အိပ်ရာထဲမှာ ရှူရှူးပေါက်တဲ့သားသားမီးမီးတွေ
အိပ်ရာထဲရှူးပေါက်ချတယ်ဆိုတာကတော့ အိမ်သာသွားနိုင်တဲ့အရွယ်ရောက်နေပေမယ့်လည်းပဲ ညဘက်မှာ အိပ်ရာထဲမှာပဲရှူးပေါက်ချနေတာကိုပြောတာပါ။ ဒါက အသက် ၇ နှစ်အောက်အရွယ်ကလေးငယ်တွေမှာ အဖြစ်များပေမယ့်လည်း ဒီထက်ကြီးတဲ့ကလေးတွေမှာလည်းတွေ့ရတတ်တုန်းပါ။
>> ကလေးတွေအိပ်ရာထဲရှူးပေါက်ချရတဲ့အကြောင်းအရင်းတွေ
ကလေးတွေရှူရှူးပေါက်ချင်တဲ့အချိန်မှာ အိပ်ရာကမထနိုင်လို့ အိပ်ရာထဲမှာပဲပေါက်ချကြတာပါ။ ကလေးတွေက တမင်တကာတော့ပေါက်ချတာမျိုးမဟုတ်ပါဘူး။ အိပ်ရာထဲမှာရှူးပေါက်ချရတဲ့အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။
• တချို့ကလေးတွေကလည်း အရမ်းအိပ်မောကျနေချိန်မှာ ဆီးအိမ်ပြည့်လာတော့ အိပ်ရာထဲမှာပဲ ထွက်ကျသွားလေ့ရှိပါတယ်။
• တချို့ကျတော့ ညဘက်မှာရှူရှူးတွေပိုပြီးထွက်နေပြီးတော့ အိပ်ရာကထဖို့မမှီတော့ဘဲ ပေါက်ချမိသွားတတ်ပါတယ်။
• တချို့ကလေးတွေမှာကျတော့ ဆီးအိမ်လေးကသေးနေလို့ ညဘက်အိပ်ရာထဲမှာ ရှူးထွက်ကျနိုင်ချေပိုများပါတယ်။
• အိပ်ရာထရှူရှူးပေါက်ချတဲ့အကျင့်က မျိုးရိုးလည်းလိုက်တတ်ပါသေးတယ်။ ဥပမာ- ကိုယ့်ငယ်ငယ်က အိပ်ရာထဲရှူရှူးပေါက်တဲ့အကျင့်ရှိရင် ကိုယ့်ကလေးကျရင်လည်း အိပ်ရာထဲရှူရှူးပေါက်နိုင်ပါတယ်။ ဒီလိုပြောတာနဲ့ ကလေးလေးသေးပေါက်ချတာကို ကိုယ့်အပြစ်လို့ပြောတာမဟုတ်ပါဘူးနော်။
• ADHD လို့ခေါ်တဲ့ ရောဂါရှိတဲ့ကလေးတွေကလည်း အိပ်ရာထရှူးပေါက်ချနိုင်ချေပိုများပါတယ်။
Ceelin Plus 1

ကလေးတွေက အရမ်းအိပ်မောကျနေတဲ့အချိန်မှာ မသိလိုက်ဘဲနဲ့ မတော်တဆ အိပ်ရာထဲရှူရှူးပေါက်ချမိတာပါ။ သူတို့ကိုအပြစ်တင်လို့မရပါဘူး။ ကိုယ့်ရဲ့ကလေးက အိပ်ရာထဲမှာအမြဲရှူရှူးပေါက်ချနေလို့ စိတ်ညစ်တယ် စိတ်ရှုပ်တယ်ဆိုရင် ဒါကို ကုသနိုင်မယ့်နည်းလမ်းတွေကိုတိုင်ပင်ဆွေးနွေးလို့ရပါတယ်။
