/
news/ကလေးများနှင့်ကျန်းမာရေး/အသက်တစ်နှစ်အောက်မှာ-အဖြစ်များတဲ့-မျက်လုံးအ‌မြှေးပါး‌ရောင်ခြင်း
အသက်တစ်နှစ်အောက်မှာ အဖြစ်များတဲ့ မျက်လုံးအ‌မြှေးပါး‌ရောင်ခြင်း
Category
ကလေးများနှင့်ကျန်းမာရေး
      အသက်တစ်နှစ်‌အောက်က‌လေးငယ်‌တွေမှာ ဗိုင်းရပ်စ်ပိုး (သို့) ဘက်တီးရီးယားပိုး (သို့) မျက်ရည်ပြွန်ပိတ်ပြီး မျက်လုံးအ‌မြှေးပါး ရောင်တတ်ပါတယ်။ လက္ခဏာတွေက‌တော့ -
♦    မျက်ရည် အရမ်းထွက်ခြင်း
♦    မျက်သားတွေနီပြီးရောင်ခြင်း
♦    မျက်ဝတ်ထွက်ခြင်း
Ceelin 1
>>    ကုထုံးများ
●       ပိုးသတ်‌ဆေးပါတဲ့မျက်စဉ်း -  ဒီမျက်စဉ်းကို ‌ဆေးဆိုင်က အလွယ်ဝယ်လို့ရ‌ပေမယ့်လည်း ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ ခပ်‌ပေးတာက‌တော့ အ‌ကောင်းဆုံးပါ။
●       မျက်လုံးနဲ့ နှာ‌ခေါင်း‌နေရာ‌လေး‌တွေကို ညင်ညင်သာသာနဲ့ နှိပ်နယ်‌ပေးတာကလည်း ‌ကောင်းပါတယ်။ သန့်ရှင်းတဲ့ အဝတ်စ‌လေးကို ‌ရေ‌နွေးထဲမှာ နှစ်ပြီးတော့ က‌လေးရဲ့ နှာ‌ခေါင်းနဲ့ မျက်လုံးဝန်းကျင်ကို နှိပ်နယ်ပေးပါ။ တစ်‌နေ့ကို ၃-၅ ကြိမ်‌လောက် လုပ်‌ပေးမယ်ဆိုရင် ပိတ်‌နေတဲ့ ဂလင်း‌တွေကို ပွင့်‌စေပြီး‌တော့ မျက်ဝတ်‌တွေကို ဆင်းသွား‌စေပါတယ်။
●       ဆား‌ရေ‌နွေးကုထုံး - ‌ရေ‌နွေးဆူဆူတစ်ခွက်ထဲမှာ ဆားနည်းနည်းထည့်ပြီး‌တော့ က‌လေး ခံနိုင်‌လောက်တဲ့ အပူရ‌အောင် ထားပါ။ ပြီးမှ ဂွမ်းလုံး‌လေးတစ်လုံးကို ယူ၊ အဲထဲမှာနှစ်ပြီး က‌လေးရဲ့မျက်ခွံ‌လေး‌ပေါ်ကို ညင်ညင်သာသာ‌လေး ပွတ်‌ပေးပါ။ ဒီလို‌လေးတစ်‌နေ့ ၂-၃ ကြိမ်‌လောက် လုပ်‌ပေးမယ်ဆိုရင် က‌လေးကို သက်သာ‌စေပြီး‌တော့ မျက်ဝတ်‌တွေကိုလည်း သက်သာ‌စေပါတယ်။
www.drmyanmar.com
Ceelin 2
(Zawgyi)
♦    မျက်ဝတ်ထွက်ခြင်း
>>    ကုထုံးများ
www.drmyanmar.com