မွေးကင်းစကလေးငယ်နဲ့ အသက်တစ်နှစ်အောက်ကလေးငယ်တွေမှာ အဖြစ်များတဲ့ပြဿနာများ
ကလေးမွေးပြီးပြီးချင်း ရက်တွေကတော့ အမေတွေအတွက် အရမ်းကို စိတ်လှုပ်ရှားရတဲ့အချိန်တွေပါ။ ကလေးလေးကလည်း သေးသေးလေးနဲ့ ဘာမှမသိမပြောတတ်ဆိုတော့ စိတ်ပူချင်လည်း ပူစရာပါပဲလေ။ ပြီးတော့ ကလေးတွေက အရမ်းနူးညံ့တော့ စိုးရိမ်ဖို့လိုတဲ့အကြောင်းတွေကလည်း ရှိတယ်လေ။
တစ်နှစ်အောက်ကလေးငယ်တွေရဲ့ ကိုယ်ခံအားစနစ်က ဖွံ့ဖြိုးဆဲဆိုတော့ သာမာန်နေမကောင်းတာ လေးတွေကတောင်မှ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာဖြစ်တတ်တဲ့ပြဿနာတွေကို သိထားဖို့လိုပါတယ်။
ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ပြဿနာတွေကတော့ -
1. လေထိုးခြင်း
ကလေးလေးက ဘာလို့မှန်းလည်းမသိဘဲ ဆက်တိုက်ကြီးငိုနေရင် လေထိုးလို့ ဖြစ်နိုင်ပါတယ်။ နို့မှုန့်တိုက်တဲ့ ကလေးတွေမှာ နို့နဲ့မတည့်တာရှိရင် လေထိုးတတ်ပါတယ်။ အများအားဖြင့်တော့ အသက် ၃ လအရွယ်ရောက်ရင် လေထိုးတာ သူ့ဘာသာသူပျောက်သွားတတ်ပါတယ်။
2. အန်ခြင်း
ကလေးတွေမှာ အဖြစ်များတဲ့ နောက်ထပ်ပြဿနာတစ်ခုကတော့ အန်တာပါ။ နို့စို့ပြီးရင် နို့နည်းနည်း ပြန်အန်ထွက်တတ်တယ်။ ဒါပေမဲ့ ခဏခဏ အန်နေရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ ခဏခဏ အန်နေရင် ကလေးက lactose နဲ့ ဓာတ်မတည့်တာ၊ အမေနို့နဲ့ ဓာတ်မတည့်တာတွေ ရှိ၊ မရှိ သေချာ စစ်ကြည့်ဖို့လိုပါတယ်။ ပြီးတော့ ကလေးကိုနို့တိုက်ပြီးရင် လေထုတ်ပေးပါ။ ကလေးက ခဏခဏလည်း အန် ကိုယ်အလေးချိန်ကလည်း မတက် ဖြစ်နေရင်တော့ ဆေးကုသဖို့ လိုပါတယ်။ ကလေး အန်ဖတ်ရဲ့အရောင်ကိုလည်း သေချာမှတ်ထားပါ။
3. အရေပြားပြဿနာများ
အသက်တစ်နှစ်အောက်ကလေးငယ်တွေမှာ အရေပြားက ထိရှမှုသိပ်မခံနိုင်တော့ အရေပြားပြဿနာတွေ အဖြစ်များပါတယ်။ ကလေးမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတွေကတော့ -
● သေးခံဝတ်ပွန်းခြင်း
