၁ လသား ကလေးလေးရဲ့ မေမေတို့အတွက်
၁ လသား ကလေးလေး မွေးထားတဲ့ ပူပူနွေးနွေး မေမေအသစ်ကလေးတို့ ကလေးလေးအတွက် ပူပန်ပြီး စိတ်ရှုပ်နေတယ်ဆိုရင် ဒီစာလေး ဖတ်ကြည့်လိုက်နော်။
၁လသား ကလေးလေးတွေဟာ မကြာမကြာ နို့တိုက်ပေးဖို့လိုပြီး အိပ်ချိန်ကလည်း ပုံသေမရှိပါဘူး။ မွေးကင်းစကလေးအများစုဟာ နေ့ဘက်မှာအိပ်ပြီး ညဘက်မှာ နိုးနေတတ်ကြပါတယ်။ ဒါကြောင့် ကလေးကို နို့တိုက်ရာမှာလည်း ခက်ခဲတတ်ကြပါတယ်။ ကလေးလေး ကောင်းကောင်းမွန်မွန် ကြီးပြင်းဖို့ ဒီအချက်ကလေးတွေကို ကြည့်လိုက်နော်။
၁။ ကလေးကို မကြာမကြာ နို့တိုက်ပါ။
၁ လသားလေးဟာ အနည်းဆုံး တစ်နေ့ ၆ ကြိမ် နို့တိုက်ဖို့ လိုပါတယ်။ မိခင်နို့တိုက်သူတွေဆို ၁၂ ကြိမ်ထိ တိုက်နိုင်ပါတယ်။ အိပ်ချိန် တစ်သမတ်မရှိတာမို့ တိတိကျကျတော့ သတ်မှတ်လို့မရဘူးပေါ့။
၂။ ကလေးအိပ်ချင်နေတဲ့ အရိပ်အယောင်ကိုသိပြီး သိပ်ပါ။
ကလေးလေးဟာ အိပ်ချင်သလိုကို အိပ်နေတတ်ကြပါတယ်။ ဒါကြောင့် သူ အိပ်ချင်တဲ့အချိန်သာ သိပ်လိုက်ပါ။ ကလေး အိပ်ချင်ငိုက်မြည်းနေတာကိုတော့ သိဖို့လိုပါတယ်။ များသောအားဖြင့်တော့ နို့စို့ပြီးရင် ငိုက်တတ်ကြပါတယ်။ ဒါကြောင့် နို့စို့ပြီးတာနဲ့ ပုခက်လေးထဲ ထည့်လိုက်ပါ။ အိပ်ချိန်ကို ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။
၃။ ကလေးနဲ့ ဆော့ပေး၊ ပြောပေးဆိုပေးပါ။
နိုးနေချိန်မှာ ကလေးနဲ့ ဆော့ပေးပါ။ နာမည်လေး ခေါ်ပါ။ သီချင်းလေး ဖွင့်ပြပါ။
Ceelin 1
၄။ လုံခြုံစိတ်ချရအောင်ထားပါ။
ကလေးပုခက်ကို ဖုန်၊ မှုန်အမှိုက်တွေ မဝင်နိုင်အောင် ပြတင်းပေါက်နား မထားပါနဲ့။ ပုခက်ထဲအရုပ်တွေ၊ ပစ္စည်းတွေ မထည့်ပါနဲ့။ ကလေးကို ခုံတို့၊ ခုတင်တို့ပေါ်တင်ထားရင် လက်တစ်ဖက်နဲ့ သေချာထိန်းကိုင်ထားပါ။ ကလေးကို ကျောမှာချီပိုးရင်လည်း ပခုံးသိုင်းကြိုးကို သေချာချည်ပါ။ လည်ပင်းမခိုင်သေးတဲ့အတွက် လက်တစ်ဖက်တည်းနဲ့ မကိုင်ပါနဲ့။ လက်နှစ်ဖက်နဲ့ ချီပိုးပါ။
၅။ ကျန်းမာရေးဂရုစိုက်ပါ။
ပိုးကူးစက်လွယ်တာမို့ ဖျားနာနေမကောင်းဖြစ်သူတွေကို ကလေးနား အကပ်မခံပါနဲ့။ ကလေးကို မကိုင်တွယ်ခင် သေချာလက်ဆေးပါ။ ကလေးသေးခံကို မကြာမကြာ ကြည့်ပါ။ သန့်ရှင်းမှုက အရေးကြီးဆုံးပါပဲ။
ဒီအချက်လေးတွေဟာ ၁ လသား ကလေးလေးရဲ့ မေမေ၊ ဖေဖေတို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Ceelin 2
(Zawgyi)
