အွန်လိုင်းကနေ သင်ကြားမှု ပြုလုပ်နေရချိန်မှာ ကလေးတွေရဲ့အမြင်အာရုံ ကောင်းစေဖို့
အခုခေတ်မှာ ကလေးတွေကို ကြည့်လိုက်ရင် မျက်မှန်လေးတွေကိုယ်စီနဲ့ တွေ့လာရပါတယ်။ နည်းပညာတွေဆိုတာ လူမှုနေထိုင်မှုကို အကူအညီအထောက်အပံ့ပေးဖို့၊ ရှင်းလင်းစေဖို့ ရည်ရွယ်တာပေမယ့် နည်းပညာတွေ အရမ်းတိုးတက်လာတဲ့အခါ ကလေးတွေရဲ့ကျန်းမာရေးကို ထိခိုက်လာစေတဲ့အပြင် ကလေးတွေကို ပျင်းရိစေလာပါတယ်။ အွန်လိုင်းကနေ သင်ကြားမှုကြောင့်အပြင် အခုခေတ်ကလေးတွေ ဘယ်လောက်ထိအောင် တီဗီတွေ ကြည့်နေကြတယ်၊ ကွန်ပျူတာမှာ အင်တာနက်တွေ သုံးနေကြတယ်၊ ဖုန်းမှာ ဂိမ်းတွေ ဆော့နေကြတယ်၊ တက်ဘလက်မှာ စာတွေ ဖတ်နေကြတယ်ဆိုတာ ကလေးရှိတဲ့မိဘတိုင်း သိကြမှာပါ။ ဒီပစ္စည်းတွေဟာ ကလေးတွေရဲ့ခန္ဓာကိုယ်၊ အထူးသဖြင့် မျက်လုံးကို အများကြီးထိခိုက်နိုင်ပါတယ်။
>> ကလေးတွေမှာ အမြင်အာရုံကောင်းစေဖို့ သဘာဝနည်းလမ်းများ
ကလေးတွေမှာ အမြင်အာရုံကောင်းစေဖို့ လုပ်နိုင်တဲ့ သဘာဝနည်းလမ်းလေးတွေ အများကြီးရှိပါတယ်။ အမြင်အာရုံကို ကာကွယ်ပြီး ကျန်းမာစေဖို့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကျွေးပြီး ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားသောက်ဖို့ အရေးကြီးပါတယ်နော်။ အာဟာရပြည့်ဝအောင် စားမယ်၊ လေ့ကျင့်ခန်းလုပ်မယ်၊ မှန်မှန်မျက်စိစမ်းသပ်မှုတွေလုပ်မယ်ဆိုရင် အမြင်အာရုံကို ကာကွယ်နိုင်မှာပါ။
>> အစာအာဟာရနဲ့ ဖြည့်စွက်အားဆေးများ
၁။ အစိမ်းရောင်အသီးအရွက်များ
ကရတင်းနွုက်ဓာတ်ရဲ့ ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း အင်တီအောက်စီဒန့်အစွမ်းက မျက်စိပျက်စီးမှုကို ကာကွယ်နိုင်ပါတယ်။ ဗီတာမင်အေကြွယ်ဝတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ အများကြီး တွေ့ရပါတယ်။ ကယ်လ်ဆီယမ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ12 စတဲ့ တခြားဓာတ်တွေလည်း ပါပါတယ်နော်။ ဒါကြောင့် ကလေးကို ပန်းဂေါ်ဖီစိမ်းတို့၊ မုန်ညင်းရွက်တို့၊ မုန်ညင်းစိမ်းတို့ကို များများကျွေးပေးပါနော်။
၂။ တခြားအရောင်စုံအသီးအရွက်များ
မုန်လာဥဖြူတို့၊ ခရမ်းချဉ်သီးတို့ဟာလည်း အမြင်အာရုံကို ထိခိုက်စေတဲ့ အမြင်စူးစိုက်တဲ့ macula လွှာ ယိုယွင်းခြင်းတို့၊ အတွင်းတိမ်ဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥနီတို့၊ ကန်စွန်းဥတို့ဟာလည်း မျက်စိကို နေရောင်ဓာတ်ကနေ ကာကွယ်နိုင်မယ့် ဘီတာကယ်ရိုတင်းတွေ အများကြီးပါပါတယ်။ ငရုတ်ပွကလည်း ကလေးမျက်လုံးအတွက် ကောင်းပါတယ်တဲ့။ ခဝဲသီးမှာလည်း အမြင်အာရုံကို ကာကွယ်ပေးတဲ့ အင်တီအောက်စီဒန့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါပါတယ်။
