/
news/ကလေးများနှင့်ကျန်းမာရေး/အိပ်ရေးပျက်ခြင်းကြောင့်-ဖျားနာနိုင်သလား

အိပ်ရေးပျက်ခြင်းကြောင့် ဖျားနာနိုင်သလား

Category
ကလေးများနှင့်ကျန်းမာရေး

မေမေတို့ရဲ့ သားသားမီးမီးလေးတွေဟာ ညဘက်နောက်ကျတဲ့အထိ မအိပ်တာ၊ ဒါမှမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတာမျိုးရှိရင် ဖျားနာနိုင်ခြေလည်း မြင့်တက်လာနိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ သိချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ကြရအောင်နော်။

ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် အိပ်ပျော်နေချိန်ဆိုရင် ကိုယ်ခံအားစနစ်က Cytokines လို့ခေါ်တဲ့ ပရိုတင်းဓာတ်တွေကို ထုတ်ပေးပါတယ်။ တချို့သော cytokines တွေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ကူညီပေးပါတယ်။

Ceelin Plus 1

အိပ်ရေးပျက်တဲ့အခါ Cytokines ထုတ်တာ နည်းသွားသလို ရောဂါပိုးတွေကို တိုက်ထုတ်ပေးမယ့် ပဋိပစ္စည်းတွေနဲ့ ဆဲလ်တွေထုတ်လုပ်မှုလည်း နည်းသွားပါတယ်။ ဒါကြောင့် ရောဂါပိုးတွေကို မတိုက်ထုတ်နိုင်တော့လို့ ဖျားနာနိုင်ခြေ မြင့်တက်လာရတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ရက်ရှည်အိပ်ရေးပျက်နေရင်တော့ ကလေးတွေအနေနဲ့ အဝလွန်ရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နိုင်ခြေလည်း မြင့်တက်လာနိုင်ပါတယ်နော်။

Ceelin Plus 2

>>  ဒါကြောင့် သားသားမီးမီးလေးတွေ နေထိုင်မကောင်းမဖြစ်ဖို့ဆိုရင် အိပ်ရေးဝဝအိပ်စက်ဖို့ အရေးကြီးတာကြောင့် -
•  အသက် ၁-၃ နှစ်ဆိုရင် အိပ်စက်ချိန် ၁၂-၁၄ နာရီ
•  အသက် ၃-၆ နှစ်ဆိုရင် အိပ်စက်ချိန် ၁၀-၁၂ နာရီ
•  အသက် ၇-၁၂ နှစ်ဆိုရင် အိပ်စက်ချိန် ၁၀-၁၁ နာရီ နဲ့
•  အသက် ၁၂ နှစ်အထက်ကို အိပ်စက်ချိန် ၈-၉ နာရီရှိအောင် မေမေတို့က ဂရုစိုက်ပေးသင့်ပါတယ်။
အိပ်ရေးဝဝ အိပ်သင့်တယ်ဆိုတိုင်း အချိန်အကြာကြီးလည်း မအိပ်ခိုင်းသင့်ပါဘူး။ အချိန်ကြာကြာ အိပ်စက်တာဟာ အိပ်ပျော်ဖို့ ခက်ခဲသလို၊ အိပ်ပျော်သွားရင်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာမဟုတ်လို့ သားသားမီးမီးလေးတွေ အလွန်အကျွံမအိပ်ဖို့ကိုလည်း ဂရုစိုက်ပေးကြပါနော်။

Dr. Aye Hsu Mon (www.drmyanmar.com)