G6PD ဓာတ် ချို့တဲ့တယ်ဆိုတာ ဘာလဲ
G6PD ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးနီဥလေးတွေကို ကာကွယ်ပေးတဲ့ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရောဂါဆိုးရွားမှု မတူညီကြပေမယ့် မွေးကင်းစကလေးတွေမှာ အန္တရာယ် ပိုများပါတယ်။ တကယ်လို့ မသိလိုက်ဘူးဆိုရင် မွေးကင်းစကလေးတွေမှာ သွေးနီဥပေါက်ကွဲပြီးဖြစ်တဲ့ သွေးအားနည်းရောဂါ၊ အသားဝါတာကနေ နောက်ဆုံး ဦးနှောက်ထိခိုက်တာတွေအထိ ဖြစ်နိုင်ပါတယ်။
>> ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
ဒီရောဂါဟာ မျိုးရိုးလိုက်တဲ့ရောဂါပါ။ မိဘ ၁ ယောက် ဒါမှမဟုတ် ၂ ယောက်လုံးဆီကနေ ဆက်ခံရရှိနိုင်ပါတယ်။ အဖြစ်အများဆုံးတွေကတော့ -
● ယောက်ျားလေးတွေ
● အာဖရိကန်အမေရိကန်လူမျိုးတွေ
● အရှေ့အလယ်ပိုင်းသွေးနှောတွေ
● မိသားစုမှာ ဒီရောဂါရှိတဲ့လူတွေ
>> ဘယ်လိုလက္ခဏာတွေပြမလဲ?
တစ်ယောက်နဲ့တစ်ယောက် ပြတဲ့လက္ခဏာတွေက မတူညီကြပါဘူး။ တွေ့ရများတဲ့ လက္ခဏာတွေကတော့ -
● ဖြူဖျော့တာ
● အသားဝါတာ
● နုံးချိနေတာ
● ဆီးအရောင်ရင့်တာ
● အသက်ရှူမြန်တာ၊ မောနေတာ
● နှလုံးခုန်နှုန်းမြန်တာ
Biogesic for kids IA 1
>> ဘယ်လိုကုသမှုတွေပေးမလဲ?
G6PD ဓာတ် ချို့တဲ့တာကို မချို့တဲ့အောင် ကုသလို့ရတဲ့ ကုထုံးတော့ မရှိသေးပါဘူး။
မွေးကင်းစကလေးတွေမှာ အဓိက ကုသရတာကတော့ G6PD ချို့တဲ့ခြင်းကြောင့် သွေးနီဥတွေပေါက်ကွဲရင် ထွက်လာတဲ့ အဝါရောင်ခြယ်ပစ္စည်း (bilirubin) ကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်နိုင်အောင် ကူညီပေးရတာပါ။ သွေးထဲမှာ အဝါရောင်ခြယ်ဓာတ်တွေ များလာရင် အသားဝါတတ်ပြီး နောက်ဆုံး ဦးနှောက်ထဲရောက်သွားရင် ဦးနှောက် ထိခိုက်သွားနိုင်ပါတယ်။ ဒီအခါမှာ ဉာဏ်ရည်ထိခိုက်တာ၊ မသန်စွမ်းတော့တာ၊ အတက်ရောဂါ ရသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
အဝါရောင်ခြယ်ဓာတ်တွေ များနေတာအတွက် ပထမဦးဆုံးအလင်းပြတဲ့နည်း (မီးပြ) သုံးပါတယ်။ အဲဒါနဲ့ မရတော့ဘူးဆိုရင်တော့ သွေးလဲတဲ့နည်းကို သုံးကြပါတယ်။
ရေရှည်မှာတော့ တချို့အစားအစာတွေ (ဥပမာ - တောင်ကြီးပဲ)၊ ပရုတ်လုံးတွေ၊ တချို့ဆေးတွေကို တစ်သက်လုံး ရှောင်ရပါမယ်။ ရှောင်နိုင်သ၍ သာမန်လူလိုပဲ နေသွားနိုင်ပါတယ်။ ဒီလိုကလေးတွေကို ဆရာဝန်က ရှောင်ရမယ့်စာရင်းကိုလည်း တစ်ခါတည်း ပေးပါလိမ့်မယ်။
Dr. Htar (www.drmyanmar.com)
Biogesic for kids IA 2
(Zawgyi)
G6PD ဆိုတာ ခႏၶာကိုယ္ထဲမွာရွိတဲ့ ေသြးနီဥေလးေတြကို ကာကြယ္ေပးတဲ့ဓာတ္တစ္မ်ိဳး ျဖစ္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ေရာဂါဆိုးရြားမႈ မတူညီၾကေပမယ့္ ေမြးကင္းစကေလးေတြမွာ အႏၲရာယ္ ပိုမ်ားပါတယ္။ တကယ္လို႔ မသိလိုက္ဘူးဆိုရင္ ေမြးကင္းစကေလးေတြမွာ ေသြးနီဥေပါက္ကြဲၿပီးျဖစ္တဲ့ ေသြးအားနည္းေရာဂါ၊ အသားဝါတာကေန ေနာက္ဆုံး ဦးေႏွာက္ထိခိုက္တာေတြအထိ ျဖစ္ႏိုင္ပါတယ္။
>> ဘယ္လိုလူေတြမွာ အျဖစ္မ်ားလဲ?
