/
news/ကလေးများနှင့်ကျန်းမာရေး/အိုင်အိုဒင်း-ချို့တဲ့မှုကြောင့်-ကလေးတွေရဲ့-iq-ကို-လျော့ကျစေနိုင်

အိုင်အိုဒင်း ချို့တဲ့မှုကြောင့် ကလေးတွေရဲ့ IQ ကို လျော့ကျစေနိုင်

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးတစ်ယောက်မှာ IQ အားနည်းနေတယ်လို့ သတိထားမိရင် အိုင်အိုဒင်းဓာတ်ကို စစ်ဆေးကြည့်သင့်ပါတယ်။ ဥရောပမှာ မကြာသေးခင်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရ ကလေးတွေမှာ အိုင်အိုဒင်းချို့တဲ့ရင် IQ နိမ့်စေနိုင်တယ်လို့ တွေ့ရှိရပါတယ်။

          ဒီလေ့လာမှုက ကလေးတွေမှာ အိုင်အိုဒင်းချို့တဲ့တာက အနာဂတ်အတွက် ဆိုးရွားတဲ့လက္ခဏာတွေကို ကျန်နေစေပြီးတော့ ဒါက ကလေးတစ်ယောက်တည်း အတွက်သာမက တိုင်းပြည်တစ်ခုလုံးနဲ့ စီးပွားရေးပေါ်မှာပါ သက်ရောက်လာနိုင်တယ်လို့ ထောက်ပြထားပါတယ်။ အိုင်အိုဒင်းဟာဆိုရင် ကလေးတွေမှာ IQ ဖွံ့ဖြိုးဖို့အတွက် အလွန်အရေးပါပြီးတော့ မရှိတဲ့အခါမှာ IQ ကို နိမ့်စေပါတယ်။

          သုတေသီတွေက ကိုယ်ဝန်ဆောင်စဉ်မှာ အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာတွေကို ပိုပြီးစားပေးဖို့ တိုက်တွန်းထားပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)