ကလေးတွေမှာ အဖြစ်များဆုံးပြဿနာတွေထဲက တစ်ခုကတော့ သေးခံဝတ်ပြဿနာပါ။ ဒီပြဿနာ မဖြစ်စေဖို့ ကလေးသေးခံကို ပုံမှန်လဲပေးပါ။ ပြီးတော့ diaper rash cream လိမ်းပေးပါ။ အဝတ်သေး ခံဝတ်ပေးရင် အနံ့နဲ့ဆိုး ဆေးကင်းတာတွေ သုံးပါ။
● ဦးရေပြားမှာ ဒက်ဖြစ်ခြင်း
ဒါကလည်း အဖြစ်များပါတယ်။ ကလေးကို နေ့တိုင်း ပုံမှန်ခေါင်းလျှော်ပေးပါ။ ကလေးလျှော်တဲ့ ခေါင်းလျှော်ရည် အပျော့စားလေးတွေနဲ့ပဲ လျှော်ပေးပါ။
Ceelin 1
4. အအေးမိ၊ တုပ်ကွေး
ကလေးငယ်တွေမှာ အအေးမိတုပ်ကွေးကတော့ အဖြစ်များပါတယ်။ ပုံမှန်တော့ ဒီအအေးမိတုပ်ကွေးက ပြဿနာမရှိပေမယ့် ကလေးတွေမှာ သာမန်အအေးမိတာကနေ အဆုတ်ရောင်တဲ့အထိ ဖြစ်နိုင်လို့ ကလေးတွေမှာ ဖျားရင်တော့ ဆေးခန်းသွားပြဖို့ လိုပါတယ်။
5. နားတွင်းရောဂါပိုးဝင်ခြင်း
ဒါကလည်း ကလေးတွေမှာ အဖြစ်များပါတယ်။ ကလေးကပုံမှန်ထက်ပိုပြီး နားတွေကိုပွတ်၊ အီနေ တယ်ဆိုရင် နားမှာ ရောဂါပိုးဝင်လို့ ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာဆိုရင် သူ့ဟာသူ ပြန်ကောင်းနိုင်ပေမယ့် ဘက်တီးရီးယားပိုးကြောင့် ဆိုရင်တော့ ပိုးသတ်ဆေးပေးဖို့ လိုပါတယ်။
6. ပါးစပ်အနာများပေါက်ခြင်း
ပါးစပ်မှာ မှိုစွဲပြီး အနာလေးတွေပေါက်တာလည်း အဖြစ်များပါတယ်။ ဒီလိုလေးတွေတွေ့ရင် ကလေး ဆရာဝန်ကိုပြပါ။
7. ဝမ်းပျက်ဝမ်းလျှော
ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောလည်း အဖြစ်များပါတယ်။ ကလေး ဝမ်းလျှောနေချိန်မှာ ရေဓာတ် လုံလောက်အောင် တိုက်ပေးနိုင်တယ်ဆိုရင် စိုးရိမ်စရာမရှိပါဘူး။
8. ဝမ်းချုပ်ခြင်း
ကလေးက နေလို့ထိုင်လို့ မကောင်းတာ၊ မအီမသာဖြစ်တာမျိုးတွေ မရှိဘူးဆိုရင် ဝမ်းချုပ်တာက ပြဿနာမဟုတ်ပါဘူး။
ကလေးတွေမှာဖြစ်တဲ့ပြဿနာတွေကို ပြောရမယ်ဆိုရင်တော့ ကုန်နိုင်တော့မှာ မဟုတ်ပါဘူး။ ကျောက်ကပ်၊ မျက်လုံး စတဲ့ ပြဿနာမျိုးစုံ ရှိနိုင်ပါသေးတယ်။ အဖြစ်များတဲ့ပြဿနာတွေကတော့ အပေါ်မှာ ပြောထားတာတွေပါပဲ။ စိုးရိမ်စရာမရှိတာတွေကို အရမ်းမစိုးရိမ်ဘဲနဲ့ ဆရာဝန်ပြရမယ့် ပြဿနာတွေကိုလည်း သေချာသိထားပြီးတော့ ဂရုစိုက်နိုင်ဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Ceelin 2
