အိပ်ပျော်နေတဲ့ကလေးကို ဘယ်လိုနို့တိုက်ကြမလဲ
အိပ်ပျော်နေတဲ့ကလေးတွေကို လုံးဝမနှိုးသင့်ဘူးဆိုတာ ကြားဖူးကြမှာပေါ့။ ဒါပေမဲ့ အမြဲတမ်း ဒီလိုတော့ မဟုတ်ပါဘူးနော်။ မွေးခါစကလေးတချို့ဟာ နှိုးစရာမလိုဘဲ နို့ဆာရင် နိုးတတ်ပေမယ့် တချို့ကတော့ အိပ်ချင်မူးတူး ဖြစ်နေတတ်လို့ နှိုးဖို့လိုတတ်တယ်။
>> အိပ်ချင်မူးတူးဖြစ်နေတဲ့ကလေးကို ဘယ်လိုနို့တိုက်ကြမလဲ?
မွေးကင်းစကလေးလေးတွေဟာ ၂ နာရီ၊ ၃ နာရီခြားတစ်ခါလောက် နု့ိတိုက်ဖို့ လိုတယ်။ ကလေးကို မကြာမကြာ နို့တိုက်ပေးမှ ကလေး နို့ကောင်းကောင်း စို့နိုင်ပြီး အမေလည်း နို့ကောင်းကောင်း ထွက်မှာပါ။ ဒါပေမဲ့ ကလေးကို အချိန်နဲ့ တိတိကျကျ နို့တိုက်ရမယ်လို့တော့ မဟုတ်ပါဘူး။ ကလေးကို ဆာတိုင်းတိုက်၊ ငိုတိုင်း တိုက်နိုင်ရင် လုံလောက်ပါတယ်။ ဒါပေမဲ့ ၄ နာရီကြာတဲ့အထိကို ကလေး မနိုးနိုင်ရင် ကလေးကို နှိုးဖို့ လိုတယ်။
>> ကလေးကို ဘယ်လိုနှိုးကြမလဲ?
ကလေးလေးကိုနှိုးပြီး နို့တိုက်ရတာ အမြဲတမ်းတော့ မလွယ်လှဘူးနော်။ အိပ်ချင်နေတဲ့ကလေးကို နို့တိုက်ရတာလည်း အမေအတွက်တော့ မလွယ်လှဘူး။ ဒါပေမဲ့ ဒီနည်းလမ်းလေးတွေကို စမ်းလုပ်ကြည့်လို့တော့ ရတယ်နော်။
● ကလေးကို ထိတွေ့ပေးပါ။ : ကလေး ခြေဖဝါးလေးတွေ၊ လက်မောင်းနဲ့ ကျောပြင်လေးကို ဖြည်းဖြည်းချင်း ပွတ်ပေးတာမျိုး လုပ်ပေးပါ။
● ကလေးကို စကားပြောကြည့်ပါ။ : အမေ့အသံ ကြားရုံနဲ့တင် ကလေးနိုးလာနိုင်ပါတယ်။
● သေးခံတွေ လဲပေးပါ။ : သေးခံလဲပေးတဲ့ လှုပ်ရှားမှုကြောင့် ကလေး နိုးလာပါလိမ့်မယ်။
● ရေပတ်ဝတ်လေး သုတ်ပေးပါ။ : ကလေးမျက်နှာလေးကို ရေပတ်ဝတ်လေးနဲ့ သုတ်ပေးလိုက်ပါ။
Ceelin 1
● ကလေးကို လေထုတ်ပေးပါ။ : ကလေးကျောပြင်လေးကို ပွတ်လေးတာက ကလေးကို နိုးစေနိုင်တယ်နော်။ လေထုတ်ပေးခြင်းဖြင့် ကလေး လေပွပြီး မအီမသာ ဖြစ်နေတာတွေကိုလည်း သက်သာစေနိုင်တယ်။
● အလင်းရောင် မှိန်ပေးပါ။ : ကလေးမျက်လုံးလေးတွေဟာ မီးအလင်းရောင်စူးစူးတွေကို မခံနိုင်ကြဘူး။ ဒါကြောင့် မီးမှိန်တော့မှသာ မျက်လုံးဖွင့်ရဲကြတာမျိုး ရှိတယ်။
● ကလေးကို အမေ့နို့နား ကပ်ပေးပါ။ : ကလေးတွေဟာ အမေ့နို့နား ကပ်လိုက်တာနဲ့ အလိုအလျောက် နို့စို့နိုင်စွမ်း ရှိတယ်နော်။ ကလေးပါးစပ်လေးထဲကို နို့လေး တစ်စက်နှစ်စက်လောက် ညှစ်ထည့်ပေးလို့လည်း ရတယ်။ အမေ့နို့နံ့ရရင်၊ အရသာတွေ့ရင် ကလေး နိုးလာတတ်တယ်။
● ကလေးပါးလေးကို ပွတ်ပေးပါ။ : ကလေး နို့ငုံထားပေမယ့် နို့မစို့ဘဲ အိပ်ပျော်နေရင် ပါးလေးကို ပွတ်ပေးလိုက်ပါ။
● နို့တိုက်တဲ့ပုံစံကို ပြောင်းပေးပါ။ : ဘေးစောင်းလှဲတိုက်တာ၊ ဘောလုံးလေးလို ခေါင်းကို ထွေးတိုက်တာ၊ နောက်ကိုမှီပြီးတိုက်တာ စသဖြင့် ပုံစံမျိုးစုံ ပြောင်းတိုက်တာဟာ ကလေးကို နိုးနိုးကြားကြား ဖြစ်စေနိုင်တယ်။
● ကလေးကို ချိုလိမ် ပေးမစုပ်ပါနဲ့။ : ချိုလိမ် ပေးစုပ်တာက ကလေးကို ပိုငြိမ်စေပြီး ပိုအိပ်စေနိုင်တယ်။ ဒါကြောင့် ကလေး နို့ဆာလို့ဆာမှန်းမသိ ဖြစ်တတ်တယ်။ ကလေးတွေကို ချိုလိမ်ပေးစုပ်လို့ရပေမယ့် ကလေးအသက် ၄ ပတ်ကနေ ၆ ပတ်လောက်ရောက်ပြီး နို့စို့တာကို အကျင့်ဖြစ်လာတော့မှ ပေးစုပ်တာ ပိုကောင်းတယ်နော်။
Ceelin 2
(Unicode)






