၁ လသား ကေလးေလး ေမြးထားတဲ့ ပူပူေႏြးေႏြး ေမေမအသစ္ကေလးတို႔ ကေလးေလးအတြက္ ပူပန္ၿပီး စိတ္ရႈပ္ေနတယ္ဆိုရင္ ဒီစာေလး ဖတ္ၾကည့္လိုက္ေနာ္။
၁လသား ကေလးေလးေတြဟာ မၾကာမၾကာ ႏို႔တိုက္ေပးဖို႔လိုၿပီး အိပ္ခ်ိန္ကလည္း ပုံေသမရွိပါဘူး။ ေမြးကင္းစကေလးအမ်ားစုဟာ ေန႔ဘက္မွာအိပ္ၿပီး ညဘက္မွာ ႏိုးေနတတ္ၾကပါတယ္။ ဒါေၾကာင့္ ကေလးကို ႏို႔တိုက္ရာမွာလည္း ခက္ခဲတတ္ၾကပါတယ္။ ကေလးေလး ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းဖို႔ ဒီအခ်က္ကေလးေတြကို ၾကည့္လိုက္ေနာ္။
၁။ ကေလးကို မၾကာမၾကာ ႏို႔တိုက္ပါ။
၁ လသားေလးဟာ အနည္းဆုံး တစ္ေန႔ ၆ ႀကိမ္ ႏို႔တိုက္ဖို႔ လိုပါတယ္။ မိခင္ႏို႔တိုက္သူေတြဆို ၁၂ ႀကိမ္ထိ တိုက္ႏိုင္ပါတယ္။ အိပ္ခ်ိန္ တစ္သမတ္မရွိတာမို႔ တိတိက်က်ေတာ့ သတ္မွတ္လို႔မရဘူးေပါ့။
၂။ ကေလးအိပ္ခ်င္ေနတဲ့ အရိပ္အေယာင္ကိုသိၿပီး သိပ္ပါ။
ကေလးေလးဟာ အိပ္ခ်င္သလိုကို အိပ္ေနတတ္ၾကပါတယ္။ ဒါေၾကာင့္ သူ အိပ္ခ်င္တဲ့အခ်ိန္သာ သိပ္လိုက္ပါ။ ကေလး အိပ္ခ်င္ငိုက္ျမည္းေနတာကိုေတာ့ သိဖို႔လိုပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ႏို႔စို႔ၿပီးရင္ ငိုက္တတ္ၾကပါတယ္။ ဒါေၾကာင့္ ႏို႔စို႔ၿပီးတာနဲ႔ ပုခက္ေလးထဲ ထည့္လိုက္ပါ။ အိပ္ခ်ိန္ကို ထိန္းခ်ဳပ္ဖို႔ မႀကိဳးစားပါနဲ႔။
၃။ ကေလးနဲ႔ ေဆာ့ေပး၊ ေျပာေပးဆိုေပးပါ။
ႏိုးေနခ်ိန္မွာ ကေလးနဲ႔ ေဆာ့ေပးပါ။ နာမည္ေလး ေခၚပါ။ သီခ်င္းေလး ဖြင့္ျပပါ။
၄။ လုံၿခဳံစိတ္ခ်ရေအာင္ထားပါ။
ကေလးပုခက္ကို ဖုန္၊ မႈန္အမႈိက္ေတြ မဝင္ႏိုင္ေအာင္ ျပတင္းေပါက္နား မထားပါနဲ႔။ ပုခက္ထဲအ႐ုပ္ေတြ၊ ပစၥည္းေတြ မထည့္ပါနဲ႔။ ကေလးကို ခုံတို႔၊ ခုတင္တို႔ေပၚတင္ထားရင္ လက္တစ္ဖက္နဲ႔ ေသခ်ာထိန္းကိုင္ထားပါ။ ကေလးကို ေက်ာမွာခ်ီပိုးရင္လည္း ပခုံးသိုင္းႀကိဳးကို ေသခ်ာခ်ည္ပါ။ လည္ပင္းမခိုင္ေသးတဲ့အတြက္ လက္တစ္ဖက္တည္းနဲ႔ မကိုင္ပါနဲ႔။ လက္ႏွစ္ဖက္နဲ႔ ခ်ီပိုးပါ။
၅။ က်န္းမာေရးဂ႐ုစိုက္ပါ။
ပိုးကူးစက္လြယ္တာမို႔ ဖ်ားနာေနမေကာင္းျဖစ္သူေတြကို ကေလးနား အကပ္မခံပါနဲ႔။ ကေလးကို မကိုင္တြယ္ခင္ ေသခ်ာလက္ေဆးပါ။ ကေလးေသးခံကို မၾကာမၾကာ ၾကည့္ပါ။ သန႔္ရွင္းမႈက အေရးႀကီးဆုံးပါပဲ။
ဒီအခ်က္ေလးေတြဟာ ၁ လသား ကေလးေလးရဲ႕ ေမေမ၊ ေဖေဖတို႔အတြက္ အသုံးဝင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)






