အိပ်ရာထဲရှူးပေါက်ချတာက ညဘက်မှာပိုဖြစ်တတ်ပါတယ်။ တစ်ချို့ကလေးတွေက ညတိုင်းရှူရှူးပေါက်ချတတ်ပြီးတော့ တစ်ချို့ကျတော့ တစ်ပတ်ကိုမှအကြိမ်အနည်းငယ်ပေါက်တာရှိသလို တစ်လမှတစ်ကြိမ်၊ တစ်ပတ်တစ်ကြိမ်လောက်ပေါက်တာလည်းရှိပါတယ်။
နေ့ဘက်မှာ အိပ်ရာထဲရှူရှူးပေါက်ချတာကတော့သိပ်ပြီးဖြစ်လေ့မရှိပါဘူး။ ပြီးတော့နေ့ဘက်ပေါက်ချတာကလည်း ရောဂါအခြေအနေတစ်ခုခု (သို့) စိတ်ဖိစီးမှုကြောင့်ဖြစ်နိုင်ပါတယ်။ ဒီတော့ကလေးက နေ့လည်ဘက်တွေမှာ အိပ်ရာထရှူးပေါက်ချတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်ပြဖို့လိုပြီလဲ
ကိုယ့်ကလေးရဲ့ အိပ်ရာထဲရှူးပေါက်တတ်တဲ့အကျင့်နဲ့ပတ်သက်ပြီးတော့စိတ်ပူတယ်ဆိုရင် ဒါမှမဟုတ် ဒါက ကိုယ့်ရဲကလေးအတွက် (သို့) မိသားစုအတွက် ပြသနာဖြစ်လာပြီဆိုရင်တော့ ဆရာဝန်ဆီကအကြံဉာဏ်တွေကိုရယူဖို့လိုအပ် ပါတယ်။
ဥပမာ - ကိုယ့်ရဲ့ကလေးက အသက် ၇ နှစ်အရွယ်အထိ အိပ်ရာထဲမှာပုံမှန်သေးပေါက်ချနေတယ်ဆိုရင် - ကိုယ့်ရဲ့ကလေးက ကျောင်းကနေသွားတဲ့ လေ့လာရေးခရီးတွေမှာ အိပ်ရာထဲရှူးပေါက်ချမှာစိုးရိမ်ရင်၊ အိပ်ရာထဲရှူးပေါက်ချတတ်တဲ့အကျင့်ကြောင့် ကလေးကသူ့ကိုယ်သူအပြစ်တင်တာ စိတ်ပူတာမျိုးတွေရှိလာရင် ဆရာဝန်သွားပြပြီးတော့ အကြံဉာဏ်ရယူကြည့်ပါ။
အိပ်ရာထဲရှူရှူးပေါက်တတ်တဲ့အကျင့်အတွက် ကုသရမယ့်နည်းလမ်းတွေလည်းရှိပါတယ်။ ဆရာဝန်က နည်းလမ်းတွေပြောပြပေးတဲ့အခါမှာ ကိုယ့်ရဲ့မိသားစုကိုယ့်ကလေးနဲ့ ကိုက်ညီမှာကို ရွေးချယ်လို့ရပါတယ်။
1. ကလေးကိုအိပ်ရာကနေမချီပြီး (သို့) အိပ်ရာနှိုးပြီးရှူးတည်ခြင်း
ကလေးအိပ်နေတုန်းမှာ အိပ်ရာကနေမချီသွားပြီးတော့ အိမ်သာထဲမှာရှူးပေါက်ဖို့ချပေးပါ။ ဒါမှမဟုတ်လဲ ကလေးကိုနှိုးပြီးတော့ရှူးတည်ပါ။ ဒါတွေကို မိဘတွေအိပ်ရာမဝင်ခင်မှာလုပ်ပေးလို့ရပါတယ်။ ဒါကလည်း ရေရှည်ဖြေရှင်းနည်းတော့မဟုတ်ပါဘူး။
