိဘေတြဟာ ပိုးမႊားေတြကူးမွာ၊ ယားနာေတြေပါက္မွာ၊ ညစ္ပတ္မွာ စိုးရိမ္ၿပီး ကေလးေတြ သဲေတြ၊ ႐ႊံေတြနဲ႔ ေဆာ့တာ မႀကိဳက္ၾကပါဘူး။ တစ္ခါတေလမွာ အဲလို ပိုးမႊားေလးေတြနဲ႔ ထိေတြ႕ေပးတာကလည္း ကိုယ္ခံအားကို ျမႇင့္တင္ေပးလိုက္သလို ျဖစ္တတ္ပါတယ္။

>>  ဒီလိုအႏၲရာယ္ရွိတဲ့ကိစၥေတြကို ျပဳလုပ္ထားတဲ့ ကေလးေတြဟာ -
●  အသင္းအဖြဲ႕နဲ႔ လုပ္ေဆာင္တတ္လာတယ္။
●  တာဝန္ယူတတ္လာတယ္။
●  ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ ရွိလာေစတယ္။
●  ေလ့လာအားေကာင္းၿပီး ေမးခြန္းေတြ ထုတ္တတ္လာတယ္။
●  စိတ္ကူးစိတ္သန္းေတြ ေကာင္းမြန္လာပါတယ္။

Dr. Htar (www.drmyanmar.com)