၃။ အစေ့အဆံများ
မြေပဲစေ့၊ သီဟိုဠ်စေ့၊ အယ်လ်မွန်စေ့၊ သစ်ကြားစေ့တွေဟာ ဗီတာမင်အီး ကြွယ်ဝတာကြောင့် ကလေးတွေမှာ အဝေးမှုန်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီအစေ့အဆံတွေမှာ အိုမီဂါဖက်တီးအက်ဆစ်တွေလည်း ပါဝင်ပါတယ်။ ဒီဖက်တီးအက်ဆစ်နဲ့ ဗီတာမင်အီးတို့ဟာ မျက်လုံးခြောက်ခြင်းကိုလည်း ကာကွယ်ပေးပါသေးတယ်။ နှမ်းကြတ်စေ့တို့၊ ချိုင်ယာစေ့တို့ဟာလည်း အမြင်အာရုံကို ကောင်းစေနိုင်ပါတယ်။
Nutroplex 1
၄။ ငါးကြီးဆီ
ဆယ်လ်မွန်၊ မက်ကရယ်၊ တူနာ စတဲ့ငါးတွေကနေ ရရှိတဲ့ ငါးကြီးဆီတွေမှာ DHA လို့ခေါ်တဲ့ မျက်လုံးမြင်လွှာ retina မှာပါတဲ့ အဆီတစ်မျိုး ပါဝင်ပါတယ်။ မျက်လုံးအပြင်လွှာမှာ DHA ဓာတ် ချို့တဲ့တဲ့အခါ မျက်လုံးခြောက်တာနဲ့ တခြားမျက်လုံးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
၅။ ပဲအမျိုးမျိုး
ပဲမှာ အများကြီးတွေ့ရတဲ့ bioflavonoids နဲ့ ဇင့်တို့ဟာ မျက်လုံးအပြင်လွှာ retina ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေဟာ ပဲစင်းငုံ၊ ပဲကြီး၊ ပဲနီလေးစတဲ့ ပဲအမျိုးမျိုးတို့ကို များများစားပေး၊ ကျွေးပေးသင့်ပါတယ်နော်။ ကလေးတွေဟာ ပဲစားရတာ မကြိုက်တာများပါတယ်။ ဒါပေမဲ့ ကလေး ချေးများတာကို နားမထောင်ပါနဲ့။ ပဲတွေဟာ မျက်စိကျန်းမာရေးအတွက်ကောင်းလို့ ကလေးတွေကို များများကျွေးပေးပါ။
၆။ မပြုပြင်ထားတဲ့ နှံ၊ ဂျုံ၊ ပြောင်း
ဇင့်ဟာ မပြုပြင်ထားတဲ့ ပေါင်မုန့်ညိုတို့၊ ဆန်လုံးညိူတိူ့မှာ အများကြီးပါပါတယ်။ ဒါ့အပြင် ဗီတာမင်အီးတို့၊ နိုင်ယာဆင်တို့လည်း အလျှံအပယ် ပါဝင်ပါတယ်။ ဒါကြောင့် ပေါင်မုန့်ဖြူ၊ ပါစတာ၊ ထမင်းဖြူတွေချည်း မကျွေးဘဲ ပေါင်မုန့်ညို၊ ဆန်လုံးညိုတွေကို ကျွေးပေးပါ။
၇။ ဥအမျိုးမျိုး
ဥတွေမှာ ဗီတာမင်အေနဲ့ ပရိုတင်းအသားဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဒါတင်မကဘဲ မျက်စိကန်းခြင်း၊ အမြင်အာရုံကို စူးစိုက်ပေးတဲ့ macula ပျက်စီးခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်တဲ့ လူတိန်းအင်တီအောက်စီးဒန့်လည်း ပါဝင်ပါတယ်။ မျက်လုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုကို ထိန်းသိမ်းပေးပြီး ကောင်းကောင်း အလုပ်လုပ်နိုင်အောင်လည်း ပံ့ပိုးပေးပါတယ်။ ဒါကြောင့် ကလေးကို ဥများများကျွေးပြီး မျက်စိပြဿနာကို ကာကွယ်နိုင်ပါတယ်နော်။
