အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားရတဲ့အခါ
ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်းနဲ့ ကိုယ်ပူခြင်းတို့ ဖြစ်ပေါ်လာပါက -
(၁) အိမ်တွင်နေပါ။
● အလုပ်၊ ကျောင်းနဲ့ လူများတဲ့နေရာတွေ မသွားပါနဲ့။
● မဖြစ်မနေ သွားရမည်ဆိုပါက အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်များ၊ တက္ကစီကားများကို မစီးပါနဲ့။
● အခြားသူများနဲ့ အတူတကွ စီးနင်းခြင်းများကိုလည်း ရှောင်ကြဉ်ပါ။
(၂) သီးသန့်ခွဲနေပါ။
● မိသားစုဝင်များ မကူးစက်စေရန် ဖြစ်နိုင်ပါက အိမ်တွင် သီးသန့်အခန်းတစ်ခန်းထား၍ နေပါ။
● ရေချိုးခန်း၊ အိမ်သာကို သီးသန့်သုံးပါ။
● အခန်းအပြင်ထွက်ပါက နှာခေါင်းစည်း (mask) တပ်ပါ။
(၃) မိမိကိုယ်ကို ဂရုစိုက်ပါ။
● ရောဂါလက္ခဏာ ပိုဆိုးလာပါက သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများကို အကြောင်းကြားပါ။
(၄) ကျန်းမာရေးဝန်ထမ်းကို ခေါ်သည့်အခါ (သို့မဟုတ်) ဆေးရုံ၊ ဆေးခန်း သွားပြရန် လိုလာသည့်အခါ မိမိခံစားနေရသည်များကို ကြိုတင်၍ ဖုန်းဆက်ပြောပြထားပါ။ COVID-19 ကူးစက်နိုင်သည့် ထိတွေ့မှု ရှိ၊ မရှိ ကြိုတင်၍ ပြောပြထားပါ။
(၅) အနားယူပါ၊ ရေဓာတ် ပြည့်ဝပါစေ။
● အိပ်ရေးဝအောင် အိပ်ပါ။
● အာဟာရပြည့်ဝသည့် အစားအစာများကို အချိန်မှန်မှန်စားပါ။
● ရေ/အသီးဖျော်ရည် များများသောက်ပါ။
Solmux Kids 1

(၆) နှာချေ၊ ချောင်းဆိုးလျှင် တစ်ခါသုံးတစ်ရှူးဖြင့် အုပ်ပြီး တစ်ရှူးကို အမှိုက်ပုံးထဲသို့ ချက်ချင်း လွှင့်ပစ်ပါ။ (တံတောင်ဆစ်နှင့် ကာလျှင်လဲရ)
(၇) မကြာခဏ လက်ဆေးပါ။
● ဆပ်ပြာနဲ့ရေကို သုံးပြီး စက္ကန့် (၂၀) ခန့်ကြာအောင် လက်ဆေးပေးပါ။ လက်ချောင်းကြားများနဲ့ လက်ကောက်ဝတ်များကိုပါ ဆေးပါ။
● ဆပ်ပြာမရှိလျှင် အယ်လ်ကိုဟော 60% အနည်းဆုံး ပါဝင်သည့် လက်သန့်ဆေးရည်နဲ့ ဆေးနိုင်ပါတယ်။
(၈) အသုံးအဆောင်ပစ္စည်းများကို မျှဝေသုံးစွဲခြင်း မပြုပါနဲ့။
(၉) လက်နဲ့ ထိတွေ့နိုင်တဲ့ မျက်နှာပြင်များ (ဖုန်း၊ စားပွဲ၊ ထိုင်ခုံ၊ တံခါးလက်ကိုင်) ကို သန့်စင်ဆေးရည်များဖြန်း၍ သန့်ရှင်းရေး လုပ်ပါ။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)
