/
news/ကလေးများနှင့်ကျန်းမာရေး/1-နှစ်အောက်ကလေးများကို-သစ်သီးဖျော်ရည်-မတိုက်သင့်

1 နှစ်အောက်ကလေးများကို သစ်သီးဖျော်ရည် မတိုက်သင့်

Category
ကလေးများနှင့်ကျန်းမာရေး

        သစ်သီးဖျော်ရည်တွေဟာ တစ်နှစ်အောက်ကလေးတွေမှာ အန္တရာယ်ရှိနိုင်ကြောင်း ကျန်းမာရေးအဖွဲ့ကြီးမှ တရား၀င်ထုတ်ဖော်ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ အချို့သော ကျွမ်းကျင်ပညာရှင်တွေက ကလေးငယ်တွေကို 6 လနောက်ပိုင်းမှ စတင်၍ အချိုရည်တိုက်ကျေွးနိုင်တယ်လို့ ပြောနေကြသေးပေမယ့်လည်း သုတေသနပြုလုပ်ချက်များအရ အချိုရည်တွေဟာ ကလေးတွေရဲ့ ပထမဆုံး ဘ၀သက်တမ်း တစ်နှစ်လုံးကို ဖျက်ဆီးပစ်နိုင်တယ်လို့ သိရပါတယ်။

            သစ်သီးတွေမှာ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ ပါ၀င်သော်လည်း အချိုရည်တွေကမူ အသီးအရသာနဲ့ သကြားရည်တွေသာ ဖြစ်တဲ့အတွက် ကိုယ်တွင်းသကြားဓာတ်ကို မြင့်တက်စေကာ အ၀လွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

            မိဘတွေအနေနဲ့ ၀မ်းချုပ်ခြင်းကို ကုသဖို့အတွက် ဆရာ၀န်က ညွှန်ကြားမှသာ ကလေးငယ်ကို ဖျော်ရည်တိုက်ကျေွးသင့်ပါတယ်။ သို့တိုင်အောင် 100% သစ်သီးဖျော်ရည်စစ်စစ် ဖြစ်သင့်၍ အခြားမည်သည့်အရာနှင့်မျှ မရောနှောသင့်ပေ။

            အရင်တုန်းက အယူအဆကတော့ ကလေး 6 လမှ 6 နှစ်အထိ တစ်နေ့လျှင် သစ်သီးဖျော်ရည် 6 အောင်စ သောက်သုံးစေ၍ 7 နှစ်ပြည့်တဲ့အချိန်မှာ 2 ဆခန့် တိုးမြှင့်သင့်တယ်လို့ ဆိုပါတယ်။ သို့ရာတွင် ထိုကဲ့သို့ သစ်သီးဖျော်ရည်များ သောက်သုံးစေခြင်းဟာ အ၀လွန်ခြင်းကိုဖြစ်စေ၍ သွားများကိုလည်း ပျက်စီးစေနိုင်တာကြောင့် ယခုအခါ သစ်သီးများကို ကြိတ်၍သာ ကျေွးသင့်ကြောင်း မိဘတွေကို ပြန်လည်ညွှန်ကြားထားပါတယ်။

            ဖျော်ရည်တွေမှာ ဗီတာမင်တွေ (ဥပမာ - လိမေ္မာ်ရည်တွင် ဗီတာမင်စီ၊ အချို့သောဖျော်ရည်များတွင် ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ) ပါ၀င်တယ်ဆိုပေမယ့် ကလေးငယ်တွေ ကြီးထွားဖို့အတွက် အမှန်တကယ် လိုအပ်တဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေတော့ ပါ၀င်မှုမရှိပါဘူး။

            ဖျော်ရည်တွေကို ကလေးကြီးများအား သောက်သုံးဖို့ ခွင့်ပြုတယ်ဆိုပေမယ့် တစ်နေကုန် ထိုင်သောက်နေဖို့ မဟုတ်ဘဲ ကလေးဂျီကျတဲ့အချိန်မျိုးမှသာ တိုက်ကျေွးသင့်ပါတယ်။

            ထို့ပြင် ဖျော်ရည်တွေဟာ ၀မ်းလျှောတာကို ကုသဖို့အတွက် အသုံးမ၀င်တဲ့အပြင် ဆားဓာတ်လျော့နည်းခြင်းကိုပါ ဖြစ်စေတတ်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)