/
news/ကလေးများနှင့်ကျန်းမာရေး/အသက်-၁၂-နှစ်နဲ့အောက်-ကလေးတွေမှာ-ဖြစ်တတ်တဲ့-အစာစားခြင်းဆိုင်ရာပြဿနာများ

အသက် ၁၂ နှစ်နဲ့အောက် ကလေးတွေမှာ ဖြစ်တတ်တဲ့ အစာစားခြင်းဆိုင်ရာပြဿနာများ

Category
ကလေးများနှင့်ကျန်းမာရေး

    အသက် ၁၂ နှစ်အောက်ကလေးတွေမှာ အစာစားတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေဖြစ်လာပြီဆိုရင် စောစောသိပြီးတော့ ကာကွယ်ဖို့လိုပါတယ်။ ကလေးတွေမှာဖြစ်တတ်တဲ့ စိုးရိမ်ပူပန်စရာလက္ခဏာတွေကို ကြည့်ကြရအောင်။

>>    အကြောင်းအရင်းများ
    အစာစားရာမှာဖြစ်တတ်တဲ့ပြဿနာတွေက မျိုးရိုးလိုက်တတ်ပါတယ်။ ပြီးတော့ အင်ဆူလင်ကို မှီခိုနေရတဲ့ ဆီးချိုရောဂါသည်ကလေးတွေ၊ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုနဲ့တခြားစိတ်ပိုင်းဆိုင်ရာဝေဒနာစတဲ့ နာတာရှည်ရောဂါ ခံစားနေရတဲ့ကလေးတွေမှာ အဖြစ်များပါတယ်။

>>    ကလေးတွေမှာ အဖြစ်များတဲ့ အစာစားခြင်းဆိုင်ရာပြဿနာတွေကတော့ -
●    အစာချေးများတာ၊ မစားတာ - ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါကတော့ ကလေးကို အစားအစာကို စိတ်မဝင်စားလို့ (သို့) ခံစားချက်ပြောင်းသွားလို့ ဖြစ်နိုင်ပါတယ်၊ ဥပမာ - ကလေးတွေက သူတို့ အရင်ကကြိုက်တတ်တဲ့ အစားအစာတွေကိုလည်း မစားချင်တာတွေ ဖြစ်တတ်ပါတယ်။ တချို့အစားအစာတွေစားပြီးလို့ နေမကောင်းဖြစ်ဖူးတယ်ဆိုရင်လည်း ဒါစားပြီးရင် အစာအိမ်အောင့်မှာ၊ အန်မှာတွေကိုကြောက်လို့ မစားတာတွေဖြစ်ပြီးတော့ နောက်မှာ ကိုယ်အလေးချိန်တွေ ကျလာပြီးတော့ အာဟာရချို့တဲ့တာတွေ ဖြစ်လာတတ်ပါတယ်။
●    တွေ့ကရာ ကောက်စားတာ - ဒါကတော့ အစားအစာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကောက်စားတာဖြစ်ပြီးတော့ ဒီလိုကလေးမျိုးမှာ ရှိသင့်တဲ့ ဖွံ့ဖြိုးမှုအဆင့်ထက် လျော့ကျနေတာကို တွေ့ရတတ်ပါတယ်။ အများအားဖြင့်တော့ အမှိုက်၊ မြေဖြူ၊ သဲ၊ ရေခဲ၊ ဆံပင်မွေး၊ ဆပ်ပြာ စတာတွေကို ကောက်စားတတ်ပါတယ်။
●    အစာမစား မသောက်ခြင်း - ကောင်လေး၊ ကောင်မလေး ငယ်ငယ်လေးတွေမှာ ဖြစ်တတ်ပါတယ်။ ဒီလိုကလေးတွေက သူတို့ကိုယ်သူတို့ အရမ်းဝနေတယ်လို့ ထင်ပြီးတော့ အစာမစားဘဲနဲ့ ကိုယ်အလေးချိန် ဘယ်လိုချရမလဲဆိုတာကိုပဲ တွေးပြီး စိတ်ပူနေတတ်ပါတယ်။ ပြီးတော့ လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်ပြီးတော့ နောက်မှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုတွေမှာ ထိခိုက်လာပါတယ်။ ဒါကြောင့် ဒီလိုကလေးတွေအတွက် ဆရာဝန်နဲ့ပြသပြီးတော့ ကုသမှုခံယူဖို့ လိုပါတယ်။