Solmux Kids 2

ေခ်ာင္းဆိုးျခင္း၊ အသက္႐ွဴရခက္ခဲျခင္းနဲ႔ ကိုယ္ပူျခင္းတို႔ ျဖစ္ေပၚလာပါက -
(၁) အိမ္တြင္ေနပါ။
● အလုပ္၊ ေက်ာင္းနဲ႔ လူမ်ားတဲ့ေနရာေတြ မသြားပါနဲ႔။
● မျဖစ္မေန သြားရမည္ဆိုပါက အမ်ားသုံးသယ္ယူပို႔ေဆာင္ေရးယာဥ္မ်ား၊ တကၠစီကားမ်ားကို မစီးပါနဲ႔။
● အျခားသူမ်ားနဲ႔ အတူတကြ စီးနင္းျခင္းမ်ားကိုလည္း ေရွာင္ၾကဥ္ပါ။
(၂) သီးသန႔္ခြဲေနပါ။
● မိသားစုဝင္မ်ား မကူးစက္ေစရန္ ျဖစ္ႏိုင္ပါက အိမ္တြင္ သီးသန႔္အခန္းတစ္ခန္းထား၍ ေနပါ။
● ေရခ်ိဳးခန္း၊ အိမ္သာကို သီးသန႔္သုံးပါ။
● အခန္းအျပင္ထြက္ပါက ႏွာေခါင္းစည္း (mask) တပ္ပါ။
(၃) မိမိကိုယ္ကို ဂ႐ုစိုက္ပါ။
● ေရာဂါလကၡဏာ ပိုဆိုးလာပါက သက္ဆိုင္ရာ က်န္းမာေရးဝန္ထမ္းမ်ားကို အေၾကာင္းၾကားပါ။
(၄) က်န္းမာေရးဝန္ထမ္းကို ေခၚသည့္အခါ (သို႔မဟုတ္) ေဆး႐ုံ၊ ေဆးခန္း သြားျပရန္ လိုလာသည့္အခါ မိမိခံစားေနရသည္မ်ားကို ႀကိဳတင္၍ ဖုန္းဆက္ေျပာျပထားပါ။ COVID-19 ကူးစက္ႏိုင္သည့္ ထိေတြ႕မႈ ရွိ၊ မရွိ ႀကိဳတင္၍ ေျပာျပထားပါ။
(၅) အနားယူပါ၊ ေရဓာတ္ ျပည့္ဝပါေစ။
● အိပ္ေရးဝေအာင္ အိပ္ပါ။
● အာဟာရျပည့္ဝသည့္ အစားအစာမ်ားကို အခ်ိန္မွန္မွန္စားပါ။
● ေရ/အသီးေဖ်ာ္ရည္ မ်ားမ်ားေသာက္ပါ။
(၆) ႏွာေခ်၊ ေခ်ာင္းဆိုးလွ်င္ တစ္ခါသုံးတစ္႐ွဴးျဖင့္ အုပ္ၿပီး တစ္႐ွဴးကို အမႈိက္ပုံးထဲသို႔ ခ်က္ခ်င္း လႊင့္ပစ္ပါ။ (တံေတာင္ဆစ္ႏွင့္ ကာလွ်င္လဲရ)
(၇) မၾကာခဏ လက္ေဆးပါ။
● ဆပ္ျပာနဲ႔ေရကို သုံးၿပီး စကၠန႔္ (၂၀) ခန႔္ၾကာေအာင္ လက္ေဆးေပးပါ။ လက္ေခ်ာင္းၾကားမ်ားနဲ႔ လက္ေကာက္ဝတ္မ်ားကိုပါ ေဆးပါ။
● ဆပ္ျပာမရွိလွ်င္ အယ္လ္ကိုေဟာ 60% အနည္းဆုံး ပါဝင္သည့္ လက္သန႔္ေဆးရည္နဲ႔ ေဆးႏိုင္ပါတယ္။
(၈) အသုံးအေဆာင္ပစၥည္းမ်ားကို မွ်ေဝသုံးစြဲျခင္း မျပဳပါနဲ႔။
(၉) လက္နဲ႔ ထိေတြ႕ႏိုင္တဲ့ မ်က္ႏွာျပင္မ်ား (ဖုန္း၊ စားပြဲ၊ ထိုင္ခုံ၊ တံခါးလက္ကိုင္) ကို သန႔္စင္ေဆးရည္မ်ားျဖန္း၍ သန႔္ရွင္းေရး လုပ္ပါ။
ေဒါက္တာေနလြင္ထူး (www.drmyanmar.com)






