(Zawgyi)
ကေလးေမြးၿပီးၿပီးခ်င္း ရက္ေတြကေတာ့ အေမေတြအတြက္ အရမ္းကို စိတ္လႈပ္ရွားရတဲ့အခ်ိန္ေတြပါ။ ကေလးေလးကလည္း ေသးေသးေလးနဲ႔ ဘာမွမသိမေျပာတတ္ဆိုေတာ့ စိတ္ပူခ်င္လည္း ပူစရာပါပဲေလ။ ၿပီးေတာ့ ကေလးေတြက အရမ္းႏူးညံ့ေတာ့ စိုးရိမ္ဖို႔လိုတဲ့အေၾကာင္းေတြကလည္း ရွိတယ္ေလ။
တစ္ႏွစ္ေအာက္ကေလးငယ္ေတြရဲ႕ ကိုယ္ခံအားစနစ္က ဖြံ႕ၿဖိဳးဆဲဆိုေတာ့ သာမာန္ေနမေကာင္းတာ ေလးေတြကေတာင္မွ ျပင္းထန္တဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကေလးေတြမွာျဖစ္တတ္တဲ့ျပႆနာေတြကို သိထားဖို႔လိုပါတယ္။
ကေလးငယ္ေလးေတြမွာျဖစ္တတ္တဲ့ျပႆနာေတြကေတာ့ -
1. ေလထိုးျခင္း
ကေလးေလးက ဘာလို႔မွန္းလည္းမသိဘဲ ဆက္တိုက္ႀကီးငိုေနရင္ ေလထိုးလို႔ ျဖစ္ႏိုင္ပါတယ္။ ႏို႔မႈန႔္တိုက္တဲ့ ကေလးေတြမွာ ႏို႔နဲ႔မတည့္တာရွိရင္ ေလထိုးတတ္ပါတယ္။ အမ်ားအားျဖင့္ေတာ့ အသက္ ၃ လအ႐ြယ္ေရာက္ရင္ ေလထိုးတာ သူ႔ဘာသာသူေပ်ာက္သြားတတ္ပါတယ္။
2. အန္ျခင္း
ကေလးေတြမွာ အျဖစ္မ်ားတဲ့ ေနာက္ထပ္ျပႆနာတစ္ခုကေတာ့ အန္တာပါ။ ႏို႔စို႔ၿပီးရင္ ႏို႔နည္းနည္း ျပန္အန္ထြက္တတ္တယ္။ ဒါေပမဲ့ ခဏခဏ အန္ေနရင္ေတာ့ ပုံမွန္မဟုတ္ေတာ့ပါဘူး။ ခဏခဏ အန္ေနရင္ ကေလးက lactose နဲ႔ ဓာတ္မတည့္တာ၊ အေမႏို႔နဲ႔ ဓာတ္မတည့္တာေတြ ရွိ၊ မရွိ ေသခ်ာ စစ္ၾကည့္ဖို႔လိုပါတယ္။ ၿပီးေတာ့ ကေလးကိုႏို႔တိုက္ၿပီးရင္ ေလထုတ္ေပးပါ။ ကေလးက ခဏခဏလည္း အန္ ကိုယ္အေလးခ်ိန္ကလည္း မတက္ ျဖစ္ေနရင္ေတာ့ ေဆးကုသဖို႔ လိုပါတယ္။ ကေလး အန္ဖတ္ရဲ႕အေရာင္ကိုလည္း ေသခ်ာမွတ္ထားပါ။
3. အေရျပားျပႆနာမ်ား
အသက္တစ္ႏွစ္ေအာက္ကေလးငယ္ေတြမွာ အေရျပားက ထိရွမႈသိပ္မခံႏိုင္ေတာ့ အေရျပားျပႆနာေတြ အျဖစ္မ်ားပါတယ္။ ကေလးမွာျဖစ္တတ္တဲ့ အေရျပားျပႆနာေတြကေတာ့ -
● ေသးခံဝတ္ပြန္းျခင္း
ကေလးေတြမွာ အျဖစ္မ်ားဆုံးျပႆနာေတြထဲက တစ္ခုကေတာ့ ေသးခံဝတ္ျပႆနာပါ။ ဒီျပႆနာ မျဖစ္ေစဖို႔ ကေလးေသးခံကို ပုံမွန္လဲေပးပါ။ ၿပီးေတာ့ diaper rash cream လိမ္းေပးပါ။ အဝတ္ေသး ခံဝတ္ေပးရင္ အနံ႔နဲ႔ဆိုး ေဆးကင္းတာေတြ သုံးပါ။