>>    ရောဂါလက္ခဏာများ
    အစောပိုင်းလက္ခဏာတွေ -
    ကလေးငယ်တွေမှာဖြစ်တဲ့ အစာစားခြင်းဆိုင်ရာပြဿနာတွေအတွက် စောစောသိပြီးတော့ ကာကွယ်တာက ကုသမှုရဲ့သော့ချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လက္ခဏာတွေက သိပ်မသိသာတဲ့အတွက် အစောပိုင်းလက္ခဏာတွေကို သိထားဖို့ လိုပါတယ်။
●    ဗိုက်နာမှာကြောက်ခြင်း
●    အစားအစာတွေရဲ့အရသာနဲ့ ထိတွေ့မှုတွေကို မနှစ်သက်ခြင်း
●    စိတ်အလိုမကျဖြစ်ခြင်း
●    ဝမ်းခဏခဏသွားခြင်း
●    ကလေးက သူ့ခန္ဓာကိုယ်ပုံရိပ်နဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်ခြင်း

EC Kidz IA 1

    ပိုဆိုးလာတဲ့လက္ခဏာတွေကတော့ -
●    အစာမစားခြင်း
●    လျှော့စားခြင်း
●    ကိုယ်အလေးချိန်ကျခြင်း
●    ကလေးက ဖွံ့မလာခြင်း
●    ဆံပင်မွေး ကျဲလာခြင်း
●    အပျိုဖော်၊ လူပျိုဖော် ဝင်ဖို့နောက်ကျခြင်း
●    ဝမ်းချုပ်ခြင်း၊ အစာခြေခြင်းဆိုင်ရာပြဿနာများ
●    အစားအစာတွေကို ဝှက်ထားခြင်း
●    စိတ်အတက်အကျများခြင်း

>>    ကုသခြင်း
    ကလေးတွေမှာဖြစ်တဲ့ အစာစားခြင်းဆိုင်ရာပြဿနာတွေကို ကုသရာမှာ အစိတ်အပိုင်းတွေ အများကြီးရှိပါတယ်။ ဒီထဲမှာမှ ကလေးရဲ့ ကိုယ်ပိုင်းဆိုင်ရာနဲ့ အာဟာရချို့တဲ့မှုတွေကို ပြန်ပြီးကောင်းလာစေဖို့အတွက် ကိုယ်အလေးချိန်တက်လာစေဖို့ ကုသတာကလည်းမရှိမဖြစ်အရေးကြီးပါတယ်။ မိဘတွေ၊ ကလေးထိန်းတွေက ကလေးဘဝမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်တဲ့အတွက် မိသားစုကို အခြေခံတဲ့နည်းလမ်းတွေက ပိုထိရောက်မှုရှိပါတယ်။ ကလေးတွေမှာ ဒီလိုပြဿနာတွေဖြစ်လာရင် မိဘတွေက ကိုယ့်ကိုယ်ကို အပြစ်တွေတင်တတ်ကြပါတယ်။ မိဘတွေအနေနဲ့လည်း ဒီလိုမဖြစ်ဘဲနဲ့ နည်းလမ်းတွေရှာပြီးတော့ ကလေးတွေကို ကူညီပေးမယ်ဆိုရင် ပိုပြီးအထောက်အကူ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကလေးမှာ ဒီလိုပြဿနာတွေဖြစ်‌နေရင် ကလေးအထူးကု (သို့) အာဟာရအထူးကုနဲ့ပြသပြီးတော့ ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

EC Kidz IA 2

(Zawgyi)

    အသက္ ၁၂ ႏွစ္ေအာက္ကေလးေတြမွာ အစာစားတာနဲ႔ ပတ္သက္တဲ့ ျပႆနာေတြျဖစ္လာၿပီဆိုရင္ ေစာေစာသိၿပီးေတာ့ ကာကြယ္ဖို႔လိုပါတယ္။ ကေလးေတြမွာျဖစ္တတ္တဲ့ စိုးရိမ္ပူပန္စရာလကၡဏာေတြကို ၾကည့္ၾကရေအာင္။

