အောင်မြင်တဲ့ကလေးတွေ ဖြစ်လာဖို့ မိဘတွေအနေနဲ့ ဘယ်လိုပြုစုပျိုးထောင်ပေးမလဲ
(၁) ဖြစ်ချင်တာမှန်သမျှ တိတိကျကျ ဖြစ်လာမယ်ဆိုတာမျိုး ကလေးတွေကို မပြောပါနဲ့။
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို သေချာစဉ်းစားတတ်ပြီး မျှခြေကို ရွေးချယ်တတ်အောင်သာ သင်ကြားပေးပါ။
(၂) မိသားစုနဲ့တူတူ ထမင်းစားခိုင်းပါ။
တစ်ပတ်ကို (၅) ရက်လောက် မိသားစုနဲ့ ထမင်းတူတူစားတဲ့ ကလေးတွေဟာ မူးယစ်ဆေးသုံးခြင်း၊ အရွယ်မတိုင်ခင် ကိုယ်ဝန်ရခြင်း၊အဝလွန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ နည်းပါးပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး အောင်မြင်တဲ့ဘဝကို တည်ဆောက်နိုင်တတ်ကြပါတယ်။ ဒါဟာ စားရင်းသောက်ရင်းနဲ့ ကလေးရဲ့ခေါင်းထဲကို မှန်ကန်တဲ့ အတွေးအခေါ်တွေ နည်းနည်းစီ ထည့်ပေးသွားနိုင်တာကြောင့် ဖြစ်ပါလိမ့်မယ်။
(၃) SCREEN TIME (ဖုန်း၊ တီဗီ၊ ကွန်ပျူတာ စသည်တို့ကို ကြည့်ချိန်) ကို လျှော့ပါ။
ဖုန်း၊ တီဗီ၊ ကွန်ပျူတာတို့ကလာတဲ့ အလင်းရောင်ဟာ မျက်စိပျက်စေတဲ့အပြင် ကလေးငယ်တွေရဲ့ ဦးနှောက်ကိုပါ ရာသက်ပန် ပြောင်းလဲသွားစေပါတယ်။ ဒါကြောင့် အသက် (၂) နှစ်အောက် ကလေးတွေကိုဆို လုံးဝပေးမကြည့်သင့်ပါဘူး။ အသက် (၂) နှစ်မှ (၅) နှစ်ကိုတော့ တစ်နေ့လျှင် (၁) နာရီ ပေးကြည့်နိုင်ပြီး ကျန်တဲ့အသက်အရွယ်တွေမှာတော့ တတ်နိုင်သလောက် လျှော့ချထားသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မိသားစုနဲ့နေချိန် ပိုရသွားမှာဖြစ်ပြီး ပျော်ရွှင်တဲ့ကလေးများ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။
(၄) အလုပ်ကို နိုင်သလောက် လုပ်ခိုင်းပါ။
သုတေသနများအရ အမြင့်မားဆုံး အသက်မွေးဝမ်းကြောင်းကို ရရှိထားတဲ့သူတွေဟာ ငယ်စဉ်က အိမ်မှုကိစ္စတွေ ကူညီပြုလုပ်ခဲ့ပေးကြတဲ့သူတွေ ဖြစ်ပါတယ်။
(၅) အချိန်မဆွဲတတ်ပါစေနဲ့။
ကိုယ်လုပ်ရမယ့်အလုပ်ကို အချိန်ဆွဲပြီး ပျင်းပျင်းရိရိ လုပ်ကိုင်တဲ့အကျင့်ဟာ အောင်မြင်တဲ့ဘဝနဲ့ အလှမ်းကွာစေပါတယ်။
EC Kidz IA 1
(၆) စာဖတ်ပြပေးပါ။
အသက် (၁၀) နှစ်အရွယ်ကထဲက စာများများဖတ်ခဲ့တဲ့ကလေးတွေဟာ (၁၆) နှစ်အရွယ်မှာ တခြားကလေးတွေထက် စာမေးပွဲ အမှတ်ပိုကောင်းနေတာကို တွေ့ရပါတယ်။
(၇) ခရီးသွားဖို့ အားပေးပါ။
ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် ခရီးသွားခြင်းက ကလေးတွေရဲ့ ဦးနှောက်ကို လန်းဆန်းတက်ကြွစေပြီး ဒေသန္တရဗဟုသုတလည်း တိုးပွားစေပါတယ်။
(၈) ကျရှုံးနိုင်ကြောင်းကို နားလည်ပါစေ။
ကျရှုံးဖူးခြင်းဖြင့် အရှုံးကနေ သင်ခန်းစာယူတတ်အောင် သင်ကြားပေးပါ။ အဆိုးထဲကနေတောင် အကောင်းကို ရအောင်ယူနိုင်တယ်ဆိုတာကို ပြောပြပေးခြင်းဖြင့် ကလေးကို ပိုမိုစိတ်အားတက်ကြွစေပါတယ်။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)
