/
news/ကလေးများနှင့်ကျန်းမာရေး/အော်တစ်ဇင်နှင့်-စိတ်အာရုံ-မငြိမ်သက်ခြင်းပြဿနာများ

အော်တစ်ဇင်နှင့် စိတ်အာရုံ မငြိမ်သက်ခြင်းပြဿနာများ

Category
ကလေးများနှင့်ကျန်းမာရေး

>> အော်တစ်ဇင်

          အော်တစ်ဇင်ဆိုတာ လူမှုဆက်ဆံရေး၊ ဆက်သွယ်ပြောဆိုရေး၊ အပြုအမူလုပ်ဆောင်မှု စတဲ့ ဖွံ့ဖြိုးမှုတွေမှာ ချို့ယွင်းမှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အော်တစ်ဇင်ကလေးတွေဟာ တစ်သက်လုံး သူတစ်ပါးအထောက်အကူပြုပြီး နေရလေ့ရှိသလို အကူအညီ သိပ်မလိုတာလည်း ရှိနိုင်ပါတယ်။ အများစုမှာ အသက် ၄ နှစ်အထိ ရောဂါကို သေချာတပ်အပ် မပြောနိုင်ပေမယ့် တချို့မှာ အသက် ၂ နှစ်၊ တချို့မှာ အသက် ၁၈ လမတိုင်မီကတည်းက သိနိုင်ပါတယ်။

          ကလေး ၆၈ ယောက်မှာ ၁ ယောက်နှုန်းဖြစ်တတ်ပြီး ယောက်ျားလေးတွေမှာ ပိုတွေ့ရပါတယ်။

          ရောဂါအစောပိုင်းကာလတွေမှာ မျက်လုံးစိုက်မကြည့်ခြင်း၊ အရာဝတၳုတွေကို စိတ်မဝင်စားခြင်း၊ စကားနဲ့သော်လည်းကောင်း၊ အပြုအမူနဲ့သော်လည်းကောင်း ဆက်သွယ်မှုနည်းပါးခြင်း၊ ပြုံးခြင်း၊ ပွေ့ဖက်ခြင်း၊ ချော့မြူခြင်းတို့ကို တုံ့ပြန်မှုနည်းပါးခြင်း စတဲ့ လက္ခဏာရပ်တွေ ရှိနိုင်ပါတယ်။

Nutroplex 1

>>    စိတ်အာရုံမငြိမ်သက်ရောဂါ (Attention deficit / Hyperactivity disorder)

          အဖြစ်အများဆုံး ရောဂါတစ်ခုဖြစ်ပြီး ကလေးဟာ စိတ်အာရုံ စူးစိုက်မရခြင်း၊ စိတ်ခံစားချက် မထိန်းချုပ်နိုင်ခြင်း စတာတွေနဲ့ လာတတ်ပါတယ်။ အသက်ကြီးသည်အထိ ဆက်လက်ရှိနေတတ်ပြီး ပုံမှန်ကလေးတွေထက် ပိုထိခိုက်မှု ပိုများနိုင်ကာ မိတ်ဆွေ၊ သူငယ်ချင်းဖွဲ့ဖို့လည်း ၁၀ ဆ ပိုမိုခဲယဉ်းနိုင်ပါတယ်။

          ကလေး ၁၀ ယောက်မှာ ၁ ယောက်လောက်ဟာ ဒီရောဂါရှိနေနိုင်ပြီး ယောက်ျားလေးတွေက ၂ ဆ ပိုမိုဖြစ်နိုင်ပါတယ်။ အစောပိုင်းကာလမှာ တလှုပ်လှုပ် တရွရွဖြစ်နေခြင်း၊ စိတ်ကူးယဉ်ခြင်း၊ မေ့လျော့လွယ်ခြင်း၊ စကားများခြင်း စသည်ဖြင့် ပုံမှန်ကြီးထွားမှုပုံစံတွေနဲ့ မှားယွင်းနိုင်တဲ့ လက္ခဏာတွေနဲ့ လာနိုင်ပါတယ်။ စောစောသိလေ စောစော ကုသနိုင်လေ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Nutroplex 2

(Unicode)



Dr. Mya Phoo Ngon (www.drmyanmar.com)