/
news/ကလေးများနှင့်ကျန်းမာရေး/အိမ်မွေးတိရစၧာန်များနှင့်-သင့်ကလေးကျန်းမာရေး

အိမ်မွေးတိရစၧာန်များနှင့် သင့်ကလေးကျန်းမာရေး

Category
ကလေးများနှင့်ကျန်းမာရေး

ခွေးလေးကြောင်လေးတွေက ဘယ်လောက်ပဲသန့်ရှင်းပါတယ်ဆိုဦး သူတို့လေးတွေက အပြင်ထွက်သွားတဲ့အချိန်မှာ ဖုန်တွေ အမှုန်တွေရောဂါပိုးတွေကို အများကြီးပြန်လည်သယ်ဆောင်လာကြပါတယ်။ ဒါ့အပြင် သန်ကောင်ရောဂါ ဝမ်းပျက်ရောဂါ အရေပြားရောဂါအတော်များများကလည်း  ခွေးတွေကြောင်တွေကကူးစက်နေပါတယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။

 

အဲဒီထဲက ကြောက်စရာအကောင်းဆုံးရောဂါက ဘာလဲ….

Toxoplasmosis (တောက်ဆိုပလက်စမိုးစစ်) ရောဂါပါတဲ့ ။

 

Toxoplasmosis လို့ခေါ်တဲ့ရောဂါဟာ ကြောင်နဲ့  အိမ်မွေးတိရစၧာန်များကတဆင့်ကူးစက်ပြီး ကူးစက်ခံရတဲ့ကလေးမှာ လက္ခဏာတွေအနေနဲ့

 

♦ ဖျားခြင်း

♦ ခေါင်းကိုက်ခြင်း

♦ တက်ခြင်း

♦ မျက်စိဝါးခြင်း

♦ ချောင်းဆိုးခြင်း

♦ အသားဝါခြင်း

♦ နုန်းချိခြင်း တို့ဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ ကြောင်တွေကတဆင့်အဓိကကူးစက်ပြီး ပြင်းထန်အဆင့်ကို လျင်မြန်စွာကူးပြောင်းရောက်ရှိနိုင်ကြောင်းဆရာဝန်များက သတိပေးထားပါတယ်။

အိမ်ကငါးကန်ထဲက ခရုတွေယောက်သွားတွေကို ကိုင်တွယ်ဆော့ကစားရင်း ရောဂါကူးနိုင်သေးသလို မသန့်ရှင်းတဲ့ အစာခွက်တွေ က တဆငိ့လည်း ကလေးတွေဟာ ရောဂါကူးခံရနိုင်တဲ့ အခြေအနေထဲမှာ ရောက်နေပါတယ်။

 

ငှက်အိမ်တွေနဲ့ဝေးဝေးနေဖို့ အညစ်အကြေးတွေကို မထိတွေ့မိဖို့ ကလေးတွေအနေနဲ့ ခွေးသွားရည်တွေ  ကြောင်မွေးတွေနဲ့ကင်းကင်းနေမှ နုနယ်တဲ့အရွယ်မှာ အန္တရာယ်အကင်းဆုံးပါ။

 

ပန်းနာရင်ကြပ်ရှိတဲ့ကလေးတွေဆိုရင် အိမ်မှာ တိရစာၦန် လုံးဝမမွေးသင့်ပါဘူး။အမွေး အမျှင်တွေဟာ အိမ်တွင်းလေထုမှာပျံနှံ့နေပြီး ကလေးကို အလွယ်တကူရင်ကြပ်စေမှာပါ။

ဒီတော့လုံးဝမမွေးရဘူးလား။ အဲလိုတော့ မဟုတ်ပါဘူး။

ချစ်စရာပူစီလေးတွေ ခွေးစုပ်ဖွားလေးတွေငါးလေးတွေ စတဲ့ အိမ်မွေးတိရစၧာန်လေးတွေ မွေးတဲ့အခါ ကလေးတွေကိုပိုမိုစိတ်ပျော်စေပြီး တိုးတက်ကြီးထွားနှုန်းမြန်ဆန်စေပါတယ်။

 

  • • ခွေးကြောင်ကိုင်ပြီး လက်ဆေးမယ်
  • • အစာခွက်တွေကို သန့်ရှင်းစွာထားမယ်
  • • နေမကောင်းတဲ့အခါ အိမ်မွေးတိရစၧာန်တွေနဲ့ ဝေးဝေးနေမယ်
  • • သူတို့လေးတွေကို အိပ်ရာပေါ်ခေါ်သိပ်တာ ရှောင်နိုင်ရင်ကောင်းပေမယ့် • သူတို့တွေကိုပုံမှန်ရေချိုးပေး သန့်ရှင်းစွာထားပေး မယ်ဆိုရင်တော့ အဆင်ပြေကောင်းပြေနိုင်ပါတယ်။

 

အိမ်မွေးတိရစၧာန်များဆီက ကူးစက်နိုင်တဲ့ရောဂါတွေကို အလေးဂရုပြုထားခြင်းဖြင့် မိမိကလေးကိုကာကွယ်မှုအပြည့်ပေးထားဖို့ သတိပေးပါရစေ။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)


 


Toxoplasmosis (တောကျဆိုပလကျစမိုးစဈ) ရောဂါပါတဲ့ ။

 

Toxoplasmosis လို့ခေါျတဲ့ရောဂါဟာ ကွောငျနဲ့  အိမျမှေးတိရစ်ဆာနျမြားကတဆင့ျကူးစကျပွီး ကူးစကျခံရတဲ့ကလေးမှာ လက်ခဏာတှအေနနေဲ့

 








 


 


 




 





 


 