>>    အေၾကာင္းအရင္းမ်ား
    အစာစားရာမွာျဖစ္တတ္တဲ့ျပႆနာေတြက မ်ိဳး႐ိုးလိုက္တတ္ပါတယ္။ ၿပီးေတာ့ အင္ဆူလင္ကို မွီခိုေနရတဲ့ ဆီးခ်ိဳေရာဂါသည္ကေလးေတြ၊ စိတ္က်ေရာဂါ၊ စိုးရိမ္ပူပန္မႈနဲ ႔တျခားစိတ္ပိုင္းဆိုင္ရာေဝဒနာစတဲ့ နာတာရွည္ေရာဂါ ခံစားေနရတဲ့ကေလးေတြမွာ အျဖစ္မ်ားပါတယ္။

>>    ကေလးေတြမွာ အျဖစ္မ်ားတဲ့ အစာစားျခင္းဆိုင္ရာျပႆနာေတြကေတာ့ -
●    အစာေခ်းမ်ားတာ၊ မစားတာ - ကေလးငယ္ေတြမွာ အျဖစ္မ်ားပါတယ္။ ဒါကေတာ့ ကေလးကို အစားအစာကို စိတ္မဝင္စားလို႔ (သို႔) ခံစားခ်က္ေျပာင္းသြားလို႔ ျဖစ္ႏိုင္ပါတယ္၊ ဥပမာ - ကေလးေတြက သူတို႔ အရင္ကႀကိဳက္တတ္တဲ့ အစားအစာေတြကိုလည္း မစားခ်င္တာေတြ ျဖစ္တတ္ပါတယ္။ တခ်ိဳ႕အစားအစာေတြစားၿပီးလို႔ ေနမေကာင္းျဖစ္ဖူးတယ္ဆိုရင္လည္း ဒါစားၿပီးရင္ အစာအိမ္ေအာင့္မွာ၊ အန္မွာေတြကိုေၾကာက္လို႔ မစားတာေတြျဖစ္ၿပီးေတာ့ ေနာက္မွာ ကိုယ္အေလးခ်ိန္ေတြ က်လာၿပီးေတာ့ အာဟာရခ်ိဳ႕တဲ့တာေတြ ျဖစ္လာတတ္ပါတယ္။
●    ေတြ႕ကရာ ေကာက္စားတာ - ဒါကေတာ့ အစားအစာ ဟုတ္ဟုတ္၊ မဟုတ္ဟုတ္ ေကာက္စားတာျဖစ္ၿပီးေတာ့ ဒီလိုကေလးမ်ိဳးမွာ ရွိသင့္တဲ့ ဖြံ႕ၿဖိဳးမႈအဆင့္ထက္ ေလ်ာ့က်ေနတာကို ေတြ႕ရတတ္ပါတယ္။ အမ်ားအားျဖင့္ေတာ့ အမႈိက္၊ ေျမျဖဴ၊ သဲ၊ ေရခဲ၊ ဆံပင္ေမြး၊ ဆပ္ျပာ စတာေတြကို ေကာက္စားတတ္ပါတယ္။
●    အစာမစား မေသာက္ျခင္း - ေကာင္ေလး၊ ေကာင္မေလး ငယ္ငယ္ေလးေတြမွာ ျဖစ္တတ္ပါတယ္။ ဒီလိုကေလးေတြက သူတို႔ကိုယ္သူတို႔ အရမ္းဝေနတယ္လို႔ ထင္ၿပီးေတာ့ အစာမစားဘဲနဲ႔ ကိုယ္အေလးခ်ိန္ ဘယ္လိုခ်ရမလဲဆိုတာကိုပဲ ေတြးၿပီး စိတ္ပူေနတတ္ပါတယ္။ ၿပီးေတာ့ ေလ့က်င့္ခန္းေတြ အလြန္အကြၽံလုပ္ၿပီးေတာ့ ေနာက္မွာ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးနဲ႔ ဖြံ႕ၿဖိဳးမႈေတြမွာ ထိခိုက္လာပါတယ္။ ဒါေၾကာင့္ ဒီလိုကေလးေတြအတြက္ ဆရာဝန္နဲ႔ျပသၿပီးေတာ့ ကုသမႈခံယူဖို႔ လိုပါတယ္။