Ceelin Plus 2

2. ကလေးကိုနေ့ဘက်မှာအရည်များများတိုက်ပါ
ကလေးကို နေ့လည်ဘက်မှာ ရေပုံမှန်တိုက်ထားပြီးတော့ ရေဓာတ်ပြည့်ဝနေစေခြင်းအားဖြင့် ညအိပ်ရာမဝင်ခင်မှာ ရေသောက်နည်းသွားစေပါတယ်။ အိပ်ရာမဝင်ခင်မှာ ရေတွေအများကြီးသောက်ရင် ညဘက်ရှူးပေါက်ချနိုင်ချေပိုများပါတယ်။ နေ့ဘက်မှာပိုသောက်ထားတော့ အိပ်ရာထဲမှာရှူးပေါက်နိုင်ချေနည်းသွားတာပေါ့။ ပြီးတော့ ကလေးကို ညနေဘက်ရောက်ပြီဆိုရင် ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်တွေဖြစ်တဲ့ ကိုလာ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက်ဖျော်ရည်ပူပူတွေ မတိုက်ပါနဲ့တော့။ ဒီဖျော်ရည်တွေက ဆီးထွက်များစေပါတယ်။
ကလေရှူးပေါက်ချတဲ့အခါမှာ အောက်ကအိပ်ရာခင်းတွေစောင်တွေမစိုအောင်၊ ဆီးနံ့တွေမစွဲနေအောင် အောက်ကိုမစိမ့်တဲ့ သေးခံပြားလေးခင်းပေးထားလို့ရပါတယ်။
3. ဆေးဝါးများ
ဆရာဝန်တွေ၊ ကလေးအထူးကုဆရာဝန်တွေက အိပ်ရာထဲရှူးပေါက်ချတာအတွက် လိုအပ်ရင် ဆေးတွေလည်းညွှန်နိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
ကေလးေတြရႉရႉးေပါက္ခ်င္တဲ့အခ်ိန္မွာ အိပ္ရာကမထႏိုင္လို႔ အိပ္ရာထဲမွာပဲေပါက္ခ်ၾကတာပါ။ ကေလးေတြက တမင္တကာေတာ့ေပါက္ခ်တာမ်ိဳးမဟုတ္ပါဘူး။ အိပ္ရာထဲမွာရႉးေပါက္ခ်ရတဲ့အေၾကာင္းအရင္းအမ်ိဳးမ်ိဳးရွိပါတယ္။
• တခ်ိဳ႕ကေလးေတြကလည္း အရမ္းအိပ္ေမာက်ေနခ်ိန္မွာ ဆီးအိမ္ျပည့္လာေတာ့ အိပ္ရာထဲမွာပဲ ထြက္က်သြားေလ့ရွိပါတယ္။
• တခ်ိဳ႕က်ေတာ့ ညဘက္မွာရႉရႉးေတြပိုၿပီးထြက္ေနၿပီးေတာ့ အိပ္ရာကထဖို႔မမွီေတာ့ဘဲ ေပါက္ခ်မိသြားတတ္ပါတယ္။
• တခ်ိဳ႕ကေလးေတြမွာက်ေတာ့ ဆီးအိမ္ေလးကေသးေနလို႔ ညဘက္အိပ္ရာထဲမွာ ရႉးထြက္က်ႏိုင္ေခ်ပိုမ်ားပါတယ္။
