အအိပ်မက်တဲ့သားသားမီးမီးတွေ အကြီးမြန်သတဲ့
ရင်သွေးလေးက လိုတာထက်ပိုအိပ်လွန်းတဲ့အခါ အနည်းနဲ့ အများဆိုသလို စိတ်ပူကြရပါတယ်။ ဒါပေမယ့် မကြာခဏ နှစ်နှစ်ခြိုကိခြိုက် အိပ်စက်တတ်တဲ့ လသားလေးတွေ၊ ရက်သားလေးတွေဟာ ကျန်းမာရေးပိုကောင်းပြီး ဖွ့ံဖြိုးကြီးထွားနှုန်းမြန်ဆန်ပါသတဲ့။
အီမိုရီတက္ကသိုလ်က ပါမောက္ခတွေဟာ ရက်သားအရွယ် ကလေးလေးတွေကို သုတေသနလုပ်ခဲ့ကြပါတယ်။
• ယောကျ်ားလေး ၉ယောက်။ မိန်းကလေး၁၄ယောက်
• သူတို့ကိုကျွေးတဲ့ အစာ( နို့ / နို့ဘူး )
• အိပ်တဲ့ အချိန် နာရီ
• အဖျားအနာကင်းမကင်း
• မူရင်းအတိုင်းအတာ
• ကိုယ်အလေးချိန်တို့ကို တိုင်းတာစောင့်ကြည့်ခဲ့ကြပါတယ်။
Ceelin 1
စောင့်ကြည့်ပြီးတဲ့အခါ နေ့ခင်းကိုပိုအိပ်ပြီး အိပ်ချိန်ပိုကြာတဲ့ ကလေးတွေဟာ ကြီးထွားနှုန်း ၄၃ ရာခိုင်နှုန်းတက်လာတာကို တွေ့ရပါသတဲ့။
သူတို့လေးတွေပိုအိပ်တဲ့နာရီတိုင်းဟာ သူတို့ ကို ၂၀ ရာခိုင်နှုန်းပိုမိုကြီးထွားလာစေပြီး အဲလိုကြီးထွားလာတာဟာ များများအိပ်ပြီး ၄၈ နာရီအတွင်းစတင်ပါသတဲ့။
ဒီတော့ များများအိပ်တဲ့ လသားလေးတွေ၊ ရက်သားလေးတွေဟာ ကောင်းကောင်းအိပ်ပြီး နှစ်ရက်အတွင်း အံ့သြစရာကောင်းလောက်အောင် ဖွံဖြိုးကြီးထွားလာပါသတဲ့။
Ceelin 2
ယေဘုယျအားဖြင့် ကလေးတွေက လူကြီးတွေထက် အိပ်ချိန်အများကြီး ပိုလိုအပ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းဟာ သူတို့လေးတွေအနေနဲ့ ဖိစီးမှုတွေ၊ ငိုရတာတွေကနေ ကင်းလွတ်ခွင့်အကြာကြီးရနေတာဖြစ်လို့ သူတို့ရဲ့ ကြီးထွားနှုန်းတက်လာတာ ဖြစ်ပါတယ်။
• ယောကျ်ားလေးတွေက မိန်းကလေးတွေထက် အိပ်ချိန်တိုပေမယ့် ခဏခဏအိပ်သတဲ့။
• သုံးကြိမ်လောက်..ဥပမာ ၄ နာရီ ၅ နာရီခန့်…ပိုအိပ်တတ်တဲ့ ကလေးဟာ ကြီးထွားနှုန်းအလိုလိုတက်လာမှာဖြစ်ပါတယ်။
• မိခင်နို့်တိုက်ကျွေးတဲ့ကလေးတွေက ဖော်မြူလာနို့မှုန့်တိုက်တဲ့ကလေးတွေထက် နေ့ခင်းမှာခဏလေးနဲ့ မကြာမကြာအိပ်တတ်ကြတာကိုတွေ့ရပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























