Multivitamin နေ့စဉ် တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးများ
ကလေးတွေဆိုတာ ကျန်းမာရေးကောင်းမှ ပျော်ရွှင်ပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာပါ။ ဒါကြောင့် မေမေတို့က ကလေးရဲ့ကျန်းမာရေးကို အနီးကပ်ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်။
သားသားမီးမီးလေးတွေ အလုံးစုံကျန်းမာရေးကောင်းဖို့ဆိုရင် Multivitamin ဖြည့်စွက်အားဆေးတွေကလည်း တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ပါတယ်။ ဒီဆောင်းပါးထဲမှာ Multivitamin ဖြည့်စွက်အားဆေးသောက်ကို နေ့တိုင်းတိုက်ကျွေးတဲ့အခါ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။
>> ကလေးတွေအတွက် ဘယ်လို ဗီတာမင်နဲ့သတ္တုဓာတ်တွေ လိုအပ်ပါသလဲ?
ကလေးတွေအတွက် ဗီတာမင်နဲ့သတ္တုဓာတ် တော်တော်များများဟာ အရေးပါပေမယ့် ဒီဓာတ်တွေကိုတော့ မရှိမဖြစ် လိုအပ်ပါတယ်။
● ဗီတာမင်အေ - အမြင်အာရုံနဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ကောင်းစွာကြီးထွားဖွံ့ဖြိုးစေဖို့ ကူညီပေးပါတယ်။
● ဗီတာမင်ဘီအုပ်စု - ဇီဝကမ္မဖြစ်စဉ်တွေအတွက် အရေးပါပြီး စွမ်းအင်ထုတ်ပေးဖို့အတွက် လိုအပ်ပါတယ်။ ဒါ့အပြင် အာရုံကြောအဖွဲ့အစည်းကိုလည်း ကျန်းမာစေပါတယ်။
● ဗီတာမင်ဒီ - ကယ်လ်စီယမ်စုပ်ယူမှုကို အားပေးလို့ အရိုးနဲ့သွားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
● သံဓာတ် - ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါပြီး သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။
Nutroplex 1
>> ဘယ်လိုကလေးတွေကို Multivitamin ဖြည့်စွက်အားဆေး တိုက်ကျွေးပေးသင့်သလဲ?
● အစားရွေးတဲ့ကလေးတွေ
● ပြည့်စုံမျှတတဲ့အာဟာရကို ပုံမှန်မစားတဲ့ကလေးတွေ
● အစားချေးများတဲ့ကလေးတွေ
● မုန့်တွေ၊ အသင့်စားအစားအသောက်တွေ၊ တာရှည်ခံအစားအသောက်တွေ၊ အမြှုပ်ပါတဲ့ အချိုရည်တွေကို အရမ်းစားသောက်တဲ့ ကလေးတွေ
● သက်သတ်လွတ်စားတဲ့ကလေး၊ နို့မသောက်တဲ့ကလေးတွေ
● နာတာရှည်ရောဂါရှိတဲ့ကလေးတွေ
ဒီလိုကလေးတွေမှာ အာဟာရလိုအပ်ချက်တွေ ရှိနေတာကြောင့် လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး Multivitamin ဖြည့်စွက်အားဆေးတွေ တိုက်ကျွေးပေးသင့်ပါတယ်။
Nutroplex 2
>> Multivitamin ဖြည့်စွက်အားဆေးကို နေ့စဉ်တိုက်ကျွေးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ?
● အစားအသောက်ကနေ လုံလုံလောက်လောက်မရှိတဲ့ ဗီတာမင်နဲ့သတ္တုဓာတ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
● အရိုးနဲ့သွားတွေကို သန်မာစေပါတယ်။
● ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေလို့ ကလေးတွေကို ကျန်းမာပျော်ရွှင်စေပါတယ်။
● ကလေးတွေ နေ့စဉ်လှုပ်ရှားသွားလာဖို့အတွက် စွမ်းအင်ပြည့်ဝစေပါတယ်။
● ကျန်းမာတဲ့အလေ့အကျင့်ကောင်းတွေကို ငယ်ငယ်ကတည်းက မွေးမြူပြီးသားဖြစ်စေလို့ အသက်ကြီးတဲ့အခါ တကူးတကကြီး လုပ်ယူစရာ မလိုတော့ပါဘူး။
ကလေးဆိုတာ အိမ်ရဲ့ဆည်းလည်းလေးတွေပါ။ ဒါပေမဲ့ နေမကောင်းဖြစ်ရင် ဆည်းလည်းလေးတွေလည်း ဘယ်သာယာနိုင်ပါ့မလဲနော်။ ဒါကြောင့် လိုအပ်ပါက သားသားမီးမီးတို့ ကျန်းမာရေးကောင်းစေဖို့ အထောက်အကူဖြစ်စေမယ့် Multivitamin ဖြည့်စွက်အားဆေးကို ဆေးညွှန်းအတိုင်း (သို့) ဆရာဝန် ညွှန်ကြားချက်အတိုင်း နေ့စဉ်တိုက်ကျွေးကြဖို့ အကြံပြုချင်ပါတယ်နော်။
Dr. Aye Hsu Mon (www.drmyanmar.com)




