• အိပ္ရာထရႉရႉးေပါက္ခ်တဲ့အက်င့္က မ်ိဳးရိုးလည္းလိုက္တတ္ပါေသးတယ္။ ဥပမာ- ကိုယ့္ငယ္ငယ္က အိပ္ရာထဲရႉရႉးေပါက္တဲ့အက်င့္ရွိရင္ ကိုယ့္ကေလးက်ရင္လည္း အိပ္ရာထဲရႉရႉးေပါက္ႏိုင္ပါတယ္။ ဒီလိုေျပာတာနဲ႔ ကေလးေလးေသးေပါက္ခ်တာကို ကိုယ့္အျပစ္လို႔ေျပာတာမဟုတ္ပါဘူးေနာ္။
• ADHD လို႔ေခၚတဲ့ ေရာဂါရွိတဲ့ကေလးေတြကလည္း အိပ္ရာထရႉးေပါက္ခ်ႏိုင္ေခ်ပိုမ်ားပါတယ္။
ကေလးေတြက အရမ္းအိပ္ေမာက်ေနတဲ့အခ်ိန္မွာ မသိလိုက္ဘဲနဲ႔ မေတာ္တဆ အိပ္ရာထဲရႉရႉးေပါက္ခ်မိတာပါ။ သူတို႔ကိုအျပစ္တင္လို႔မရပါဘူး။ ကိုယ့္ရဲ႕ကေလးက အိပ္ရာထဲမွာအၿမဲရႉရႉးေပါက္ခ်ေနလို႔ စိတ္ညစ္တယ္ စိတ္ရႈပ္တယ္ဆိုရင္ ဒါကို ကုသႏိုင္မယ့္နည္းလမ္းေတြကိုိတိုင္ပင္ေဆြးေႏြးလို႔ရပါတယ္။
အိပ္ရာထဲရႉးေပါက္ခ်တာက ညဘက္မွာပိုျဖစ္တတ္ပါတယ္။ တစ္ခ်ိဳ႔ကေလးေတြက ညတိုင္းရႉရႉးေပါက္ခ်တတ္ၿပီးေတာ့ တစ္ခ်ိဳ႕က်ေတာ့ တစ္ပတ္ကိုမွအႀကိမ္အနည္းငယ္ေပါက္တာရွိသလို တစ္လမွတစ္ႀကိမ္၊ တစ္ပတ္တစ္ႀကိမ္ေလာက္ေပါက္တာလည္းရွိပါတယ္။
ေန႔ဘက္မွာ အိပ္ရာထဲရႉရႉးေပါက္ခ်တာကေတာ့သိပ္ၿပီးျဖစ္ေလ့မရွိပါဘူး။ ၿပီးေတာ့ေန႔ဘက္ေပါက္ခ်တာကလည္း ေရာဂါအေျခအေနတစ္ခုခု (သို႔) စိတ္ဖိစီးမႈေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ဒီေတာ့ကေလးက ေန႔လည္ဘက္ေတြမွာ အိပ္ရာထရႉးေပါက္ခ်တယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔တိုင္ပင္ေဆြးေႏြးဖို႔လိုပါတယ္။
>> ဘယ္အခ်ိန္မွာ ဆရာဝန္ျပဖို႔လိုၿပီလဲ
ကိုယ့္ကေလးရဲ႕ အိပ္ရာထဲရႉးေပါက္တတ္တဲ့အက်င့္နဲ႔ပတ္သက္ၿပီးေတာ့စိတ္ပူတယ္ဆိုရင္ ဒါမွမဟုတ္ ဒါက ကိုယ့္ရဲကေလးအတြက္ (သို႔) မိသားစုအတြက္ ျပသနာျဖစ္လာၿပီဆိုရင္ေတာ့ ဆရာဝန္ဆီကအႀကံဥာဏ္ေတြကိုရယူဖို႔လိုအပ္ ပါတယ္။