Nutroplex 2
၈။ အသီးအနှံများ
ဗီတာမင်စီဟာ အမြင်အာရုံအတွက် အရေးပါတဲ့ဗီတာမင်တစ်မျိုးပါ။ ဗီတာမင်စီကို အချဉ်သီးတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပရာသီး၊ မာလကာသီး၊ ခရမ်းချဉ်သီး စတာတွေကနေ ရနိုင်ပါတယ်။ ကလေးကို စတော်ဘယ်ရီကျွေးခြင်းဖြင့် မျက်စိပိုးဝင်ခြင်းနဲ့ မျက်စိရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ လိမ္မော်ရောင် ဒါမှမဟုတ် အဝါရောင်အသီးတွေဖြစ်တဲ့ သရက်သီး၊ သင်္ဘောသီး၊ မက်မွန်သီး စတာတွေဟာ ဗီတာမင်အေ ကြွယ်ဝတာမို့ ညဘက် မျက်စိအမြင်အားနည်းတာကို ကာကွယ်နိုင်မှာပါ။ မက်မွန်သီးမှာ ကရိုတင်းနွုက်၊ ဘီတာကယ်ရိုတင်း၊ လိုင်ကိုဖိမ်း စတဲ့ အမြင်အာရုံအားကောင်းစေတဲ့ဓာတ်တွေ ပါဝင်တာမို့ ကလေးတွေကို မကျွေးမဖြစ် ကျွေးပေးရပါမယ်။ ဘလူးဘယ်ရီနဲ့ စပျစ်သီးတွေမှာလည်း အန်သိုဆိုင်ယာနင်တွေ ပါဝင်တာမို့ ညဘက် အမြင်အာရုံကိုအားကောင်းစေပြီး ညအမှောင်ကို မျက်လုံးကျင့်သားရစေနိုင်ပါတယ်။ ဘလူးဘယ်ရီမှာ အမြင်အာရုံကိုကောင်းစေတဲ့ ဖလာဗိုနွုက်တွေ ပါဝင်ပါသေးတယ်။ ဒါကြောင့် ကလေးတွေကို အသီးအနှံ မှန်မှန်ကျွေးပေးပါနော်။
၉။ အမဲသား
နီညိုရောင်အသားတွေဟာ ဇင့်ဓာတ်ကြွယ်ဝပါတယ်။ ကမာတွေမှာလည်း ဇင့်ဓာတ်များစွာ ပါပါတယ်။ ဇင့်ဆိုတာ အသည်းက ဗီတာမင်အေတွေကို မျက်လုံးမြင်လွှာကို ပို့ဆောင်ပေးပါတယ်။ မျက်လုံးထဲမှာလည်း မယ်လနင် ထုတ်လုပ်မှုကို အားပေးပါတယ်။ မယ်လနင်ဆိုတာ မျက်လုံးမြင်လွှာရှိ အလင်းလက်ခံပစ္စည်းလေးတွေကို ကျန်းမာအောင် ထိန်းသိမ်းပေးပြီး ညဘက် မျက်စိမမြင်ခြင်းကို တားဆီးပေးပါတယ်။
၁၀။ ထောပတ်သီး
လူတိန်းဆိုတာ ကယ်ရိုတင်းနွုက်ဗီတာမင်တစ်မျိုးဖြစ်ပြီး အတွင်းတိမ်လိုရောဂါမျိုးကို ကာကွယ်ပေးခြငိး၊ ကလေးတွေမှာ အမြင်အာရုံကိုကောင်းစေခြင်း စတဲ့ အကျိုးတွေရှိပါတယ်။ ထောပတ်သီးမှာ ဒီလို လူတိန်းတွေ အများကြီးပါတာမို့ မှန်မှန်လေး စားပေးသင့်ပါတယ်။
၁၁။ ဗီတာမင်ဖြည့်စွက်စာများ
ကလေးဟာ အစားချေးများပြီး အစားအသောက်ကနေ အာဟာရကောင်းကောင်းမရနိုင်ဘူးဆိုရင် ဗီတာမင်ဖြည့်စွက်စာတွေကို အားကိုးရမှာပါပဲ။ Multivitamin အရည်အားဆေးတွေနဲ့ အချိုရည် ဖြည့်စွက်စာတွေကလည်း ကလေးခန္ဓာကိူယ်နဲ့ မျက်လုံးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