EC Kidz IA 2
(Zawgyi)
(၁) ျဖစ္ခ်င္တာမွန္သမွ် တိတိက်က် ျဖစ္လာမယ္ဆိုတာမ်ိဳး ကေလးေတြကို မေျပာပါနဲ႔။
ျဖစ္ခ်င္တာနဲ႔ ျဖစ္သင့္တာကို ေသခ်ာစဥ္းစားတတ္ၿပီး မွ်ေျခကို ေရြးခ်ယ္တတ္ေအာင္သာ သင္ၾကားေပးပါ။
(၂) မိသားစုနဲ႔တူတူ ထမင္းစားခိုင္းပါ။
တစ္ပတ္ကို (၅) ရက္ေလာက္ မိသားစုနဲ႔ ထမင္းတူတူစားတဲ့ ကေလးေတြဟာ မူးယစ္ေဆးသုံးျခင္း၊ အရြယ္မတိုင္ခင္ ကိုယ္ဝန္ရျခင္း၊အဝလြန္ျခင္းနဲ႔ စိတ္ဓာတ္က်ျခင္းတို႔ နည္းပါးၿပီး ကိုယ့္ကိုကိုယ္ ယုံၾကည္မႈရွိၿပီး ေအာင္ျမင္တဲ့ဘဝကို တည္ေဆာက္ႏိုင္တတ္ၾကပါတယ္။ ဒါဟာ စားရင္းေသာက္ရင္းနဲ႔ ကေလးရဲ႕ေခါင္းထဲကို မွန္ကန္တဲ့ အေတြးအေခၚေတြ နည္းနည္းစီ ထည့္ေပးသြားႏိုင္တာေၾကာင့္ ျဖစ္ပါလိမ့္မယ္။
(၃) SCREEN TIME (ဖုန္း၊ တီဗီ၊ ကြန္ပ်ဴတာ စသည္တို႔ကို ၾကည့္ခ်ိန္) ကို ေလွ်ာ့ပါ။
ဖုန္း၊ တီဗီ၊ ကြန္ပ်ဴတာတို႔ကလာတဲ့ အလင္းေရာင္ဟာ မ်က္စိပ်က္ေစတဲ့အျပင္ ကေလးငယ္ေတြရဲ႕ ဦးေႏွာက္ကိုပါ ရာသက္ပန္ ေျပာင္းလဲသြားေစပါတယ္။ ဒါေၾကာင့္ အသက္ (၂) ႏွစ္ေအာက္ ကေလးေတြကိုဆို လုံးဝေပးမၾကည့္သင့္ပါဘူး။ အသက္ (၂) ႏွစ္မွ (၅) ႏွစ္ကိုေတာ့ တစ္ေန႔လွ်င္ (၁) နာရီ ေပးၾကည့္ႏိုင္ၿပီး က်န္တဲ့အသက္အရြယ္ေတြမွာေတာ့ တတ္ႏိုင္သေလာက္ ေလွ်ာ့ခ်ထားသင့္ပါတယ္။ ဒီလိုလုပ္ျခင္းအားျဖင့္ မိသားစုနဲ႔ေနခ်ိန္ ပိုရသြားမွာျဖစ္ၿပီး ေပ်ာ္႐ႊင္တဲ့ကေလးမ်ား ျဖစ္လာမွာပဲ ျဖစ္ပါတယ္။
(၄) အလုပ္ကို ႏိုင္သေလာက္ လုပ္ခိုင္းပါ။
သုေတသနမ်ားအရ အျမင့္မားဆုံး အသက္ေမြးဝမ္းေၾကာင္းကို ရရွိထားတဲ့သူေတြဟာ ငယ္စဥ္က အိမ္မႈကိစၥေတြ ကူညီျပဳလုပ္ခဲ့ေပးၾကတဲ့သူေတြ ျဖစ္ပါတယ္။
(၅) အခ်ိန္မဆြဲတတ္ပါေစနဲ႔။
ကိုယ္လုပ္ရမယ့္အလုပ္ကို အခ်ိန္ဆြဲၿပီး ပ်င္းပ်င္းရိရိ လုပ္ကိုင္တဲ့အက်င့္ဟာ ေအာင္ျမင္တဲ့ဘဝနဲ႔ အလွမ္းကြာေစပါတယ္။
(၆) စာဖတ္ျပေပးပါ။
အသက္ (၁၀) ႏွစ္အရြယ္ကထဲက စာမ်ားမ်ားဖတ္ခဲ့တဲ့ကေလးေတြဟာ (၁၆) ႏွစ္အရြယ္မွာ တျခားကေလးေတြထက္ စာေမးပြဲ အမွတ္ပိုေကာင္းေနတာကို ေတြ႕ရပါတယ္။
(၇) ခရီးသြားဖို႔ အားေပးပါ။
ျပည္တြင္းပဲျဖစ္ျဖစ္၊ ျပည္ပပဲျဖစ္ျဖစ္ ခရီးသြားျခင္းက ကေလးေတြရဲ႕ ဦးေႏွာက္ကို လန္းဆန္းတက္ႂကြေစၿပီး ေဒသႏၲရဗဟုသုတလည္း တိုးပြားေစပါတယ္။
(၈) က်ရႈံးႏိုင္ေၾကာင္းကို နားလည္ပါေစ။
က်ရႈံးဖူးျခင္းျဖင့္ အရႈံးကေန သင္ခန္းစာယူတတ္ေအာင္ သင္ၾကားေပးပါ။ အဆိုးထဲကေနေတာင္ အေကာင္းကို ရေအာင္ယူႏိုင္တယ္ဆိုတာကို ေျပာျပေပးျခင္းျဖင့္ ကေလးကို ပိုမိုစိတ္အားတက္ႂကြေစပါတယ္။
ေဒါက္တာေနလြင္ထူး (www.drmyanmar.com)






