● ဦးေရျပားမွာ ဒက္ျဖစ္ျခင္း
ဒါကလည္း အျဖစ္မ်ားပါတယ္။ ကေလးကို ေန႔တိုင္း ပုံမွန္ေခါင္းေလွ်ာ္ေပးပါ။ ကေလးေလွ်ာ္တဲ့ ေခါင္းေလွ်ာ္ရည္ အေပ်ာ့စားေလးေတြနဲ႔ပဲ ေလွ်ာ္ေပးပါ။
4. အေအးမိ၊ တုပ္ေကြး
ကေလးငယ္ေတြမွာ အေအးမိတုပ္ေကြးကေတာ့ အျဖစ္မ်ားပါတယ္။ ပုံမွန္ေတာ့ ဒီအေအးမိတုပ္ေကြးက ျပႆနာမရွိေပမယ့္ ကေလးေတြမွာ သာမန္အေအးမိတာကေန အဆုတ္ေရာင္တဲ့အထိ ျဖစ္ႏိုင္လို႔ ကေလးေတြမွာ ဖ်ားရင္ေတာ့ ေဆးခန္းသြားျပဖို႔ လိုပါတယ္။
5. နားတြင္းေရာဂါပိုးဝင္ျခင္း
ဒါကလည္း ကေလးေတြမွာ အျဖစ္မ်ားပါတယ္။ ကေလးကပုံမွန္ထက္ပိုၿပီး နားေတြကိုပြတ္၊ အီေန တယ္ဆိုရင္ နားမွာ ေရာဂါပိုးဝင္လို႔ ျဖစ္ႏိုင္ပါတယ္။ ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္တာဆိုရင္ သူ႔ဟာသူ ျပန္ေကာင္းႏိုင္ေပမယ့္ ဘက္တီးရီးယားပိုးေၾကာင့္ ဆိုရင္ေတာ့ ပိုးသတ္ေဆးေပးဖို႔ လိုပါတယ္။
6. ပါးစပ္အနာမ်ားေပါက္ျခင္း
ပါးစပ္မွာ မႈိစြဲၿပီး အနာေလးေတြေပါက္တာလည္း အျဖစ္မ်ားပါတယ္။ ဒီလိုေလးေတြေတြ႕ရင္ ကေလး ဆရာဝန္ကိုျပပါ။
7. ဝမ္းပ်က္ဝမ္းေလွ်ာ
ကေလးေတြမွာ ဝမ္းပ်က္ဝမ္းေလွ်ာလည္း အျဖစ္မ်ားပါတယ္။ ကေလး ဝမ္းေလွ်ာေနခ်ိန္မွာ ေရဓာတ္ လုံေလာက္ေအာင္ တိုက္ေပးႏိုင္တယ္ဆိုရင္ စိုးရိမ္စရာမရွိပါဘူး။
8. ဝမ္းခ်ဳပ္ျခင္း
ကေလးက ေနလို႔ထိုင္လို႔ မေကာင္းတာ၊ မအီမသာျဖစ္တာမ်ိဳးေတြ မရွိဘူးဆိုရင္ ဝမ္းခ်ဳပ္တာက ျပႆနာမဟုတ္ပါဘူး။
ကေလးေတြမွာျဖစ္တဲ့ျပႆနာေတြကို ေျပာရမယ္ဆိုရင္ေတာ့ ကုန္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ေက်ာက္ကပ္၊ မ်က္လုံး စတဲ့ ျပႆနာမ်ိဳးစုံ ရွိႏိုင္ပါေသးတယ္။ အျဖစ္မ်ားတဲ့ျပႆနာေတြကေတာ့ အေပၚမွာ ေျပာထားတာေတြပါပဲ။ စိုးရိမ္စရာမရွိတာေတြကို အရမ္းမစိုးရိမ္ဘဲနဲ႔ ဆရာဝန္ျပရမယ့္ ျပႆနာေတြကိုလည္း ေသခ်ာသိထားၿပီးေတာ့ ဂ႐ုစိုက္ႏိုင္ဖို႔ လိုပါတယ္။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