>>    ေရာဂါလကၡဏာမ်ား
    အေစာပိုင္းလကၡဏာေတြ -
    ကေလးငယ္ေတြမွာျဖစ္တဲ့ အစာစားျခင္းဆိုင္ရာျပႆနာေတြအတြက္ ေစာေစာသိၿပီးေတာ့ ကာကြယ္တာက ကုသမႈရဲ႕ေသာ့ခ်က္ပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ လကၡဏာေတြက သိပ္မသိသာတဲ့အတြက္ အေစာပိုင္းလကၡဏာေတြကို သိထားဖို႔ လိုပါတယ္။
●    ဗိုက္နာမွာေၾကာက္ျခင္း
●    အစားအစာေတြရဲ႕အရသာနဲ႔ ထိေတြ႕မႈေတြကို မႏွစ္သက္ျခင္း
●    စိတ္အလိုမက်ျဖစ္ျခင္း
●    ဝမ္းခဏခဏသြားျခင္း
●    ကေလးက သူ႔ခႏၶာကိုယ္ပုံရိပ္နဲ႔ ပတ္သက္ၿပီးေတာ့ စိုးရိမ္ပူပန္ျခင္း

    ပိုဆိုးလာတဲ့လကၡဏာေတြကေတာ့ -
●    အစာမစားျခင္း
●    ေလွ်ာ့စားျခင္း
●    ကိုယ္အေလးခ်ိန္က်ျခင္း
●    ကေလးက ဖြံ႕မလာျခင္း
●    ဆံပင္ေမြး က်ဲလာျခင္း
●    အပ်ိဳေဖာ္၊ လူပ်ိဳေဖာ္ ဝင္ဖို႔ေနာက္က်ျခင္း
●    ဝမ္းခ်ဳပ္ျခင္း၊ အစာေျချခင္းဆိုင္ရာျပႆနာမ်ား
●    အစားအစာေတြကို ဝွက္ထားျခင္း
●    စိတ္အတက္အက်မ်ားျခင္း

>>    ကုသျခင္း
    ကေလးေတြမွာျဖစ္တဲ့ အစာစားျခင္းဆိုင္ရာျပႆနာေတြကို ကုသရာမွာ အစိတ္အပိုင္းေတြ အမ်ားႀကီးရွိပါတယ္။ ဒီထဲမွာမွ ကေလးရဲ႕ ကိုယ္ပိုင္းဆိုင္ရာနဲ႔ အာဟာရခ်ိဳ႕တဲ့မႈေတြကို ျပန္ၿပီးေကာင္းလာေစဖို႔အတြက္ ကိုယ္အေလးခ်ိန္တက္လာေစဖို႔ ကုသတာကလည္းမရွိိမျဖစ္အေရးႀကီးပါတယ္။ မိဘေတြ၊ ကေလးထိန္းေတြက ကေလးဘဝမွာ အေရးပါတဲ့အခန္းက႑က ပါဝင္တဲ့အတြက္ မိသားစုကို အေျခခံတဲ့နည္းလမ္းေတြက ပိုထိေရာက္မႈရွိပါတယ္။ ကေလးေတြမွာ ဒီလိုျပႆနာေတြျဖစ္လာရင္ မိဘေတြက ကိုယ့္ကိုယ္ကို အျပစ္ေတြတင္တတ္ၾကပါတယ္။ မိဘေတြအေနနဲ႔လည္း ဒီလိုမျဖစ္ဘဲနဲ႔ နည္းလမ္းေတြရွာၿပီးေတာ့ ကေလးေတြကို ကူညီေပးမယ္ဆိုရင္ ပိုၿပီးအေထာက္အကူ ျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ ကိုယ့္ကေလးမွာ ဒီလိုျပႆနာေတြျဖစ္‌ေနရင္ ကေလးအထူးကု (သို႔) အာဟာရအထူးကုနဲ႔ျပသၿပီးေတာ့ ကုသမႈခံယူဖို႔ အေရးႀကီးပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)