/
news/ကလေးများနှင့်ကျန်းမာရေး/အိမ်မှာ-ကလေးတွေကို-စာသင်ပေးမယ်

အိမ်မှာ ကလေးတွေကို စာသင်ပေးမယ်

Category
ကလေးများနှင့်ကျန်းမာရေး

          သားသားမီးမီးကို ကျောင်းလွှတ်ပြီး ပညာသင်တာလည်း သင်သလို အိမ်မှာလည်း ကျောင်းအသေးစားလေးပုံစံနဲ့ ရင်သွေးလေးကို ဘဝပညာ သင်ကြရအောင်။

၁။       ဒါကျက်ဒါဖြေ အလွတ်ကျက်စနစ်ကို ဖယ်ထုတ်ပါ။ ဘာကို ဘယ်လိုလုပ်ရမယ်ဆိုတာသာ သူ့ကို သင်ကြားပါ။ ဥပမာ - ဖုန်း ဘယ်လိုဖြေရမယ်၊ ဘယ်စာအုပ်က ရှာရမယ်၊ အင်တာနက်ကနေ လိုချင်တာ ဘယ်လိုရှာရမယ်။

၂။       အမှား လုပ်ခွင့်ပေးပါ။ ပြင်ဆင်ခွင့်ပေးပါ။ အမှားများများလုပ်လေ အမှန်ကို ရောက်လေပါပဲ။

၃။       သူတို့ကို စကားပြောခွင့်ပေးပါ။ ပြောတာကို တလေးတစား နားထောင်ပါ။ စကားဝိုင်းတွေမှာ အဆင်ပြေပြေ ဘယ်လိုပြောဆို နေထိုင်သင့်တယ်ဆိုတာ စိတ်ရှည်လက်ရှည်နဲ့ သင်ပြပေးလိုက်ပါဦး။

၄။       အိမ်စာ ကူလုပ်ပေးပါ။ ဘယ်လိုတွေးရမယ်၊ အက်ဆေး ဘယ်လိုရေးရမယ်၊ ပေးစာ ဘယ်လိုရေးရမယ်တွေ သင်ပြပေးပါဦး။

၅။       စာမေးပွဲ ကျရှုံးတာကြောင့် သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်နစ်နာစေတဲ့ အထိ မဖြစ်ပါစေနဲ့။ ရေတိုထက် ရေရှည်ကို တွေးပါ။ သူ့လေးရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့က မေမေတို့ တာဝန်ပါနော်။

၆။       သူလေး သူ့ဘာသာ ယုံကြည်မှုရှိရဲ့လား။ သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့တဲ့အခါ ပျော်ရဲ့လား စဉ်းစားပါ။ စောင့်ကြည့်ပါ။ လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးပါနော်။

          အတန်းထဲမှာ ထိပ်ဆုံး ဖြစ်ဖို့ထက် အတွေးအခေါ်ကောင်းကောင်းနဲ့ မိမိကိုယ်ကို ယုံကြည်မှု ပြည့်၀တဲ့ ကလေးတွေ ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)