/
news/ကလေးများနှင့်ကျန်းမာရေး/အေးတဲ့ဒေသတွေမှာ-ကလေးကို-နွေးအောင်ထားပါ

အေးတဲ့ဒေသတွေမှာ ကလေးကို နွေးအောင်ထားပါ

Category
ကလေးများနှင့်ကျန်းမာရေး

>> အေးတဲ့ဒေသတွေမှာ က​လေး​လေး​နွေး​နေ​အောင်​ ဘယ်​လိုထားမလဲ?

 

အေးစိမ်​့​နေတဲ့​ဒေသတွေမှာ လူကြီး​တွေအတွက်​ ကိစ္စမရှိ​ပေမယ်​့ က​လေး​ပေါက်​​စ​လေး​တွေအတွက်​​တော့ စိုးရိမ်​လာရပါတယ်​။ ​စောင်​​တွေအများကြီးနဲ့​ထွေးထား​တော့လည်​း က​လေးရုတ်​တရက်​မွန်​းပြီး​သေဆုံးခြင်​းဆိုတဲ့ SIDS (Sudden Infant Death Syndrome) ကို ​ကြောက်​ရပြန်​ပါတယ်​။ အထူးသဖြင်​့ အသက် ​၁ နှစ်​​အောက်​က​လေး​တွေမှာ ပို​ကြောက်​ရပါတယ်။ ဒါ့အပြင်​ က​လေးအပူလွန်​ကဲမှာကိုလည်​း ​ကြောက်​ရပါ​သေးတယ်​။

 

ကဲ ဒါဆိုဘယ်​လိုလုပ်​ကြမလဲ?

 

>> က​လေးအခန်​းကို​နွေး​ထွေး​နေ​အောင်​ထားပါ။

 

အေးတဲ့ဒေသတွေမှာ က​လေးအခန်​းကို သက်​​တောင်​့သက်​သာ​နွေး​နွေး​ထွေး​ထွေးရှိ​အောင်​ ထားပါ။ အခန်​းဟာ မိဘ​တွေအတွက်​ ပူလွန်​း၊​အေးလွန်​း​နေရင်​ က​လေး​အတွက်​လည်​း အလားတူဖြစ်​မှာပါ။

အပူလွန်​ခြင်​းက က​လေးရုတ်​တရက်​​သေဆုံးခြင်​း SIDS ကိုဖြစ်​​စေနိုင်​ပြီး ​အေးလွန်​းခြင်​းကလည်​း က​လေးကိုပိုပြီး မအီမသာဖြစ်​​စေကာ အိပ်​​ပျော်​ဖို့ ခက်​ခဲ​စေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ အ​နေ​တော်​အပူချိန်​မှာ ရှိဖို့အလွန်​အ​ရေးကြီးပါတယ်​။ က​လေးကိုလည်​း အဝတ်​အစားအထပ်​ထပ်​မဝတ်​ဆင်​​ပေးပဲ ​ပေါ့​ပေါ့ပါးပါးသာဝတ်​ဆင်​​ပေးသင်​့တာ​ကြောင်​့ အခန်​းအပူချိန်​ကအ​ရေးကြီးပါတယ်​။

​ က​လေးကို​နွေး​နေ​စေချင်​​ပေမယ်​့ တစ်ဖက်မှာလည်း အပူလွန်​ကဲမှာစိုးတဲ့အတွက်​ က​လေးပုခက်​ကို အပူ​ပေးစက်​နားမထားသင်​့ပါဘူး။ လျပ်​စစ်​​စောင်​​သော်​လည်​း​ကောင်​း၊ အပူအိတ်​​သော်​လည်​း​ကောင်​း မသုံးသင်​့ပါဘူး။

အခန်​းအပူချိန်​ကိုသာ ဦးစား​ပေးပါ။

Ceelin 1

>> တစ်​ဆက်​တည်​းဝတ်​စုံ​လေး​တွေဝတ်​​ပေးပါ။

 

က​လေး​နွေး​နွေး​ထွေး​ထွေးနဲ့ ကျန်​းကျန်​းမာမာဖြစ်နေ​ဖို့ တစ်​ဆက်​တည်းညအိပ်​ဝတ်​စုံ​လေး​တွေ ဝတ်​​ပေးနိုင်​ပါတယ်​။ အတွင်​းမှာအကျႌတစ်​ထပ်​ခံဝတ်​​ပေးလို့လည်​း ရပါတယ်​။ က​လေးအရမ်​းပူ​လာတယ်​ထင်​ရင်​ တစ်​ထပ်​ပြန်​ချွတ်​လိုက်​ဖို့ အဆင်​​ပြေပါတယ်​။

​က​လေး​တွေကို လူကြီး​တွေထက်​ ပိုပြီးအထပ်​ထပ်​ ဝတ်​​ပေးစရာမလိုပါဘူး။ လူကြီး​တွေနှစ်​ထပ်​​လောက်​ ဝတ်​ထားရုံနဲ့ သက်​​တောင်​့သက်​သာရှိရင်​ က​လေးကိုလည်​း နှစ်​ထပ်​သာဝတ်​​ပေးပါ။

ပိုပြီး​နွေး​ထွေး​စေဖို့ ချည်သား​ဦးထုတ်​​လေး​တွေနဲ့ သိုး​မွေးလက်​အိတ်​​ခြေအိတ်​​လေး​တွေ ဝတ်​​ပေးနိုင်​ပါတယ်​။

 

>> က​လေးပူ​နေသလား၊​အေး​နေသလား ဘယ်​လိုသိနိုင်​မလဲ?

 

က​လေးအရမ်​းပူ​နေရင်​ SIDS​ ရနိုင်​တာ​ကြောင်​့ က​လေးအသား​လေးစိုစွတ်​စွတ်​ဖြစ်​​နေတယ်​ဆိုရင်​ အကျႌတစ်​ထပ်​ချွတ်​​ပေးပါ။

          အပူအ​အေးသိဖို့အတွက်​ က​လေးရဲ့ပါးက​လေး၊ ​ခြေလက်​က​လေး​တွေကို ကိုင်​ကြည်​့​ပေးပါ။ က​လေးလည်​ဂုတ်​က​လေးကိုလည်​း စမ်​းကြည်​့​ပေးနိုင်​ပါတယ်​။

ဒါ့အပြင်​ က​လေး​လေးဟာ သက်​​တောင်​့သက်​သာမရှိရင်​ ငိုပါလိမ့်​မယ်​။ ဒါ​ေ့ကြာင်​့ သတိထားကြည်​့ရင်​ သိနိုင်​ပါတယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

Ceelin 2

(Unicode)


 


 


 


 





 


 




 


 




 

Dr. Mya Phoo Ngon (www.drmyanmar.com)