ဥပမာ - ကိုယ့္ရဲ႕ကေလးက အသက္ ၇ ႏွစ္အရြယ္အထိ အိပ္ရာထဲမွာပံုမွန္ေသးေပါက္ခ်ေနတယ္ဆိုရင္ - ကိုယ့္ရဲ႕ကေလးက ေက်ာင္းကေနသြားတဲ့ ေလ့လာေရးခရီးေတြမွာ အိပ္ရာထဲရွဴးေပါက္ခ်မွာစိုးရိမ္ရင္၊ အိပ္ရာထဲရွဴးေပါက္ခ်တတ္တဲ့အက်င့္ေၾကာင့္ ကေလးကသူ႔ကိုယ္သူအျပစ္တင္တာ စိတ္ပူတာမ်ိဳးေတြရွိလာရင္ ဆရာဝန္သြားျပၿပီးေတာ့ အႀကံဥာဏ္ရယူၾကည့္ပါ။
အိပ္ရာထဲရႉရႉးေပါက္တတ္တဲ့အက်င့္အတြက္ ကုသရမယ့္နည္းလမ္းေတြလည္းရွိပါတယ္။ ဆရာဝန္က နည္းလမ္းေတြေျပာျပေပးတဲ့အခါမွာ ကိုယ့္ရဲ႕မိသားစုကိုယ့္ကေလးနဲ႔ ကိုက္ညီမွာကို ေရြးခ်ယ္လို႔ရပါတယ္။
1. ကေလးကိုအိပ္ရာကေနမခ်ီၿပီး (သို႔) အိပ္ရာႏႈိးၿပီးရႉးတည္ျခင္း
ကေလးအိပ္ေနတုန္းမွာ အိပ္ရာကေနမခ်ီသြားၿပီးေတာ့ အိမ္သာထဲမွာရႉးေပါက္ဖို႔ခ်ေပးပါ။ ဒါမွမဟုတ္လဲ ကေလးကိုႏႈိးၿပီးေတာ့ရႉးတည္ပါ။ ဒါေတြကို မိဘေတြအိပ္ရာမဝင္ခင္မွာလုပ္ေပးလို႔ရပါတယ္။ ဒါကလည္း ေရရွည္ေျဖရွင္းနည္းေတာ့မဟုတ္ပါဘူး။
2. ကေလးကိုေန႔ဘက္မွာအရည္မ်ားမ်ားတိုက္ပါ
ကေလးကို ေန႔လည္ဘက္မွာ ေရပံုမွန္တိုက္ထားၿပီးေတာ့ ေရဓာတ္ျပည့္ဝေနေစျခင္းအားျဖင့္ ညအိပ္ရာမဝင္ခင္မွာ ေရေသာက္နည္းသြားေစပါတယ္။ အိပ္ရာမဝင္ခင္မွာ ေရေတြအမ်ားၾကီးေသာက္ရင္ ညဘက္ရႉးေပါက္ခ်နိုင္ေခ်ပိုမ်ားပါတယ္။ ေန႔ဘက္မွာပိုေသာက္ထားေတာ့ အိပ္ရာထဲမွာရႉးေပါက္ႏိုင္ေခ်နည္းသြားတာေပါ့။ ၿပီးေတာ့ ကေလးကို ညေနဘက္ေရာက္ၿပီဆိုရင္ ကဖင္းဓာတ္ပါတဲ့ ေဖ်ာ္ရည္ေတြျဖစ္တဲ့ ကိုလာ၊ လက္ဖက္ရည္၊ ေကာ္ဖီ၊ ေခ်ာကလက္ေဖ်ာ္ရည္ပူပူေတြ မတိုက္ပါနဲ႔ေတာ့။ ဒီေဖ်ာ္ရည္ေတြက ဆီးထြက္မ်ားေစပါတယ္။
ကေလရႉးေပါက္ခ်တဲ့အခါမွာ ေအာက္ကအိပ္ရာခင္းေတြေစာင္ေတြမစိုေအာင္၊ ဆီးနံ႔ေတြမစြဲေနေအာင္ ေအာက္ကိုမစိမ့္တဲ့ ေသးခံျပားေလးခင္းေပးထားလို႔ရပါတယ္။
3. ေဆးဝါးမ်ား
ဆရာဝန္ေတြ၊ ကေလးအထူးကုဆရာဝန္ေတြက အိပ္ရာထဲရႉးေပါက္ခ်တာအတြက္ လိုအပ္ရင္ ေဆးေတြလည္းညႊန္ႏိုင္ပါတယ္။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