ဒီေရာဂါဟာ မ်ိဳး႐ိုးလိုက္တဲ့ေရာဂါပါ။ မိဘ ၁ ေယာက္ ဒါမွမဟုတ္ ၂ ေယာက္လုံးဆီကေန ဆက္ခံရရွိႏိုင္ပါတယ္။ အျဖစ္အမ်ားဆုံးေတြကေတာ့ -
● ေယာက္်ားေလးေတြ
● အာဖရိကန္အေမရိကန္လူမ်ိဳးေတြ
● အေရွ႕အလယ္ပိုင္းေသြးေႏွာေတြ
● မိသားစုမွာ ဒီေရာဂါရွိတဲ့လူေတြ
>> ဘယ္လိုလကၡဏာေတြျပမလဲ?
တစ္ေယာက္နဲ႔တစ္ေယာက္ ျပတဲ့လကၡဏာေတြက မတူညီၾကပါဘူး။ ေတြ႕ရမ်ားတဲ့ လကၡဏာေတြကေတာ့ -
● ျဖဴေဖ်ာ့တာ
● အသားဝါတာ
● ႏုံးခ်ိေနတာ
● ဆီးအေရာင္ရင့္တာ
● အသက္႐ွဴျမန္တာ၊ ေမာေနတာ
● ႏွလုံးခုန္ႏႈန္းျမန္တာ
>> ဘယ္လိုကုသမႈေတြေပးမလဲ?
G6PD ဓာတ္ ခ်ိဳ႕တဲ့တာကို မခ်ိဳ႕တဲ့ေအာင္ ကုသလို႔ရတဲ့ ကုထုံးေတာ့ မရွိေသးပါဘူး။
ေမြးကင္းစကေလးေတြမွာ အဓိက ကုသရတာကေတာ့ G6PD ခ်ိဳ႕တဲ့ျခင္းေၾကာင့္ ေသြးနီဥေတြေပါက္ကြဲရင္ ထြက္လာတဲ့ အဝါေရာင္ျခယ္ပစၥည္း (bilirubin) ကို ခႏၶာကိုယ္ကေန စြန႔္ထုတ္ႏိုင္ေအာင္ ကူညီေပးရတာပါ။ ေသြးထဲမွာ အဝါေရာင္ျခယ္ဓာတ္ေတြ မ်ားလာရင္ အသားဝါတတ္ၿပီး ေနာက္ဆုံး ဦးေႏွာက္ထဲေရာက္သြားရင္ ဦးေႏွာက္ ထိခိုက္သြားႏိုင္ပါတယ္။ ဒီအခါမွာ ဉာဏ္ရည္ထိခိုက္တာ၊ မသန္စြမ္းေတာ့တာ၊ အတက္ေရာဂါ ရသြားတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။
အဝါေရာင္ျခယ္ဓာတ္ေတြ မ်ားေနတာအတြက္ ပထမဦးဆုံးအလင္းျပတဲ့နည္း (မီးျပ) သုံးပါတယ္။ အဲဒါနဲ႔ မရေတာ့ဘူးဆိုရင္ေတာ့ ေသြးလဲတဲ့နည္းကို သုံးၾကပါတယ္။
ေရရွည္မွာေတာ့ တခ်ိဳ႕အစားအစာေတြ (ဥပမာ - ေတာင္ႀကီးပဲ)၊ ပ႐ုတ္လုံးေတြ၊ တခ်ိဳ႕ေဆးေတြကို တစ္သက္လုံး ေရွာင္ရပါမယ္။ ေရွာင္ႏိုင္သ၍ သာမန္လူလိုပဲ ေနသြားႏိုင္ပါတယ္။ ဒီလိုကေလးေတြကို ဆရာဝန္က ေရွာင္ရမယ့္စာရင္းကိုလည္း တစ္ခါတည္း ေပးပါလိမ့္မယ္။
Dr. Htar (www.drmyanmar.com)






























